--♥Zaw Gyi♥--
"မမ ကျွန်တော် မမကို တစ်ခုလောက်ပြောချင်လို့မမ"
"ပြောလေ...အားရှန့်"
"မနက်ဖြန်ဆို ကျွန်တော်တို့ တစ်မိသားစုလုံး အိမ်ပြောင်းကြတော့မှာပေါ့နော်.."
"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ အားရှန့်ရဲ့ "
"ကျွန်တော် ခုချိန်ထိ မယုံနိုင်သေးလို့ပါ..။ ဦးလေး အလုပ်တွေက ရှန်ဟိုင်းမှာ ရှိတာမှန်ပေမယ့် ဒေါ်လေးက အဲ့ဒီကိုပြောင်းဖို့ စိတ်ကူးမရှိခဲ့ဘူးလေ..။ခုမှ ဘာစိတ်ကူးပေါက်ပြီး.!? "
"ဝေ့ဝူရှန့်!!!!!! "
"ဗျာ...ဒေါ်လေး ကျွန်တော်ရှိပါတယ် ခင်ဗျ..!! "
"မင်းရှိမှန်း ငါသိတယ်.. ခုချက်ချင်း အပေါ်တက်လာပြီး ပစ္စည်းလာသိမ်း..! "
"ဟုတ်..."
"မမ အားရှန့် ပစ္စည်း သွားသိမ်းလိုက်ဦးမယ်..။မမရော သိမ်းပြီးပြီလား.. "
"မမက ဟိုးတစ်နေ့ကတည်းကပြီးပြီ...။ အမေက အစောကြီးတည်းက သိမ်းခိုင်းထားတာ..။ အားရှန့်တို့ကိုတောင်မှ လေ့လာခရီးကပြန်လာခိုင်းစေချင်နေတာ..။ မမတားထားပေးတာ..။ "
"အဲ့တာကြောင့်မို့ မမကိုချစ်တာ.. (・'з'・)"
"ဖားမနေတဲ့တော့..သွားတော့ သွားတော့.. မြန်မြန်သွားသိမ်းတော့..အဆူခံရတော့မယ်.. "
"ဟုတ်မမ.. ဟီး.. "
ကျန်းချန်အခန်းထဲ ဝင်သွားတော့ ပစ္စည်းတော်တော်များများက သိမ်းပြီးနေပြီ...။
"ဟာ ကျန်းချန် မင်းကလည်း မြန်လိုက်တာ သိမ်းတာကလဲ..!? "
"အမေ သိမ်းပေးထားတာပါ.. "
"ငါသိသားဘဲ... မင်းလား အဲ့လောက်မြန်မှာ လေးပင်နေတဲ့လူက.. "
"ဟျောင့် ဝေ့ဝူရှန့် မင်းဘာပြောတာလဲ.. "
"ငါ ဘာပြောလို့လဲ မကြားတာလဲ မဟုတ်ဘဲနဲ့.. "
"ဝေ့ဝူရှန့် ငါမင်းနဲ့ ရန်ဖြစ်ဖို့ မအားသေးဘူး..။ သွား ပစ္စည်းသွားသိမ်း.. "
"အာ.. ကျန်းချန် မင်းက အရမ်းသိသာတာဘဲ.. "
"ဘာ! ဘာ သိသာလို့လဲ.. "
ŞİMDİ OKUDUĞUN
Recall The Past {Zaw Gyi + Unicode } (ရပျနား)
Hayran Kurgu--♥Zaw Gyi♥-- မူရင်း novelကို အတိတ်ဟု သဘောထားပြီး လက်ရှိအခြေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသွားမှာပါ... Chacter တွေရဲ့ ပုံစံမပျက်အောင် ဖတ်ရအဆင်ပြေအောင် ရေးမှာဖြစ်ပြီး အမှားပါခဲ့လျှင် message လေးနဲ့ လာပြောပေးပါနော်.. အပြင်လောကနဲ့ ဆက်စပ်မှု မရိ...