Part-(9)~♥~~♡~

1.7K 228 59
                                    

--♥Zaw Gyi♥--

နောက်ကျသွားလို့ တောင်းပန်တဲ့သူ မျက်နှာကို ဝေ့ဝူရှန့် တစ်ယောက် ရှက်ပြီး မော့မကြည့်ရဲဘူးလို့ သင်ထင်နေပါသလား..။

ဝေ့ဝူရှန့် သာ အရှက်မရှိ နံပါတ်(2)ဆိုရင် ဘယ်သူမှ နံပါတ် (1) မလုပ်ရဲတဲ့ အချက်ကို သတိရလိုက်ပါ..။

"လန်ကျန့်..။ ငါမင်းကို စောင့်နေတာ တကယ်ကြာလှပြီ..။ မင်း စောစောလေး လာပေးလို့ မရဘူးလား..။ ငါ့မှာ မင်းမလာဘူး ထင်ပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာ..။ မင်းကတော့ ခုမှ ရောက်လာတယ်..။ ငါသောက်မယ့်ရေကိုလည်း လုသောက်ပြီး ခုမှ နောက်ကျသွားတယ် ဆိုပြီးပြောရုံနဲ့ ရလား..။ ငါ. ငါဘယ်လောက်တောင်.. "

ပြောချင်တာတွေ စွတ်ပြောရင်း သူ့ကို ကြောက်ကြည့်နေတဲ့သူကိုလည်းမြင်ရော ပြောရမယ့်စကားတွေ ကြက်ပျောက် ငှက်ပျောက်..။

သူ ငါပြောတာရော နားလည်ရဲ့လား..။ ဦးနှောက် တော့ ကောင်းပါတယ်နော်..။ နေပါဦး ဆိုင်ကယ်မောင်းတာတောင် အနိုင်ရတယ်ဆိုတော့ မကောင်းဘဲနေမလား..။

" 'ငါ ဘယ်လောက်တောင်' ဘာဖြစ်လဲ.. "

"ဟမ်"

"ဆက်ပြော"

အသံဩဩနဲ့ အမိန့်ဆန်ဆန် အသံအောက်မှာ ဝေ့ဝူရှန့် တစ်ယောက်ကြောင်သွားသည်..။ ခဏကြာမှ

" နေပါဦး..။ ခုနက ငါဘာပြောနေတာလဲဟင်.."

"ဝေ့ရင်း စောင့်ရတာကြာသွားလို့..။ ခံစားချက်တွေ ပေါက်ကွဲနေတာ မဟုတ်ဘူးလား"

"မဟုတ်ဘူး..။ "

"အဲ့တာဆိုရင် ဘာလို့ စိတ်တိုနေတာ? "

"အဲ့တာက လန်ကျန့် မင်းနောက်ကျလို့လေ..။ ပြီးတော့ငါ စိတ်တိုတာလည်းမဟုတ်ဘူး။ စိတ်ညစ်နေတာ..။ ဒီဝိုင်းရှင်းဖို့ ငါ့မှာ ပိုက်ဆံပါမလာလို့..။ တကယ်က မင်းမလာဘူး ထင်လို့ကွာ..။ ငါ့မှာ ဗိုက်ဆာတာတောင် ထမင်းဝိုင်းကို မတို့ရဲဘူး..။ ပြီးတော့ အဆာပြေ ရေသောက်ဖို့ လှမ်းတော့မှ မင်းက ငါ့ ရေကို လုသောက်တယ်လေ..။ ငါဘယ်လို ခံစားရမလဲ မင်းဘဲတွေးတော့.. "

"ဘယ်လိုခံစားရလို့လဲ"

ဝေ့ဝူရှန့် တစ်ယောက် ပြောစရာမရှိအောင် တစ်ခဏ ဆွံအသွားတယ်..။

Recall The Past {Zaw Gyi + Unicode } (ရပျနား)Место, где живут истории. Откройте их для себя