Special_အခန်းဆက် 4
'လက်ကိုသတိထားဆင်း..'
'အစ်ကိုကလည်း ငယ် ကလေးလေးမဟုတ်ပါဘူးဗျ..'
ကားပေါ်ကဆင်းဖို့တံခါးဖွင့်ပေးရင်းစိုးရိမ်စွာ သတိထားရန်ပြောမိတော့ ပိုသည်ဟူသောသဘောနှင့်ပြောလာသည့်ငယ်။
မျက်ခုံးလေးပင့်ကာပြောသည့်ပုံလေးက နမ်းချင်စရာ။'ကလေးထက်ဆိုးတဲ့ကလေးလူကြီးလေးလေ '
ကားပေါ်ကဆင်းလာတဲ့ငယ့်ကို နဖူးချင်းထိတိုက်ရင်းပြောမိတော့ လျှာထုတ်ပြောင်ပြသည်။ကုတ်ကိုလက်တစ်ဖက်ပေါ်လွှားထားလိုက်ပြီး ငယ်နဲ့ဘေးချင်းယှဉ်ကာဖြေးဖြေးချင်းလျှောက်လာလိုက်သည်။ကျောင်းဝန်းအတွင်းမို့ မသင့်တော်သည်မို့ ငယ့်လက်ကိုတော့ဆုပ်ကိုင်လို့တွဲမထားမိ။
လမ်းတစ်လျှောက် သူနဲ့ငယ့်ကို ပေါ်ပေါ်တင်တင်ရော၊
မသိမသာပါကြည့်ကြသည့်ကျောင်းသားကျောင်းသူတွေ။
ငယ်နဲ့သူကတော့ ရယ်ကာမောကာပင် ကျောင်းသားဘဝကအကြောင်းတွေပြောဆိုရင်း ပုံမှန်ပင်လျှောက်လာမိကြသည်။'ဆရာ မင်္ဂလာပါ'
'အင်း မင်္ဂလာပါ '
ခေါင်းလေးငုံ့လို့ဖြစ်စေ၊စကားနှင့်ဖြစ်စေနှုတ်ဆက်သွားသည့်
ကျောင်းသားကျောင်းသူတွေအားပြန်နှုတ်ဆက်ခြင်းကိုလည်း
မလစ်ဟင်းစေရ၊ငယ်နဲ့စကားပြောခြင်းကိုလည်း မရပ်စေရနှင့်
ငယ်နဲ့သူ ဋ္ဌာနရှေ့ထိရောက်လာခဲ့ပြီဖြစ်သည်။ပုံမှန်အချိန်ဆိုခပ်တည်တည်နေတတ်သည့်သူက ငယ်နဲ့စကားပြောရင်း စက္ကန့်မလပ်ပြုံးနေသည်မို့ ကျောင်းသား၊ကျောင်းသူတချို့ကကြောင်တောင်တောင်နှင့်လိုက်ကြည့်လေသလား။လှည့်ကြည့်လှည့်ကြည့်လုပ်ကြလေသလား။
ဒါမှမဟုတ် ငယ်နဲ့သူ့ကိုပထမဆုံးအကြိမ်အဖြစ် အထူးသဖြင့်
ဤကျောင်းမှာ တွဲတွေ့ဖူးခြင်းမို့ပဲလားမသိပေ။
ESTÁS LEYENDO
Special_Sequel[KaiHun]
Fanficနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။