Special_အခန်းဆက် 3
'အစ်ကိုရာ အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်လုပ် ငယ်နဲ့မေမေလာနေပေးမှာမို့ အရမ်းစိတ်မပူနဲ့ဟုတ်ပြီလား'
ရယ်သံအနည်းငယ်ရောပြီး ဖျောင်းဖျသည့်လေသံနှင့်ပြောလာသည့်ငယ့်စကားကြောင့် JongIn အိပ်ယာပေါ်
ပစ်လှဲရင်းသက်ပြင်းချမိသည်။ဒီအသည်းဦးလေးကိုဘယ်လိုများစိတ်မပူဘဲနေရပါ့မလဲ။'ဟယ်လို....ဟယ်လို...အစ်ကို ဟယ်လို ယောက်ျားရေ'
'အယ်...ဘယ်လိုတွေခေါ်နေတာတုန်း'
စိတ်ပူသည့်အတွေးထဲချာချာလည်နေတုန်းခေါ်လာသည့်အခေါ်အဝေါ်က အသစ်စက်စက်ဖြစ်သော်ငြား စိမ်းသက်မနေဘဲ နားထောင်လို့ကောင်းနေခဲ့သည်။
'အစ်ကိုမှပြန်မထူးတာ အတွေးထဲမြောနေမှန်းသိလို့နှိုးပေးတာပါအဟဲ ထမင်းအချိန်မှန်စားရဲ့လားအစ်ကို'
ဤသို့သူ့အကြောင်းကိုသိပြီး သူ့ကိုစနောက်တတ်သည့်ငယ်။
အချိန်ကြာလေ ချစ်ဖို့ကောင်းလေဖြစ်လာသည်။'စားပါတယ် ကိုယ်ကကောင်းကောင်းနေနေတာမို့
ငယ်လည်းဂရုစိုက်ပါကွာ ကိုယ်စိတ်ပူတတ်တာသိရက်နဲ့
ကိုယ်ပြန်လာရင်အဲ့ဒီကိစ္စကိုအမြန်အဖြေရှာမယ်''ဖေဖေတို့တွေစုံစမ်းနေပါတယ် အစ်ကိုသာစိတ်ဖြောင့်ဖြောင့်လုပ် ငယ်တောင်းပန်ပါတယ် ငယ်ဂရုတစိုက်မနေမိလို့ခရီးစဉ်ပျက်ရတော့မယ်'
JongIn သက်ပြင်းသာခိုးချမိသည်။ငယ်တောင်းပန်နေပေမဲ့ငယ့်လက်ထိခိုက်သွားတာ ငယ့်အပြစ်မဟုတ်။
ငယ့်ကိုဆိုင်ကယ်နဲ့တိုက်သွားသည့် မကောင်းသည့်အကောင့်အပြစ်ဖြစ်သည်။'ငယ့်အပြစ်မှမဟုတ်တာ ငယ်အနားယူသင့်ပြီ ကိုယ်စောပြန်လို့ရရင်ပြန်ခဲ့မယ် '
စာတမ်းကိစ္စကိုအမြန်လတ်စသတ်မည်။တခြားဆရာ၊ဆရာမတွေက လည်ပတ်ဖိုနေခဲ့မည်ဖြစ်သော်လည်း သူကတော့ငယ်လက်ထိခိုက်ထားတာမို့ ချက်ချင်းပြန်မည်။
YOU ARE READING
Special_Sequel[KaiHun]
Fanfictionနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။