💗15💗

12.7K 931 23
                                    

*******Zawgyi******

အမောလည်းဖြေအပန်းလည်းပြေရင်း ညီ့ကိုရင်ခွင်ထဲဖက်ကာ ညီပြောပြတဲ့ ရွာ အကြောင်း နဲ့ ဘုရားသမိုင်းတွေ နားထောင်ရင်း သိချင်တာလေး
တွေ မေးလိုက်၊ညီ့ ဆံပင်လေးတွေ နမ်းလိုက် ၊ရဲနေတဲ့ နားရွက်ဖျားလေးတွေ ကိုက်လိုက်နဲ့....အလုပ်ရှုပ်နေသည်။နောက်ရင်ခွင်ထဲက ညီ့ကို သူ့မှာ လွတ်သွားမလားစိုးကာ တိုး၍ဖက်ပြီး....နှုတ်ခမ်းလေးကို အသာဖွဖွ ငုံ့ကာထိနမ်းနေမိသည်ကအကြိမ်ကြိမ်။

"ညီ!... ညီသိလားး ကိုယ်စားသုံးဖူးတဲ့အရသာတွေ ထဲမှာ ညီ့နှုတ်ခမ်းလေးတွေက အချိုမြိန်ဆုံးပဲ ၊အရမ်းချိုပါတယ်ဆိုတဲ့ အသီးတွေထက်လည်း ချိုတယ် ၊အရမ်းကောင်းပါတယ်ဆိုတဲ့ အရသာတွေထက်လည်း ပိုကောင်းတယ် ၊ပြီးး ကိုယ်ရဖူးတဲ့ရနံ့တွေထဲမှာ ညီ့ကိုယ်သင်းနံ့လေးက အမွှေးဆုံးပဲ.. "

"တကယ်......"

"တကယ်....စံပယ်တွေ ကြက်ရုန်းတွေထက် အရမ်းမွှေးပါတယ် ဆိုတဲ့..
ပန်းတွေ၊နာမည်ကြီး အကောင်းဆုံးဆိုတဲ့ Brand ရေမွှေးတွေထက် ပိုမွှေးပြီးးးသင်းပျံ့တယ်
အရမ်းကိုနူးညံ့ပါတယ်ဆိုတဲ့ ဝါဂွမ်းလေးတွေထက် ညီ့ပါးလေးတွေက ပိုနူးညံ့တယ် ၊ကိုယ့်ဘဝမှာ ညီက ပထမဆုံးအချစ်ဦးနဲ့ နောက်ဆုံးချစ်သူပဲ..ညီသာ ကို့ကို ထားသွားရင် ကိုတကယ်သေသွားနိုင်တယ်၊ဒါကြောင့် ဘာအကြောင်းတွေပဲ ရှိရှိ ၊ဘယ်လိုအတားဆီးတွေပဲ ကြုံရပါစေ ကို့ကို ထားမသွားပါနဲ့နော်...
ကိုယ့်လက်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့ ကို့ ကို ကတိပေးပါ"

ကို့စကားတွေနားဆင်ရင်း သက်တန့်မှာတော့ ရင်ခုန်မှုကြည်နူးမှုတွေနဲ့ ဝဲတက်လာတဲ့ မျက်ရည်တွေကို အသာပုတ်ခတ်သိမ်းဆည်းနေရသည်။

"ကို.. ရယ် ညီ့ကို အဲလောက်တောင်ချစ်သလားဟင်"ရင်ခွင်ထဲကနေ မော့၍ မျက်ရည်လေးတွေဝိုင်းကာ မေးလာသော ညီ့ကို

"ဒီရင်ဘက်ကြီးထဲမှာ အဲဒီစကားတွေထက်အဆပေါင်းများစွာ ပို ချစ်တာ ညီ "

"ညီလည်း ကို့ ကို အရမ်းချစ်တယ်"ခေါင်းလေးမော့ကာ ကို့ မေးဖျားလေးကို နမ်းတော့ ကိုက နှုတ်ခမ်းလေးစူပြသည်။သက်တန့် တစ်ချက်ရယ်လိုက်ပြီး ကလေးဆိုးကြီးလို နှုတ်ခမ်းစူထားသော ကို့ နှုတ်ခမ်းလေးကို ဖွဖွနမ်းတော့မှ ကိုက ကျေနပ်သွားဟန်ဖြင့် သက်တန့်ကို ဖက်ထားရာမှ လွှတ်ပြီး ပေါင်ပေါ်ခေါင်းအုန်းမျက်လုံးတွေမှိတ်ကာ အိပ်သည်။

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Tempat cerita menjadi hidup. Temukan sekarang