--♥Zaw Gyi♥--
"အိမ်ပြန်ရအောင် မှောင်နေပြီ"
"အင်း လန်ကျန့် "
ရှေ့ခန်းရဲ့ ဘေးကားတံခါး ကို ဖွင့်ပေးသောကြောင့် ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ အလိုက်သင့်တတ်လိုက်တယ်..။
တကယ်ဆို ကျွန်တော်က ဧည့်သည်ဘဲ.. နောက်ခန်းက စီးသင့်တာ မဟုတ်ပါလား..။
သူနေရာမှာလည်း သူထိုင်ပြီး ကားမောင်းဖို့ စက်နှိုးတဲ့အထိ ကျွန်တော်လည်း သူလုပ်ပုံကိုင်ပုံတွေကို စောင့်ကြည့်နေမိတယ်..။
လန်ကျန့် က ဘေးတိုက်ကြည့်မှ ပိုခန့်သလို..။
ငါလည်း သူ့လို ခန့်ချင်လိုက်တာ..။
ကျွန်တော့်မျက်နှာက အတွေးကြောင့် ဖြစ်ပေါ်လာသည့် ကြည်နူးအပြုံးသည် ကားစမောင်းဖို့ မပြင်ဘဲ ကျွန်တော့်ဘက် လှည့်လာသူကြောင့် တည်သွားရတယ်..။
ဘာမပြောညာမပြောနဲ့ ကျွန်တော့်ကိုယ်ပေါ်ကို အုပ်မိုးလာတဲ့သူ..။
နီးစပ်လာတဲ့ သူ့ရဲ့မျက်နှာနဲ့ ပါးပေါ်ကို လာဟပ်တဲ့ အသက်ရှူထုတ်လေနွေးနွေးလေး..။
ကျွန်တော့်ရဲ့ အံ့ဩတုန်လှုပ်မှုက ကျွန်တော့်မျက်နှာမှာ အတိုင်းသားပင်..။
"လန်ကျန့်"
မရည်ရွယ်ဘဲ သူ့နာမည်ကို ကယ်ရာမဲ့ကာ တိုးတိုးလေး ရေရွတ်မိတယ်..။
"ငြိမ်ငြိမ်နေ..။ မင်း အငြိမ်မနေရင် ဘယ်လိုလုပ်ပြီး လုပ်မလဲ"
"အမ်"
"မင်း ငြိမ်ငြိမ်မနေဘဲနဲ့ ငါ့ကို ကြောင်ကြည့်နေတော့ ငါက ဘယ်လို မင်းနောက်က ခါးပတ်ကို ဆွဲပြီး မင်းကို ပတ်ပေးမလဲ"
အဲ့ကျတော့မှ ဝေ့ဝူရှန့် လည်း ပျာပျာသလဲလဲ သူ့နောက်က ခါးပတ်ကြိုးကို ဆွဲပြီး လန်ကျန့် လက်ထဲထည့်ပေးလိုက်တယ်..။
လန်ကျန့် ကတော့ ဆက်ပြီး ခါးပတ်ကို သူ့နေရာသူ ပတ်ပေးလိုက်တယ်..။
ပြီးတော့ ဘာမှ မဖြစ်သလိုဘဲ သူ ကားဆက်မောင်းနေတယ်..။
တော်တော်အဖြစ်နေတာက ကျွန်တော်..!
أنت تقرأ
Recall The Past {Zaw Gyi + Unicode } (ရပျနား)
أدب الهواة--♥Zaw Gyi♥-- မူရင်း novelကို အတိတ်ဟု သဘောထားပြီး လက်ရှိအခြေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသွားမှာပါ... Chacter တွေရဲ့ ပုံစံမပျက်အောင် ဖတ်ရအဆင်ပြေအောင် ရေးမှာဖြစ်ပြီး အမှားပါခဲ့လျှင် message လေးနဲ့ လာပြောပေးပါနော်.. အပြင်လောကနဲ့ ဆက်စပ်မှု မရိ...