--♥Zaw Gyi♥--
"ဝေ့ဝူရှန့် ဘယ်သွားမလို့လဲ? "
ကံအလွန်ဆိုးလှသော ဝေ့ဝူရှန့် သည် မနက်ခင်းစောစော ထပြီး အပြင် ခိုးထွက်ဖို့ပြင်နေတုန်း ဒေါ်လေး ယွီဇီရွမ်း နှင့်ပက်ပင်းတိုးလေတော့သည်..။
"ကျွန်တော် ဝမ်နင်နဲ့ ချိန်းထားလို့ ဒေါ်လေး"
"မသွားရဘူး..။ရှုပ်ရှုပ်ရှတ်ရှတ်"
"ဒေါ်လေးကလည်း ဒီနေ့ဘဲ ပြောင်းရတော့မယ့်ဟာကို မသွားခင်လေးတော့ သူငယ်ချင်းနဲ့ တွေ့ချင်တာပေါ့.. "
"အဲ့တာဆိုလည်း မင်းသူငယ်ချင်း ကို ပြောလိုက် သူက ပျောက်နေတဲ့ အစ်မကို ရှာဖို့ ဒီမှာဘဲ နေခဲ့မှာလား..။ဒါမှမဟုတ်ရင် ငါတို့နဲ့ အတူ လိုက်မလားလို့.. "
"ဒါဆို လေယာဉ် လတ်မှတ်ကရော ဒေါ်လေး"
"အစက ယာဉ်မောင်း ဦးလေးကြီးအတွက်ပါ ဝယ်ထားတာ..။ အဲ့ဦးလေးက အလုပ်ထွက်သွားပြီ..။ သူ့မိသားစုက ဒီက ဆိုတော့ ဒီမှာဘဲ နေခဲ့ချင်လို့တဲ့.."
"ဪ ဟုတ်ဒေါ်လေး..။ကျွန်တော် ဝမ်နင်ကို မေးလိုက်ပါ့မယ်.. "
"ရအောင် ခေါ်လာခဲ့.. ဟိုမှာ စားဝတ်နေရေး အကုန် စီစဉ်ပေးမယ်လို့ ပြောလိုက်.. သူလိုက်လာအောင် မပြောနိုင်ရင် မင်း ညံ့လို့ဘဲ"
"ဒေါ်လေးကလည်းဗျာ.. ဒါနဲ့ ကျန်းချန်ရော? ကျွန်တော် သူ့ကိုပါ ခေါ်သွားလို့ရလား? "
"မရဘူး ကျန်းချန်က ညက လက်ဆောင် ကိစ္စကြောင့် အိပ်ရေးပျက်ထားတာ ။ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်..။ ငါ့သားလေး အိပ်ပါစေ..။ "
မျက်နှာလိုက်တဲ့ပုံစံဖြစ်လာတဲ့ အဒေါ်ကြောင့် ဝေ့ဝူရှန့် ပြန်ပြိုင်ပြောမနေဘဲ ဝမ်နင် ဆီကို ထွက်လာခဲ့သည်..။
မနက်စောသေးလို့လားမသိ..။ ဆိုင်တွင် ဘယ်သူမှ မရှိချေ..။ သို့သော် ဆိုင်တံခါးကတော့ မကြာသေးမီက ဖွင့်သွားဟန် ရှိသည်..။
မှောင်မဲနေတဲ့ ဆိုင်တံခါးကို အသာတွန်းပြီး ဆိုင်ထဲ ဝင်နေစဉ် မီးက ရုတ်တရက် လင်းလာသည်..။
ဝေ့ဝူရှန့် အလန့်တကြား ပြေးရန် နောက်ပြန်လှည့်စဉ် မျက်စိရှေ့ ရုတ်တရက် ပေါ်လာတဲ့ လူရိပ်ကြောင့် နှလုံးရောဂါ ရမတတ် လန့်ဖျန့် သွားရသည်..။
YOU ARE READING
Recall The Past {Zaw Gyi + Unicode } (ရပျနား)
Fanfiction--♥Zaw Gyi♥-- မူရင်း novelကို အတိတ်ဟု သဘောထားပြီး လက်ရှိအခြေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသွားမှာပါ... Chacter တွေရဲ့ ပုံစံမပျက်အောင် ဖတ်ရအဆင်ပြေအောင် ရေးမှာဖြစ်ပြီး အမှားပါခဲ့လျှင် message လေးနဲ့ လာပြောပေးပါနော်.. အပြင်လောကနဲ့ ဆက်စပ်မှု မရိ...