Zawgyi
Bunny ကိုရှာတွေ့တဲ့နေ့ကစပြီး bunny ရှိတဲ့ barကို Even အမြဲသွားဖြစ်တော့တယ်
"သူလာပြန်ပြီ
"လာမှာပေါ့ ဟိုမှာ ငါတို့သူဌေးကိုလာငမ်းတာလေ
"ငါတို့သူဌေးများစွံပါ့
"အင်းလေ
"အခုတလော ငါတို့သူဌေးရဲ့ ကိုကြီးကိုမတွေ့ပါလား
"ဘယ်တွေ့မလည်း အဲ့တယောက်ကပြန်ပြီလေ ဟိုမှာ အလုပ်ရှိလို့ဆိုပဲ
"တယောက်သွားတာနဲ့ နောက်တယောက်ကအဆင်သင့်ပဲ
"မင်းတို့ဘာတွေပြောနေတာလည်း
"ခေါင်းဆောင်ကို လာလာကြောင်နေတဲ့တယောက်အတင်းပြောနေတာ
"ဘယ်တယောက်
"ဟိုမှာလေ ထိုင်နေတယ်
လက်ထဲ အရက်ခွက်ကို မသောက်ပဲကိုင်ကာ ဝန်ထမ်လေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ Bunnyလေးကိုပြုံးပြုံးကြီးကြည့်လို့နေတယ်
"ငါတို့သူဌေးကလည်းပုံမှန်ဆို အေးဆေးနေနေပြီး ဒီနေ့မှဘာလို့ အရမ်းတွေအလုပ်လုပ်နေမှန်းကိုမသိဘူး
"သူဌေးလည်း
"အဟမ်း
သူတို့အနောက်က Bunny ပေါ်လာတာကြောင့် ချက်ချင်ပင်ပြေးထွက်သွားကြတော့တယ်
ဒီလိုပြသာနာဖြစ်အောင်လုပ်တဲ့တရားခံကိုကြည့်လိုက်တော့ သူ့ကိုပြုံးပြဆဲ
"ဒီမှာ
သူ့အနားကို ဆူအောင့်အောင့်နဲ့သွားကာ
"ကျွန်တော့အလုပ်ကိုမနှောက်ယှက်ပါနဲ့
"အို ကိုလုပ်တာနှောက်ယှက်သလိုဖြစ်သွားတာလား
"ဟုတ်တယ်
"ကိုနှောက်ယှက်ဖို့အထိမရည်ရွယ်ပါဘူး ကိုယ်က
Bunny ကိုခေါင်းအစခြေအဆုံးကြည့်ကာ နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပြီး မတ်တပ်ရပ်ကာစွာနေတဲ့ Bunny နားနားကပ်ကာ
"မင်းကိုမစားရတာကြာလို့ အခုနေစားရင်ဘယ်လောက်ကောင်းမလည်းစဉ်းစားနေတာ
"ခင်...ခင်ဗျားနော်
အခန်းကမှောင်လို့သာတော်တော့သည် ရှက်သွေးဖြာသွားတဲ့ Bunny မှာ မျက်နှာတွေပူလို့နေသည် Evenကတော့ အပြုံးမပျက်
YOU ARE READING
Pleasure
Short StoryZawgyi ကျွန်တော် ဒီအလုပ်ကိုကြိုက်လို့လုပ်တာမဟုတ်ဘူး ကျွန်တော့ရဲ့ ညီလေးအတွက် ဆေးကုပေးဖို့လိုလို့လုပ်တာ ဒါပေမယ့် ခင်ဗျားကိုတော့ တကယ်ချစ်မိခဲ့တာပါ #Bunny ပိုက်ဆံကြောင့်လက်ခံတဲ့မင်းစီက ချစ်တယ်ဆိုတဲ့စကားကြားရတာငါရွံတယ် #Even ကိုကို့ကို လူတွေပြောဆိုနေတာေ...