Part-(2)ချန်ချင်အမိန့်တော်စာအုပ်ရဲ့သမိုင်း~♥~ချန်ချင်အမိန့်တော်စာအုပ်ရဲ့သမိုင်း

3K 231 16
                                    

--♥Zaw Gyi♥--

"မင်းတို့ ညီအစ်ကို နှစ်ယောက်ကို ငါအခု သမိုင်းလို့ အတည်တကျ မသတ်မှတ်ထားတဲ့ ဒဏ္ဍာရီ ဆန်ဆန် ပုံပြင်လေးတစ်ခု ပြောပြမယ်.. "

"ဆရာမ!"

လန်ရှီးချန် ရဲ့ 'ဆရာမ' ဟု သတိပေးချက်ကို မျက်လုံးအသာမှိတ်ပြကာ ပြုံးပြီး ဆရာမက တြုံ့ပန်လိုက်တယ်..

"လန်ဟွမ့်.. အရာအားလုံးက အချိန်တန်ရင် ဖြစ်လာမှာဘဲ..။ ငါတို့မှာ တားဆီးနိုင်တဲ့ လုံလောက်တဲ့ အင်အား မရှိဘူး..။ "

"ဒါပေမယ့် ဝမ်ကျီး.. သူ.. "

လန်ဝမ်ကျီး သည် သူနားမလည်သော စကားဝိုင်းထဲရောက်နေခဲ့သော်လည်း သူ့ကို စိတ်ပူနေသော အစ်ကိုအား အံ့ဩသောမျက်ဝန်းနဲ့ ကြည့်နေခဲ့သောကြောင့် လန်ရှီးချန် စကားပြတ်သွားတယ်.. ( အဲ့ဒီ အံ့ဩတဲ့ ပုံကလည်း တည်နေတဲ့ ပုံပါဘဲ.. >_<)

"လန်ကျန့်.. ။ မင်းက ငယ်ငယ်ကတည်းက စည်းကမ်းလိုက်နာခဲ့တဲ့ကလေး.. ။ မိသားစုကလွဲရင် ဘယ်သူ့ကိုမှ စကားအတည်အကျ မပြောခဲ့တဲ့ကလေး..။ ငါကြောက်မိတာက မင်းသိပ်သိချင်နေတဲ့ အဖြေသိသွားရင် မင်း စိတ်လိုက် မာန်ပါ လုပ်မိမှာကို..။ "

"မဆီလျော်ဘူး.. "

"ဝမ်ကျီး.."

ဆရာမကို ပြန်ပြောလိုက်တဲ့ လန်ဝမ်ကျီး အပြောကြောင့် အစ်ကို ဖြစ်သူက ကြားဝင်ဟန့်လိုက်ရတယ်..

"လန်ကျန့် ငါ့ကို မင်းမေးချင်သမျှကို ငါပုံပြင်ပြောနေတုန်း ကြားဖြတ်မမေးပါနဲ့.. ပုံပြင်ပြီးရင် မင်းအကုန် နားလည်သွားလိမ့်မယ်.. မရှင်းဘူးထင်ရင် လန်ချီရန် ဖြစ်ဖြစ် လန်ဟွမ့် ဖြစ်ဖြစ် မင်းမေးလို့ရတယ်.. "

"ဟုတ် ဆရာမ"

ဟူသော အသံနှင့်အတူတူ လန်ကျန့် ဟာ နားထောင်ဖို့ အသင့်ဟန်ပြင်လိုက်တယ်..

~♥~~♥~Recall The Past~♥~~♥~

"ဟိုတစ်ချိန်က ဂိုဏ်းကြီး 5 ဂိုဏ်းအာဏာကြီးစိုးတဲ့ အချိန်ကာလ တစ်ခု ရှိခဲ့တယ်.. "

"မင်းတို့သိရမှာက အဲ့ ဂိုဏ်း5ဂိုဏ်း က ချီရှန်းဝမ် ဂိုဏ်း ၊ ကူးစူးလန် ဂိုဏ်း၊ ယွင်မုန့်ကျန်း ဂိုဏ်း၊ လန်လင်ကျင်း ဂိုဏ်း နဲ့ ချင်ဟော်နျဲ့ ဂိုဏ်း ဆိုတာတွေဘဲ.. "

Recall The Past {Zaw Gyi + Unicode } (ရပျနား)Donde viven las historias. Descúbrelo ahora