Special 11(last episode)

2K 189 55
                                    

Special_အခန်းဆက်  11

ဒီနေ့ငယ်တို့ရဲ့ပရောဂျက် result သိရမည့်နေ့ဖြစ်သည်။
တစ်ပတ်အတွင်း order ကောက်သည့်ရလဒ်နဲ့ ကုမ္ပဏီပိုင်
ဆိုင်များမှရောင်းရသည့်အရေအတွက်အရ ပရောဂျက်ကို
ဆက်လုပ်သင့်မလုပ်သင့်ဆုံးဖြတ်မည်ဖြစ်သည်။

ပြီးတော့ငယ်လည်း မနက်ဖြန်အင်တာဗျူးရှိသည်။
မနက်ဖြန်ကသူနဲ့ငယ်ရဲ့ မင်္ဂလာနှစ်ပတ်လည် သုံးနှစ်ပြည့်
ဖြစ်သည်။ သုံးနှစ်ပြည့်လျှင်ခရီးထွက်ကြမည်ဟူသော
ငယ်နဲ့သူ့ရဲ့ သဘောတူညီထားချက်အရ သုံးနှစ်ပြည့်ပြီး
နောက်နေ့ သူနဲ့ငယ် Paris ကိုသွားကြဖို့ပြင်ဆင်ထားကြပြီး
ြိဖစ်သည်။ မနက်ဖြန်နှစ်ပတ်လည်ကိုတော့ သူ့ရဲ့သူငယ်ချင်းတွေ ၊ ငယ့်ရဲ့သူငယ်ချင်းတွေနဲ့အတူ ညစာ
စားကြရင်းကုန်ဆုံးကြမည်ဖြစ်သည်။ မဆုံဖြစ်ကြတာကြာပြီ
ဖြစ်၍လည်း တွေ့ကြဖို့ချိန်းလိုက်ကြခြင်း။

ကျောင်းသားဘဝတုန်းက ဘယ်လောက်ပဲရင်းနှီးပြီး အတူသွားအတူလာဖြစ်ခဲ့ပါစေ ၊ ကျောင်းပြီးလို့အလုပ်ကိုယ်စီ
အိမ်ထောင်ကိုယ်စီနဲ့ဖြစ်သွားကြတော့လည်း စိတ်ချင်းရင်းနှီးနေကြသည့်တိုင်၊သတိရနေကြသည့်တိုင်
တစ်ယောက်နဲ့တစ်ယောက်ဆုံမိကြဖို့က သိပ်ခက်ခဲသည်။

'ငယ်ပြီးပြီလား '

'ဟုတ် !'

ဧည့်ခန်းထဲမှာငယ့်ကိုထိုင်စောင့်ရင်းက ငယ်တို့ရဲ့ပရောဂျက်
အတွက် ငယ်နဲ့အတူရိုက်ထားသောပုံများကိုပြန်ကြည့်နေမိသည်။
တချို့ပုံတွေက လူငယ်ဆန်ဆန်ဝတ်စားပြီး ရိုက်ထားရတာမို့
ကျောင်းသားဘဝဆီကို JongIn အတွေးရောက်သွားမိသည်။

'သွားကြမယ် '

ကုတ်ကိုလက်တစ်ဖက်ကကိုင်ရင်းထွက်လာတဲ့ငယ်။
နက်ကတိုင်ကခပ်စောင်းစောင်းမို့ သူကတည့်ပေးရသည်။
ဗရုတ်ကျပြန်ပြီဟူသောအကြည့်နဲ့ကြည့်မိတော့ ငယ်ကရီပြသည်။

'ကိုယ်တို့ရဲ့သူဋ္ဌေးလေးက သိပ်ချစ်ဖို့ကောင်း '

ငယ့်ပါးနှစ်ဖက်ကိုဖွဖွဆွဲညစ်ကာပြောရင်း ငယ့်နှာခေါင်းထိပ်
ကိုနမ်းရှိုက်မိတယ်။

Special_Sequel​[KaiHun]Tempat cerita menjadi hidup. Temukan sekarang