Part-(8)~♥~~♡~

1.5K 228 54
                                    

--♥Zaw Gyi♥--

No. (1) ပန်းဝင် သွားတဲသူ့ကတော့ အားလုံးသိကြတဲ့ အတိုင်း အစိမ်းရောင် ဝတ်စုံအပြည့်နဲ့ ကိုယ်တော်လေးပါ..။

နေရောင်ခြည်က အလိုက်သိစွာဖြင့် သူ့ဆီ တည့်တည့်ထိုးနေသည်..။

ဝေ့ဝူရှန့် အတွက်တော့ ကောင်းကင်ဘုံက နတ်သားလေးတစ်ပါး လူ့ပြည်ဆင်းလာသည့်နှယ်..။

ပတ်ဝန်းကျင်တစ်ခုလုံးက ဆူညံသံတွေတောင် သူမကြားနိုင်တော့..။

တောက်ပတဲ့ ပုံရိပ်က အိပ်ပျော်နေတဲ့ နှလုံးသားလေးကို လှုပ်နှိုးလိုက်သည့်နှယ်..။

သူများတွေ ဘယ်လောက်အားပေးနေပါစေ..။

သူကတော့ ပါးစပ်ထဲ ခြင်ဝင်ဥလောက်တဲ့ အချိန်ထိ ဟပြီး ငေးမောနေတုန်း..။

ဘေးကနေ လက်ဖဝါးတစ်ခုက သူ့မျက်စိရှေ့မှာ ခါရမ်းလိုက်မှ.. အသိပြန်ဝင်လာရန် ခေါင်းလေးလှုပ်ကာဆိုမိတာက..

"မဖြစ်ဘူး..။ မဖြစ်ဘူး..။ ငါရင်ခုန်လာလို့ ဘယ်ဖြစ်မလဲ..။ "

"အမ်!"

အသံထွက်ရာကို ဝေ့ဝူရှန့် တစ်ယောက် လှည့်ကြည့်ပြီး မျက်ဝန်း အစုံမှ လန့်ဖြန့်မှုတွေ ဖြတ်ပြေးသွားတယ်..။

"ရှန့်.. ရှန့်.. ရှန့်ကော..။   ခုနက ဘာပြောလိုက်တာလဲဟင်..။ "

စိတ်ထဲက ကိုယ့်ကိုယ်ကို ပြောလိုက်တဲ့ စကားက ပါးစပ်ဖျားမှ ထွက်သွားလိမ့်မယ် ဟု ဝေ့ဝူရှန့် တစ်ယောက် မထင်မိခဲ့..။

ယောင်ပြီးပြောထွက်သွားတဲ့အချိန်ကလည်း အရမ်းကို အရမ်းကို ဖြစ်နေတဲ့.. Fujoshi ညီမလေးရှေ့မှာတဲ့လား..။

မိုးမေသာသက်စေ့လင်းလိုက်လို့ ဆဲစရာ system ကလည်း မရှိ..။

"ရှန့်ကောနေမကောင်းဘူးလား "

"အင်း!  နည်းနည်းမကောင်းဘူး! "

ချော်လဲ ရောထိုင် ဝေ့ဝူရှန့်..။

"နှလုံးခုန်သံကျယ်လာလို့လား.. "

".."

ဝေ့ဝူရှန့် တစ်ယောက် ရေမရှိတဲ့ချောင်းမှာဘဲရေနစ်သေချင်မိသည်..။

Recall The Past {Zaw Gyi + Unicode } (ရပျနား)Tempat cerita menjadi hidup. Temukan sekarang