Part (21)

15.1K 679 13
                                    

Zawgyi

Ven ဒီနေ့ လည်း Soulကိုရှာပုံတော်ထွက်နေမိတယ် အကိုတယောက်လုံးကိုတောင် ဆက်သွယ်မှုမလုပ်ဘူးဆိုတော့ ဘာတွေဖြစ်နေတာလည်း အန္တရာယ်များကြံနေရလားဆိုပြီး စိတ်ပူနေမိတယ်

ကားကိုမောင်းနေတုန်း သတိမထားမိပဲ ရပ်ထားတဲ့ကားအနီကို ဝင်စောင့်မိတယ်

"ဟာသွားပြီ

ကားထဲက ခန္ဓာကိုယ်တောင့်တဲ့လူတယောက်ကထွက်လာတော့ ကျွန်တော် တာဝန်ယူသင့်တာယူမယ်ဆိုပြီး ကျွန်တော်ပါထွက်လာခဲ့တယ် ထိုလူ့အနားရောက်တော့

"တောင်းပန်ပါတယ်ဗျာ ကျွန်တော်အတွေးလွန်သွားလို့

"ရပါတယ် သိပ်လည်းမထိခိုက်ပါဘူး ဆေးပဲပွန်းသွားတာကို

"Sin ဘာဖြစ်လို့လည်း

ရင်းနှီးနေတဲ့အသံနဲ့အတူ သူတို့အနားရောက်လာတဲ့ကောင်လေးကြောင့် Ven ခေါ်မိတဲ့နာမ်စားလေး

"Baby~

.
.
.

Sin ကဒီနေ့ အပြင်သွားမယ်ပြောပြီး သူမပါလို့မရတဲ့ အလုပ်ရှိတယ်ပြောလာတာကြောင့် ထွက်လာခဲ့တယ် လမ်းမှာ ကားကပျက်သွားလို့ ကားဆွဲတဲ့ကားကိုခေါ်ရင်း အိမ်ကနောက်တစီးကိုလာပို့ခိုင်းထားတယ် Sinက ဗိုက်ဆာလာပေမယ့် လမ်းဘေးဆိုင်မစားချင်ဘူးပြောလို့ Soulက အပြေးအလွှား အနီးနားက one stop Martမှာ မုန့်နည်းနည်းလောက်သွားဝယ်လိုက်တယ် ပြန်လာတော့ Sinနဲ့ လူတယောက်စကားပြောနေတဲ့အပြင်ကားက အနောက်ပိုင်းအတိုက်ခံထားရလို့စိတ်ပူပြီး

"Sin ဘာဖြစ်လို့လည်း

"Baby~~~

အခုမှကြည့်မိတယ် အရှေ့ကလူက ကျွန်တော်ကို ရက်ရက်စပ်စပ် ပြောဆိုခဲ့တဲ့ Soulပဲ

"မတွေ့ရတာကြာပြီနော်

"အမ် အော် အင်း နေကောင်းတယ်မလား

"ဟက် ဆိုင်လို့လား

"ကိုယ်...

"Daddyအခုဘာဖြစ်တာလည်း

"အော် သူ့ကားကကိုယ့်ကိုဝင်တိုက်လို့လေ

"ဟာ ဘာဖြစ်သွားသေးလည်း

"ဘာမှမဖြစ်ပါဘူး puppyလေးရဲ့

"ဒီမှာ ရှေ့မကြည့်နောက်မကြည့်နဲ့ ကန်းနေလား

PleasureDove le storie prendono vita. Scoprilo ora