💗27💗

9.9K 643 7
                                    

*****Zawgyi*****

ပျို
အိမ်ပြန်ရောက်တော့ ဖေဖေနဲ့မေမေက ဧည့်ခန်းမှာ အသင့်စီးကြိုနေသည်။

"သမီး...သက်တန့်တို့မပါဘူးလား"ဖေဖေ့အမေးကို

"ဟုတ်..ဖေဖေ သူတို့မလိုက်တော့ဘူးတဲ့
နောက်တစ်ခေါက်မှ သပ်သပ်လာခဲ့မယ် ပြောတယ်"

"ဟယ် မေမေက သက်တန့်လေးတို့လာမယ်ဆိုတာနဲ့ ဟင်းတွေ ရှယ်စီစဉ်ထားဒါ"သက်တန့်ကို သူမနဲ့မခြား ချစ်ကြသော မိဘနှစ်ပါးကို ပျို တစ်ချက်ကြည့်ကာ...

"ဖေဖေ..မေမေ..
ပျို... သက်တန့်နဲ့ စေ့စပ်ထားချင်တယ်"

"ဟေ..ဘယ်လိုဖြစ်တာလဲ သမီးရဲ့
ဖေဖေက သမီးတို့ ကျောင်းပြီးမှလို့ စဉ်းစားထားတာ
ခုက မစောလွန်းဘူးလား သမီးရယ် ပြီး ဖေဖေ ကိုကောင်းတို့ မြတ်လေးတို့နဲ့လည်း မပြောရသေးဘူးလေ ဒီလိုကိစ္စဆိုတာ ကိုယ့်တစ်ဖက်ထဲက စဉ်းစားဆုံးဖြတ်လို့ ရတာမဟုတ်ဘူးသမီးရဲ့"

"ဒါဆို ခုပဲ ပြောပြီး
မြန်မြန် စီစဉ်ပေးပါ ဖေဖေ
သမီး ကျောင်းမတက်ခင်ကို စေ့စပ်ထားချင်တယ်
ပြီး First year ပြီးတာနဲ့ တစ်ခါထဲ လက်ထပ်ချင်တယ်"

"သမီး ဘာတွေဖြစ်လာတာလဲ
ဒါက သမီးပြောသလောက်မလွယ်ဘူးလေ
ဖေဖေတို့ တစ်ဖက်သတ်ထဲနဲ့ ဆုံးဖြတ်လို့ ၊လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလို့ ဖေဖေပြောနေတယ်မလား ဖေဖေ ကိုကောင်းနဲ့ စကားပြောကြည့်ပါအုန်းမယ်"

"ဖေဖေ မြန်မြန်စီစဉ်ပေးပါနော် မဟုတ်ရင်
ပျို သက်တန့်ကို ဆုံးရှုံးရလိမ့်မယ်
သက်တန့်ကိုသာ ဆုံးရှုံးရရင် ပျိုသေမှာ
ပျိုတကယ်သေသွားနိုင်တယ် ဖေဖေ"ပါးပြင်တစ်ဝိုက်စီးကျလာတဲ့ မျက်ရည်တွေက ဘာအတွက်ကြောင့်ရယ် သူမ မသိ။သက်တန့်ကို အဆုံးရှုံးမခံနိုင်လို့ပေလား၊မိမိအပိုင်ဟု သတ်မှတ်ထားသော ပစ္စည်းကို တစ်ပါးသူလက်ထဲ အဆုံးရှုံးမခံလိုက်နိုင်ခြင်းကြောင့်ပေပဲလား သူမ မသိပါ။

မိခင်ဖြစ်သူမှာတော့
ငိုရှိုက်ကာ တတွတ်တွတ် တောင်းဆိုနေသော သမီးကို ကြည့်ရင်း ဒေါ်သူဇာ ရင်တွေ တဆစ်ဆစ် နာလာသည်။

"ကဲ သမီး ပင်ပန်းလာတယ်မလား
မငိုနဲ့တော့နော်လာနားရအောင်
ဖေဖေ ကြည့်ပြီးစီစဉ်ပေးပါလိမ့် နော် သမီး" ဒေါ်သူဇာ သမီးဖြစ်သူကိုခေါ်လာရင်း ဘာလို့များ သူ့ယောကျာ်းရော သမီးဖြစ်သူရောက ဒီတူဝရီး နှစ်ယောက်နဲ့မှ ရေစက်ဆိုးတွေ ရှိနေခဲ့ရလဲ။

သက်တန့်ရောင်စဉ်💗သက်တန့်ရောင်စဉ် (Complete )Where stories live. Discover now