💗23💗

10.2K 724 9
                                    

*****Zawgyi*****

Warning(🔞🔞🔞)
(ကိုယ့်အရေးသားတွေက အနည်းငယ်ရိုင်းပြီးး
နုံချာနေခဲ့ရင် တောင်းပန်ပါတယ်လိုစ့် ကြိုပြီးတောင်းပန်ထားပါရစေနော်)
.................,,,,,သက်တန့်&ရောင်စဉ်,,,,,,,..........
ရောင်စဉ်
သူနဲ့ညီက ချစ်သူတွေဆိုတာနဲ့ပဲကမ္ဘာပျက်သလိုဖြစ်ပျက်နေသော လရောင်ပျိုကို ကြည့်ကာ..ဆွဲထိုးပစ်ချင်စိတ်တွေကိုမနည်းထိန်းနေရသည်။ဘာလဲ..ဘာဖြစ်တာလဲ ညီနဲ့သူက ချစ်သူတွေဆိုတာနဲ့ပဲ ဒင်းကဟန်မဆောင်နိုင်အောင်ဖြစ်ပျက်ပြနေတာ ဘာသဘောလဲ။

နောက်ဘာလို့ သူကညီ့ကိုအသည်းတုန်းလေး ခေါ်ရတာလဲ။အဲ့ကတည်းက မကြည်လင်ချင်သော စိတ်က သူတွေးရင်းတွေးရင်းဒေါသကထိန်းမရနိုင်အောင်ထွက်လာနေသည်။ဒါကြောင့် သူဒီနေရာမှာ ဆက်ပြီးရှိမနေချင်တော့တာကြောင့် ညစာလည်းဆက်မစားနိုင်တော့ဘဲ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။သူထထွက်လာတော့ညီက..

"ပျို! နောက်မှ..နောက်မှ ထပ်ဆုံရအောင်
ညစာအတွက် ကျေးဇူးပဲနော်"ဆိုကာသူ့နောက်အပြေးလိုက်လာသည်။

သက်တန့်
ပျို့ကိုမြင်ကတည်းက မျက်နှာကြီးစူပုပ်ကာ ဒေါသထွက်နေသော "ကို့"နောက်ကို အပြေးလိုက်လာရင်း
ကိုစိတ်ဆိုးနေတာ ဘယ်လိုချော့ရမလဲစဉ်းစားကာ

"ကို.. ကို့ ညီ့ကို စောင့်အုန်းလို့"သူနောက်ကနေအမှီလိုက်ရင်းပြောပေမဲ့တစ်ချက်မှ လှည့်မကြည့်သောကို့ကြောင့် သူစိတ်ရောလူရော ပိုပျာယာခတ်မိကာ..

"အ!"သူခလုတ်တိုက်လဲကာမှနောက်ပြန်လှည့်ကာပြေးလာသောကို့ကြောင့်သက်တန့်နာရကောင်းမှန်းတောင်သတိမရ။
အနားရောက်လာသော ကို့လက်မောင်းကိုလွတ်သွားမှာစိုးကာ အတင်းဖတ်တွယ်ထားရင်း
မျက်ရည်လေးဝဲကာ...

"ကို ဘာလို့ ညီ့ကိုမစောင့်တာလဲ
ညီဘာအမှားလုပ်မိလို့လဲဟင်
ဘာလို့စိတ်ဆိုးနေတာလဲ"

"အဲဒါတွေ နောက်မှပြော
ခုက ထနိုင်ရဲ့လား ထကြည့်အုန်း"ဆိုကာ တွဲထူပေးကာမှ...

"ရတယ်.. ဘာမှ မဖြစ်ဘူး မနာပါဘူး"

"ဒါဆိုလဲ ပြီးရော.."ဆိုကာတွဲထားတဲ့လက်ကိုဖြုတ်ကာ သွားဖို့ပြင်လေတော့...

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ