Part (18)

17.1K 671 41
                                    

Zawgyi

Evenနဲ့ Bunny တို့ဈေးသွားမဝယ်တာကြောင့် ဈေးသွားဝယ်တာက Venနဲ့ Soulရဲ့တာဝန်ဖြစ်လာလေတယ် ညနေ ၂ယောက်သား shopping mallထဲမှာ လက်တွဲရင်း ပစ္စည်းတွေ စားစရာတွေဝယ်လိုက်တယ် အဲ့ကအပြန် car parkingကိုရောက်တော့ လူတချို့ကာ Venရဲ့ကားအရှေ့မှာ ကားတချို့ကိုပိတ်ရပ်ကာ ဆင်းလာကြတယါ

"သခင်လေးVen ကျေးဇူးပြုပြီးကျွန်တော့တို့နဲ့လိုက်ခဲ့ပါ

"မလိုက်နိုင်ဘူ

"အဲ့ဆို ဒီကသခင်လေး Soul လိုက်ခဲ့ပါ

"ဘာလို့သူကလိုက်ခဲ့ရမှာလည်း

"သူဌေးက သခင်လေးတို့၂ယောက်စလုံးကိုခေါ်ခိုင်းတာပါ

"ငါတို့၂ယောက်စလုံး?

သူ Soulကိုကြည့်လိုက်တော့ Soul ကလက်ကိုကိုင်ကာ

"ကြည့်ရတာ ကိုကို့ဖေဖေကသဘောတူပြီထင်တယ်

"ဟုတ်မယ် အဲ့ဆိုလိုက်ခဲ့မယ်လေ

"အဲ့ဆို ကျွန်တော်တို့ကားနဲ့လိုက်ခဲ့ပါ သခင်လေးကားကို သူတို့မောင်းလာပါလိမ့်မယ်

"OK

Venမျှော်လင့်တကြီးနဲ့အိမ်ကိုပြန်လာခဲ့တယ် ဒါဟာ သူတို့၂ယောက်ဝေးစေမယ်ဆို သူလိုက်ခဲ့မိမှာမဟုတ်ပါဘူး

"သားပြန်လာပြီလား

"ဟုတ် ဖေဖေ ဒါနဲ့သားတို့ကိုသဘောတူလိုက်ပြီလား

"အဟမ်းဒါပေါ့

"ကျေးဇူးပါ ဖေဖေ

"ရပါတယ် သားတို့သွားနားကြလေ အေးဆေးနောက်မှစကားပြောကြတာပေါ့

"ဟုတ် ဖေဖေ လာ ကလေး

"အင်း

Soulအပေါ်တက်ခါနီး လှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်ကာ မဲ့ပြုံးပြုံးနေတဲ့ Ven daddyကိုတွေ့လိုက်တယ်

အပေါ်အခန်းထဲရောက်တော့ မွေ့ယာပေါ်မှာ လှဲချကာ

"ပျော်လိုက်တာကွာ ဟာကလေး လာထိုင်လေ

တံခါးဝမှာ ရပ်နေတဲ့ Soulကို မွေ့ယာပေါ်လာဖို့ပုပ်ပြလိုက်တယ်

"ကလေးအယုံနိုင်ဘူးဖြစ်နေတာကိုကိုသိတာပေါ့ ဒါပေမယ့် daddyမှာက ကိုယ်တို့ညီအကို၂ယောက်ပဲရှိတာလေ ဘယ်စွန့်လွှတ်ပါ့မလည်း

PleasureWhere stories live. Discover now