Unicode
#KaiHun
'မေမေက ငယ့်ကိုလွှတ်ပေးသေးတာပဲ ´
ရေချိုးခေါင်းလျှော်ပြီး ခေါင်းသုတ်နေချိန် ငယ်ကအခန်းထဲ
ဝင်လာတာမို့ ပြုံးစိစိလုပ်ရင်းစနောက်မိတော့ ငယ်ကရီသည်။'မားက ငယ့်ကိုစိတ်ပူတာကိုး ပြီးတော့ အစ်ကိုဂရုစိုက်ရဲ့လားလည်းမေးတယ် အစ်ကိုကအလိုမလိုက်ရင် လှမ်းတိုင်ပါတဲ့လေ´
ပြုံးစစနဲ့ပြောရင်းငယ်က နက်ကတိုင်ကိုချွတ်နေသည်။
'အဲ့တော့ ငယ်ကဘာပြန်ပြောလိုက်လဲ ´
ဘောင်းဘီထဲ ထည့်ဝတ်ထားသည့်ရှပ်ကိုအပြင်ထုတ်ပြီး
ကြယ်သီးတွေဖြုတ်ဖို့ပြင်နေတဲ့ငယ်။ အနောက်ကနေငယ့်ခါးကိုဖက်၊ ပခုံးလေးပေါ်မေးတင်ရင်း
မေးမိတော့ သူ့ခေါင်းပေါ် ခေါင်းလေးစောင်းတင်လာသည်။'အစ်ကိုက ငယ့်ကိုလိုအပ်ချက်မရှိ ဂရုစိုက်တာပဲလေ
အဲ့တော့ အစ်ကိုကလိမ္မာပါတယ်လို့ ဖြေခဲ့လိုက်တာပေါ့´'အကြီးကိုလိမ္မာတယ်တဲ့ ဟင် ´
'တကယ်လိမ္မာတာပဲကို ´
ငယ့်ပါးကိုနစ်ဝင်သွားတဲ့အထိ နမ်းရှိုက်မိတော့
ရုန်းသည်မဟုတ်ပေမဲ့ ငယ်က ခန္ဓာကိုယ်ကိုယိမ်းပစ်သည်။
ငယ့်ခန္ဓာကိုယ်ယိမ်းသည့်တိုင်း ပါးကိုတရှုံ့ရှုံ့လိုက်နမ်းတော့
သဘောတကျရီသည့်ငယ်။'လိမ္မာတယ်လို့ပြောပေးတဲ့ ဆုချပေးတာ ဘယ်လိုပဲ
သဘောကျရဲ့လား´ခါးကိုပိုတင်းဖက်လိုက်ရင်းမေးမိတော့ငယ်ကခေါင်းငြိမ့်သည်။
ခါးမှာဖက်ထားတဲ့လက်ကို ဖြုတ်ချပြီး သူနဲ့မျက်နှာချင်းဆိုင်လာသည့်ငယ်က နှုတ်ခမ်းပါးလေးကို
လက်ညိုးနဲ့ထိပြသည်။'သဘောကျပေမဲ့ မကျေနပ်သေးဘူးဒီကိုရော ´
ချစ်ဖို့ကောင်းအောင်တောင်းဆိုလာသည့်ငယ့်အလိုကျ
ငယ့်ရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းနှစ်စုံကိုထိတွေ့စေလိုက်သည်။ငယ့်နှုတ်ခမ်းကို တစ်ချက်ချင်းထိကပ်ကာနမ်းနေရာမှ
ပခုံးပေါ်သိုင်းတင်လာသည့်ငယ့်လက်တွေကြောင့်
နှုတ်ခမ်းနှစ်စုံရဲ့ထိကပ်မှုကို JongInပိုနက်ရှိုင်းစေလိုက်သည်။
ESTÁS LEYENDO
Special_Sequel[KaiHun]
Fanficနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။