Part-(6)အရောက်ပို့ခြင်း အနုပညာ~♥~အရောက်ပို့ခြင်း အနုပညာ~♡~

2.2K 220 62
                                    

--♥Zaw Gyi♥--

ကားပေါ်မှာ ဝေ့ဝူရှန့် တစ်ယောက် မျက်ရည်တွေကြားက ရယ်နေပါသည်..။

လန်ရှီးချန် တစ်ယောက် လည်း ကားမောင်းရင်း ဘယ်လို အားပေးစကားပြောရမလဲ စဉ်းစားရင်း အကြံအိုက်နေတုန်း..

"လန်သခင်လေး.. ကျွန်တော်က ဟိုရောက်ရင် ဘာလုပ်ရမှာလဲဟင်! "

လန်ရှီးချန်တောင် မဖြေရသေးခင် မေးခွန်းဆက်မေးပြန်သည်..။

"ပြီးတော့ သခင်လေးရဲ့ ညီက ကျွန်တော်နဲ့ ဖြစ်ပါ့မလားဟင်..။ သခင်လေးမသိလို့နော် ကျွန်တော်ဆိုတဲ့ ဝေ့ဝူရှန့် က အရမ်းစကားများတာရယ်..။ ကျန်းချန်ပြောဖူးတာတော့ သခင်လေး ညီက အရမ်းအေးတာဆို.. သူနဲ့ ငယ်ငယ်က စာအတူတူ သင်တုန်းကတောင် ဘာမှ မပြောဖူးဆို..။ အာ.. သခင်လေးက ကျွန်တော်မေးတာလည်း ပြန်မဖြေဘူး..။ သခင်လေးတောင် အဲ့လောက်အေးနေရင် အား... ကျန်းချန်ပြောသလို ရေခဲတုံးကြီးတော့ မဟုတ်လောက်ပါဘူးနော်!!"

လန်ရှီးချန် တစ်ယောက် မရီအောင် ထိန်းထားတဲ့ကြားထဲက မနေနိုင်မထိုင် ရယ်သံထွက်သွားသည်..။

နှာခေါင်းလေးရှုံကာ သူကို့စိုက်ကြည့်သလို ခံစားလိုက်ရတာကြောင့် လန်ရှီးချန်တစ်ယောက် ကားကို သာ အာရုံ ပြန်စိုက်ပြီး မောင်းနေလိုက်တယ်..။

"သခင်လေးက ဘာလို့ရယ်တာလဲ? "

"ဘာမှမဟုတ်ပါဘူး..။ဝမ်ကျီး နဲ့ ဝေ့သခင်လေး အဆင်ပြေပါ့မလား စဉ်းစားမိလို့ပါ..။ "

"ဪ ဟုတ်ဟုတ်..။ ဒါနဲ့လေ လန်သခင်လေး..!! ဟိုးရှေ့ကအဆောက်အဦးကြီးက ဘာကြီးလဲဟင်!? "

"သမိုင်းဝင်ပစ္စည်းပြတိုက်တဲ့.. "

"wow! အရမ်းကြီးကျယ် ခမ်းနားတာဘဲနော်..။ "

"နောက်မှ ဝမ်ကျီးကို လိုက်ပို့ခိုင်းလေ..။ "

"ဟုတ်"လို့သာ အသာဆိုပြီး ဝေ့ဝူရှန့် တစ်ယောက်ဖုန်းတစ်လုံးနဲ့ မြင်မြင်သမျှကို ဓာတ်ပုံ ရိုက်နေပါတော့သည်..။

လန်ရှီးချန် တစ်ယောက်လည်း.. သူ့ညီရေခဲတုံးလေးကို အရည်ဖျော်တော့မယ့် ဝက်မဲကို ကြည့်ပြီး ကျေနပ်ပြုံးကြီး ပြုံးနေလေရဲ့.. ။

Recall The Past {Zaw Gyi + Unicode } (ရပျနား)Where stories live. Discover now