--♥Zaw Gyi♥--
ဝေ့ဝူရှန့် မနေနိုင်မထိုင်နိုင် မေးလိုက်သည်..။
"စိတ်တော့မရှိပါနဲ့ အစ်ကို..ကျွန်တော်တစ်ခုလောက်မေးချင်လို့.. "
တစ်ဖက်လူက "ရပါတယ် မေးပါ.. "ဆိုတဲ့ စကားတောင် မဆုံးလိုက်..။
ဝေ့ဝူရှန့် လက်က တစ်ဖက်လူရဲ့ လည်ပင်းက ဆွဲကြိုးဆီရောက်နှင့်လေပြီ..။
ဘေးလူက အံ့ဩပြီး မျက်လုံးပြူးသွားသည်ကိုလည်း သူမမြင်နိုင်..။
လက်ထဲက ဆွဲကြိုးကို သေသေချာချာကြည့်နေလေသည်..။
ထိုစဉ် ကျန်းဝမ်ရင် က သူ့အစ်ကို ကို စိတ်မချလို့ လှည့်ကြည့်တဲ့ အချိန်နှင့် တိုးလေတော့သည်..။
ရှေ့ခုံမျက်စောင်းထိုးမှာ ရှိသော ကျန်းဝမ်ရင် အနေဖြင့် သူမြင်နေရသောမြင်ကွင်းမှာ အဆင်ပြေမှုမရှိပါချေ..။
ဝေ့ဝူရှန့် သည် တစ်ဖက်လူ၏ ရင်ဘတ်တွင် ခေါင်းအပ်နေသော ပုံစံပင်..။
ချောင်းဟန့်လည်း မကြားနိုင်သော သူ့အစ်ကိုကြောင့် နောက်မှ ပြန်ဆူရန် ဓာတ်ပုံသာ ရိုက်ထားလိုက်တော့သည်..။
ဝေ့ဝူရှန့် တစ်ယောက် အတန်ကြာအောင် စိုက်ကြည့်ပြီးမှ
"ကျွန်တော့်ကို ချွတ်ပြလို့ မရဘူးလား.. "
မျက်လုံးလေး ကလည်ကလည်နဲ့ တစ်ဖက်လူကိုမော့ကြည့်လာသော ဝေ့ဝူရှန့်...။
"တောင်းပန်ပါတယ် ဗျ.. ဒါက ကျွန်တော့်အတွက်အရေးကြီးတဲ့ပစ္စည်းမို့လို့ပါ.. "
"အား!! ကျွန်တော်တောင်းပန်ပါတယ်.. ခွင့်မတောင်းဘဲ ကိုင်သလို ဖြစ်သွားရင်.. ဆွဲကြိုးလေးက ထူးဆန်းနေလို့.. "
တစ်ဖက်လူက ရုတ်တရက် တွေဝေသွားဟန်ရှိသည်..။
မျက်ရည်စများလည်း မျက်လုံးတွင် တွဲခိုစပြုလာသည်မို့ ဝေ့ဝူရှန့် တစ်ယောက် ကြောင်သွားသည်..။
"ကျွန်..ကျွန်တော် တောင်းပန်ပါတယ်နော်.. "
"အာ.. ရပါတယ်.. လူတစ်ယောက်ကို သတိရသွားလို့ပါ.. ဒါနဲ့ ဒီက ညီလေး နာမည်က? "
JE LEEST
Recall The Past {Zaw Gyi + Unicode } (ရပျနား)
Fanfictie--♥Zaw Gyi♥-- မူရင်း novelကို အတိတ်ဟု သဘောထားပြီး လက်ရှိအခြေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသွားမှာပါ... Chacter တွေရဲ့ ပုံစံမပျက်အောင် ဖတ်ရအဆင်ပြေအောင် ရေးမှာဖြစ်ပြီး အမှားပါခဲ့လျှင် message လေးနဲ့ လာပြောပေးပါနော်.. အပြင်လောကနဲ့ ဆက်စပ်မှု မရိ...