Special_အခန်းဆက် 10
မနက်ခင်းမှာကိုယ်ချစ်ရတဲ့သူကိုဘေးနားမှာမြင်ရပြီး အိပ်ယာထရတဲ့ခံစားမှုကသိပ်ကြည်နူးဖို့ကောင်းသည်။
JongIn နိုးနေတာဆယ်မိနစ်လောက်ရှိပြီဆိုပေမဲ့
အိပ်ယာပေါ်ကနေသူထမသွားနိုင်သေးဘူး။ သူ့လက်မောင်းပေါ် ခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်မောကျနေတဲ့ ငယ့်ကိုကြည့်နေမိသေးသည်။ပရောဂျက်အသစ်တစ်ခုကိုပြင်ဆင်နေချိန်မို့ အလုပ်အရမ်းရှုပ်ပြီး ပင်ပန်းနေရှာတဲ့ငယ်က မျက်တွင်းအနည်းငယ်ကျပြီး မျက်နှာလေးချောင်နေရှာသည်။
ငယ့်ကိုဆိုအရမ်းစိတ်ပူတတ်တဲ့၊အထိခိုက်မခံစေချင်တဲ့သူက
ငယ်ပင်ပန်းနေတာကိုကြည့်ပြီး စိတ်အလိုမကျဖြစ်ရပေမဲ့လည်း တဖြေးဖြေးနဲ့သူ့မျက်စိရှေ့မှာ
တင် အတော်လေးရင့်ကျက်လာတဲ့ငယ်က သူ့ကိုအပြုံးတစ်ခု
နဲ့နှစ်သိမ့်သေးသည်။စတွေ့စဉ်ကစလို့ ချစ်သူသက်တမ်းတလျှောက် ငယ်သူ့အပေါ်ဆိုးသမျှ၊ဂျစ်ကျသမျှကို သည်းခံကာ ကိုယ်တိုင်ကလည်း ထိုအကျင့်လေးတွေကိုချစ်သူမို့ တခါတလေတော့လည်း ငယ့်ကိုမရင့်ကျက်စေချင်ဘဲ
ဆိုးစေချင်သည်။သေချာပေါက် လူကြီးဆန်လာသည့်ငယ်ကသူ့အပေါ်ကို အခုထိ
ဆိုးချင်သေးသော်လည်း အရင်ကလောက်မဆိုးတော့ပေ။
သူ့ကိုတောင်ပြန်နှစ်သိမ့်တတ်လာသေးသည်။ရင့်ကျက်လာတဲ့ငယ့်ကိုကြည့်ရင်း အရင်လိုကလေးဆန်တဲ့
ငယ့်ကိုမြင်ယောင်ရတာလည်းအခါခါ။ မြင်ယောင်ပြီးရင်လည်း ငယ်ရွယ်စဉ်ကအချိန်အခါတွေကို
လွမ်းမောရ။ ငယ့်ရဲ့အမူအကျင့်တွေကိုတွေးတောမိရင်း
ပြုံးမိလိုက်နဲ့။ ငယ်ဟာသူ့စိတ်အစုံကိုကိုင်လှုပ်နိုင်တုန်းပါပဲ။JongIn ငယ့်ရဲ့ဆံနွယ်တွေကိုသပ်ပေးမိသည်။
သူဆံပင်သပ်ပေးရင်သိပ်သဘောကျတဲ့ငယ် ပင်ပန်းတာတွေ
ပျောက်လိုပျောက်ငြားပေါ့။ယခုတစ်ခေါက် ပရောဂျက်ကို တချို့ရှယ်ယာရှင်တွေ
ကန့်ကွက်နေရခြင်းအကြောင်းအရင်းက ငယ့်ရဲ့အရည်အချင်း
တွေကို စမ်းသပ်နေခြင်းဟု JongIn ယူဆသည်။
ငယ်ကိုယ်တိုင်က စိတ်နှစ်ပြီး ဖန်တီးထားတဲ့ ပရောဂျက်မို့
သေချာပေါက်အောင်မြင်မည်ဆိုတာ သူသိသည်။
ငယ် အချိန်ယူပြီး သည်ပရောဂျက်ကိုပြင်ဆင်ထားတာ
သူအသိဆုံး။
![](https://img.wattpad.com/cover/196118201-288-k84710.jpg)
KAMU SEDANG MEMBACA
Special_Sequel[KaiHun]
Fiksi Penggemarနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။