--♥Zaw Gyi♥--
"Wow.. ရှန့်ကောက အင်္ကျီ အဖြူလေးနဲ့ ချောလိုက်တာ..။ "
ဝေ့ဝူရှန့် တစ်ယောက် လေပေါ်မြှောက်သွားပေမယ့် ဒီကလေးမလေး ရှေ့မှာတော့ မမြှောက်ရဲပါ..။
"ရှန့်ကော.. လာ မုန့်သွားဝယ်ရအောင်..။ "
ကလေးမကလေး ဝယ်သမျှကို ဝေ့ဝူရှန့် တစ်ယောက်မနိုင်မနင်း လိုက်သယ်နေရသည်..။
ဘာပဲဖြစ်ဖြစ် ကိုယ်မသိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ဖို့အတွက် ဒီကလေးမလေးကိုတော့ အပီပေါင်းထားသင့်တယ်.. မဟုတ်ပါလား..။
"ရှန့်ကော ဒီကိုကြည့်..။ "
ဖုန်းဖြင့် sefile လှမ်းရိုက်လိုက်သော.. ကျန့်ဟုန်ဟွား..။
"အား.. ရှန့်ကောက ချောလိုက်တာ..။ ဒီပုံတော့ likeတွေ အများကြီး ရတော့မှာဘဲ..။ "
ဝေ့ဝူရှန့် တစ်ယောက် ကတော့ ရင်ဘတ်ထဲမှာ ကျေနပ်ပန်းတွေ ပွင့်နေလေရဲ့..။
အခု ဆိုရင် သူတို့နှစ်ယောက်လုံး ပြိုင်ကွင်းထဲက VIP နေရာကနေ ပြိုင်ပွဲကို စောင့်နေလေရဲ့..။
"ရှန့်ကော.. ဒါ ဟွားအယ် acc"
ဖုန်းလေးကို ထိုးပြပြီး addခိုင်းနေတာ..။
"အင်း.. ဟွားအယ်..။ ကော ဖုန်းက အားသိပ်မရှိတော့လို့..။ ညမှ addလိုက်မယ်နော်..။ "
"ဟုတ်..။ ကော ဒီကို ကြည့် "
ဝေ့ဝူရှန့် တစ်ယောက် သူပြတာ ကြည့်လိုက်တော့..
ကောင်လေး နှစ်ယောက် နမ်းနေတဲ့ပုံ..။ဝေ့ဝူရှန့် တစ်ယောက် အသံတောင်မထွက်နိုင်ဘဲ တံတွေးကို အသာ မျိုချလိုက်ရတယ်..။
"ရှန့်ကော LGBTကို မုန်းလားဟင်.. "
ဝေ့ဝူရှန့် တစ်ယောက်တော့ မေးခွန်းသတ်တာ ခံနေရပါပြီ..။
"ကောကို မေးတာလား..။ဘာဖြစ်လို့လဲ"
မသိသလို စကားလမ်းကြောင်း လွှဲဖို့လုပ်ပေမယ့် ကျန့်ဟုန်ဟွားက ခေသူ မှ မဟုတ်ဘဲ..။
YOU ARE READING
Recall The Past {Zaw Gyi + Unicode } (ရပျနား)
Fanfiction--♥Zaw Gyi♥-- မူရင်း novelကို အတိတ်ဟု သဘောထားပြီး လက်ရှိအခြေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသွားမှာပါ... Chacter တွေရဲ့ ပုံစံမပျက်အောင် ဖတ်ရအဆင်ပြေအောင် ရေးမှာဖြစ်ပြီး အမှားပါခဲ့လျှင် message လေးနဲ့ လာပြောပေးပါနော်.. အပြင်လောကနဲ့ ဆက်စပ်မှု မရိ...