Special_အခန်းဆက် 5
ကျွန်တော်ရဲ့ဂုဏ်ယူရသောဖြစ်တည်မှုတစ်ခု။
ကပ်ပရှင်နဲ့အတူတင်လိုက်မိသည်က မနေ့ကအစ်ကိုနဲ့ကျောင်းကိုလိုက်သွားတော့ အစ်ကိုစာသင်နေတုန်းခိုးရိုက်ခဲ့သည့်ပုံဖြစ်သည်။မျက်မှန်တပ်ထားလျှက် စာအုပ်ကိုဖတ်ပြီး
လက်ဟန်နဲ့စာရှင်းပြနေသည့် အစ်ကို့ရဲ့ပုံကသိပ်ကိုပြီးပြည့်စုံစွာကြည့်ကောင်းလှသည်။လက်တစ်ဖက်နဲ့စာရိုက်ရတာမလွယ်လှ။
ခုံပေါ်ကိုဖုန်းတင်ပြီး ဘယ်ဘက်လက်ညိုးနဲ့စာရိုက်တာတင်ရခြင်း။အခက်အခဲရှိလှသည်မို့ ဖုန်းတောင်သိပ်မသုံးဖြစ်။အခုတော့အစ်ကို့ပုံကိုမြတ်နိုးလှ၍တင်မိခြင်း။
ကြည့်ရင်းကြည့်ရင်းကို ပြီးပြည့်စုံလှတာမို့၊ အစ်ကိုကသူ့ရဲ့မူပိုင်ဖြစ်ကြောင်းကိုကြွားချင်တာလည်းပါမည်။ဒီလိုတစ်ချက်ကြည့်ရုံနဲ့ပြီးပြည့်စုံတဲ့လူတစ်ယောက်ဟာ
ကျွန်တော် OhSehun ရဲ့အပိုင်၊ကျွန်တော် OhSehunရဲ့အမျိုးသားပါ ဆိုကာဂုဏ်ယူစွာပြောချင်သည်။/ဆရာစာသင်နေတုန်းဓာတ်ပုံခိုးရိုက်တဲ့သူကို ဘယ်လိုအပြစ်ပေးသင့်သလဲ...ဟမ်/
ကောမန့်တွေလိုက်ဖတ်နေတုန်းမြင်လိုက်ရသည့်အစ်ကို့ကောမန့်။မီးဖိုချောင်ထဲမှာ ဟင်းချက်ရင်းဖုန်းသုံးနေတာလားအစ်ကိုက။
စားပွဲပေါ်ကဖုန်းကိုငုံ့ကြည့်နေရာကနေ Sehun ရဲ့အကြည့်ကမီးဖိုချောင်ဆီရောက်သွားသည်။ဖုန်းကိုထားခဲ့လိုက်ပြီး မီးဖိုချောင်ဆီအပြေးလေးသွားချောင်းမိတော့ လက်တစ်ဖက်ကဟင်းအိုးကိုမွှေနေရင်း၊
နောက်လက်တစ်ဖက်ကဖုန်းကိုကြည့်ပြီး ပြုံးစိစိလုပ်နေတဲ့အစ်ကို။'ဓာတ်ပုံခိုးရိုက်တဲ့သူကို ဟောဒီလိုအပြစ်ပေးသင့်ပါတယ်
အစ်ကို...မွ......မွ'

JE LEEST
Special_Sequel[KaiHun]
Fanfictieနားလည်မှု၊ချစ်ခြင်းမေတ္တာ၊သိတတ်မှု၊နွေးထွေးမှုတွေနဲ့တည်ဆောက်ထားတဲ့ အစ်ကိုနဲ့ငယ်တို့ရဲ့အိမ်ထောင်ရေး။