Special_အခန်းဆက် 6
အားလပ်ရက်မှာငယ်နဲ့အတူဖြတ်သန်းရတာလောက်
ကြည်နူးစရာကောင်းသည့်အရာရယ်မရှိ။မနက်စာစားပြီးရင် သူကသန့်ရှင်းရေးလုပ်သည်။
ငယ်သာလက်ကျိုးမနေခဲ့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက်စနောက်ပြီး အိမ်သန့်ရှင်းရေးတူတူလုပ်။ထူးထူးခြားခြား လက်ထပ်ပြီးမှအပင်စိုက်ရတာဝါသနာပါလာခဲ့သည့်ငယ်က ပိတ်ရက်ဆိုအပင်တွေအတွက်သီးသန့်အချိန်ပေးသေးသည်။
နှင်းဆီရောင်စုံတွေကိုသိပ်သဘောကျသည့်ငယ်က
အိမ်အနောက်ဘက်ရေကန်ဘေးပတ်လည်မှာ နှင်းဆီရောင်စုံစိုက်သည်။အချစ်ကိုအရိုးရှင်းဆုံးဖော်ပြခြင်း သင်္ကေတဖြစ်တဲ့နှင်းဆီပန်းကိုသိပ်ကြိုက်သည့်ငယ်။ငယ်သဘောကျသည့်
အရာမို့လားမသိ ပန်းမကြိုက်တတ်သည့်သူ တဖြေးဖြေးပန်းပင်တွေကိုသဘောကျလာသည်။ငယ့်အတွက် ပန်းပင်တွေကိုဂရုစိုက်ပေးမိလာသည်။ငယ်သဘောကျသည့်အရာတွေအကုန်လုံးကို
သူတယုတယရှိခြင်းဟာဆန်းသည်တော့မဟုတ်။
ရေခဲသေတ္တာထဲမှာ ငယ်ကြိုက်တဲ့ချောကလက်ကိတ်ကုန်သွားတာနဲ့ချက်ချင်းသွားဝယ်ပေးမိတာမျိုး၊ငယ့်ရဲ့ပန်းပင်တွေအနည်းငယ် ညိုးနွမ်းနေတာကအစ သေချာလိုက်ကြည့်ပေးမိတာမျိုးတွေ။ငယ့်နဲ့ပတ်သက်သည့်အရာတွေကို
သူတယုတယရှိမိခြင်းဟာ သူ့ကိုစိတ်ရွှင်လန်းစေသည်။ရိုးရိုးရှင်းရှင်းလေးသာဖွင့်ဆိုရရင်
ငယ့်ကိုမြတ်နိုးသည်မို့ ငယ်နဲ့ပတ်သက်သည့်အရာတွေအားလုံးဟာသူ့အကြိုက်မဟုတ်သည့်တိုင် လက်ခံပေးမိ၊
သေချာဂရုစိုက်ပေးမိစမြဲပါပဲ။ငယ့်အတွက်ရယ်လို့တွေးလိုက်မိတိုင်း
ဘာအကန့်အသတ်မှမရှိသည့်သူ့စိတ်ရယ်မို့
စိတ်ကိုလွှတ်ပေးထားလိုက်သည့်အခါ ငယ့်အပေါ်မြတ်နိုးမှူတွေကိုကောင်းကောင်းဖော်နိုင်မည်လို့သူထင်သည်။
YOU ARE READING
Special_Sequel[KaiHun]
Fanfictionနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။