Special 7

1.3K 198 49
                                    

#KaiHun

Unicode

'သူဌေး Oh ရဲ့ ယောက်ျားတဲ့ ဝေါင်းတကယ်ကိုခန့်ညားတာပဲ'

'ငါက သူဌေးOh ရဲ့ ig accကို followလုပ်ထားတာဆို
တော့လေ ငါနှစ်ယောက်တွဲပုံမြင်ဖူးတယ် တကယ်လိုက်ဖက်တာကို အခုအပြင်မှာမြင်ရတာပိုကြည့်
ကောင်းတယ်'

'ငါတို့ သူဌေးကကံကောင်းလိုက်တာ အင်းလေ သူကိုယ်တိုင်က ချောမောပြီးတော်တာဆိုတော့လည်း'

'ငါတော့လေ လိင်တူတွေလက်ထပ်ရင် ဘယ်လိုမှအဆင်မပြေ
နိုင်ဘူးလို့ ထင်တာ ကုန်ကုန်ပြောရရင်ဟာ ငါသဘောကိုမကျတာ အခုတော့ငါ့အမြင်တွေပြောင်းရတော့မယ် ထင်ပါတယ်'

သို့လော သို့လောတီးတိုးသံစကားများသည် KimJongIn
တစ်ယောက်သူ့ရဲ့အမျိုးသားလေးကို ကုမ္ပဏီသို့လာကြိုချိန်
ဝန်ထမ်းအသီးသီးဆီမှထွက်လာသော စကားသံများဖြစ်ကြသည်။

တစ်ပတ်လုံးလုံး မငြီးမညူ၊ သူဌေးဖြစ်သူရုံးဆင်းချိန်ထက်
နောက်မကျဘဲ ရောက်လာတတ်သော သူတို့သူဌေးအမျိုးသားကို မြင်ရသည်နှင့် ဝန်ထမ်းအပေါင်း
မငေးမကြည့်ဘဲမနေနိုင်။ချီးကျူးသော၊ဝေဖန်သော စကားတွေလည်းမဆိုဘဲမနေနိုင်ကြပေ။

နှစ်ယောက်ရဲ့ ဗီဇအတိုင်း သိပ်ပေါ်ပေါ်ထင်ထင်နေလေ့မရှိသော KimJongIn နဲ့
OhSehun ကို တစ်ယောက်အလုပ်လုပ်သော ကုမ္ပဏီမှာပင်ဖြစ်စေ၊ နောက်တစ်ယောက်စာသင်ရင်းနောက်ဘွဲ့တစ်ဘွဲ့ ရဖ်ို့ကြိုးစားနေသော ကျောင်းမှာပင်ဖြစ်စေ အတူတွဲတွေ့ရသည်မှာရှားလှသည်။

နောက်ထပ်တစ်ချက် မည်သို့ပင်သူဌေးသားလေးတွေဆိုစေကာမူ ကိုယ့်အရည်အချင်းနှင့် ကိုယ်လိုချင်သည့်အရာကိုရအောင်ယူတတ်သည့် လူသား
နှစ်ယောက်ပေမို့ OhSehun ဟာသူ့အဖေပိုင် ကုမ္ပဏီမှာ
ဝင်လုပ်ခဲ့ပေမဲ့ အောက်ခြေကစဝင်ခဲ့တာဖြစ်တယ်။
သူဌေးရာထူးရနိုင်ဖို့ကိုလည်း ငါးနှစ်အတွင်းစိတ်နှစ်ပြီး
ကြိုးစားခဲ့တာဖြစ်တယ်။

ကိုယ့်အလုပ်ခွင်ကိုယ်စီမှာ အနေအထိုင်ဆင်ခြင်လွန်းလှတာမို့
နှစ်ယောက်အတူတွဲလျက်မြင်ရသည်မှာလွန်စွာရှားသည်။

Special_Sequel​[KaiHun]Where stories live. Discover now