Part (15)

18.3K 764 13
                                    

Zawgyi

ကျွန်တော်တို့ရဲ့ Daddy ကော Maria ရဲ့ မိဘတွေကော ဒီနေ့ကျွန်တော်တို့စီရောက်လာခဲ့ပြီ လွန်ခဲ့တဲ့ရက်တွေက Bunnyကိုလုံခြံအောင် အစောင့်တွေကိုအနောက်ကနေ စောင့်ကြည့်ခိုင်းရတယ် ဒီနေ့မတိုင်ခင်ကတောင် Bunnyကို ဖမ်းဖို့ကြိုးစားကြသေးတယ် ကံကောင်းလို့ကျွန်တော့လူတွေလက်ထဲမှာသာပြီးသွားတယ် ယုန်လေးရှေ့ကိုမရောက်လိုက်ဘူး

" Daddyတို့ နေကောင်းပါရဲ့လား

"ကောင်းတာပေါ့ ကဲ ခမည်းခမက်ရေ အိမ်သွားကြတာပေါ့

"Daddy တို့ ပစ္စည်းတွေချပြီး အေးဆေးမားကြပါလား မနက်ဖြန်မှပြောစရာရှိတာပြောလည်းရတာကို

Mariaကဝင်ပြောတော့ သူ့အဖေက သူ့သမီးကိုကြည့်ကာ

"ကိစ္စတချို့ကအခုရှင်းမှ သေချာမှာမို့လို့ပဲ

"ရှင်

"ဘာမှမပြောနဲ့တော့ ဒီကခမည်းခမက်အိမ်သွားကြတာပေါ့

"ကောင်းပါပြီဗျာ

အတိုင်အပင်ညီညီ ထွက်သွားတဲ့ မိဘတွေနောက်ကနေ Even Venနဲ့ Mariaက တိတ်တိတ်လေးလိုက်လာကြရတယ်

Evenတို့အိမ်ရောက်တော့ အိမ်ရှေ့ဧည့်ခန်းမှာ မိဘတွေထိုင်နေကြပြီး Even နဲ့ Mariaကတော့ မတ်တပ်ရပ်နေတယ် ထိုအချိန် အိမ်နောက်ဖေးကနေ ချစ်စရာကောင်းတဲ့ကောင်လေးတယောက်က အအေးခွက်တွေသယ်လာကာ လူကြီးတွေကိုချပေးလိုက်တယ် လူကြီးမိဘတွေလည်း ဒီလိုချောတဲ့ကောင်လေးကိုမြင်လိုက်ရတော့ အံ့သြပြီးကြည့်နေကြတယ် ထိုထဲမှာ မအံ့သြသူကတော့ Even တို့ရဲ့ Daddy ပင်

Soul အအေးတွေချပြီးပြန်ထွက်ခါနီး

"နေဦး!

သြဇာကောင်းတဲ့ အသံကြောင့် Soul မှာ တုန်လှုပ်သွားပြီးပြန်လှည့်လာခဲ့တယ် တချိန်လုံးဘာမှမပြောတဲ့ Venက Soul နားမှာ မတ်တပ်ရပ်လိုက်ပြီး သူ့အဖေကို ဘုကြည့်ကြည့်လိုက်တယ်

"ဟိုခွေးကောင်ငါ့ကိုအဲ့လိုကြည့်မနေနဲ့

"အဲ့ဆို Daddyလည်း ကျွန်တော့ baby ကိုည့်မနေနဲ့

"အမ်(ငါရိုးရိုးပဲကြည့်တာပါ)

"Ven~~

အသံတိုးတိုးလေးနဲ့ ဘာမှမပြောဖို့ Soul မှာ Ven ကိုတားနေရတယ်

PleasureWhere stories live. Discover now