Part (23)

14.5K 656 11
                                    

Zawgyi

ကားက တိုးထားတာမို့လို့ စားသောက်ဆိုင်ကနေ အိမ်ကို Taxiနဲ့ပြန်လာခဲ့တယ် အိမ်မှာ အလုပ်စောစောဆင်းပုံရတယ် အကို Evenက Daddyနဲ့ စာရင်းလုပ်နေတယ် Bunnyကတော့ စားပွဲစီကိုသံပုရာရည်တွေသယ်လာကာချပေးနေတုန်း

"အဖေကျွန်တော်ပြောစရာရှိတယ်

"အေးအေး ခဏ

"ကျွန်တော် အခုပြောချင်တာ

"ကဲအဲ့ဆိုလည်းပြော

အလုပ်လုပ်နေရာကနေ မော့ကြည့်ကာ Venကိုပြောလိုက်တာ့

"ကျွန်တော် အဖေနဲ့သီးသန့်ပြောချင်တာ

"နေစမ်းပါဦး မင်းကဘာလို့ငါနဲ့၂ယောက်ထဲပြောချင်တာလည်း ပြောချင်တာရှိရင်တခါထဲပြော ငါမအားဘူး

"ကောင်းပြီလေ အခုအဖေပျော်လား

"ဘာတွေမေးနေတာလည်း စာရင်းမကိုက်လို့ ခေါင်းရှုတ်နေတာလာမရှုတ်နဲ့

"ကျွန်တော်တော့မပျော်ဘူး

"နေပါဦး မင်းက ပိုက်ဆံလည်း လက်ဖြန့်တောင်းလည်းရတယ် မင်းလိုသမျှလည်းပေးတယ် ဘာလိုချင်သေးလို့လည်း

"Soul

"ဘာ မင်းဘာပြောတယ်

"Soulကိုလိုချင်တယ်

"မင်းကိုယ်တိုင် နှင်ထုတ်လိုက်တာလေ မေ့နေတာလား

"အဲ့ဒါတွေကလည်း အဖေ့ရဲ့ စနှိုက်ကြောင့်လေ

"မင်းဘာသိထားတာလည်း

မျက်လုံးကိုအနည်းငယ် မှေးကာ Venကိုစိုက်ကြည့်ပြီး မေးလိုက်တော့ ပါးစပ်ကိုအနည်းငယ်ရွဲ့ကာပြုံးလိုက်ပြီး

"ဘာမဟုတ်တဲ့ Video ကြောင့် ကျွန်တော်ကကျွန်တော့ချစ်သူကိုစွန့်ပြစ်ခဲ့မိတယ် အဲ့videoကလည်း ကျွန်တော့ချစ်သူရဲ့စိတ်ရင်းနဲ့ရိုက်တာမဟုတ်ဘူး ခင်ဗျားဆိုတဲ့ လူစိတ်မရှိတဲ့ ကိုယ့်ဘက်ပဲကိုယ်ကြည့်တဲ့မိဘကြောင့်

*ခွပ်

Venမျက်နှာပေါ်ကို စိတ်တိုတိုနဲ့ Evenထိုးခဲ့မိတယ် သူနောက်မှသတိထားမိပြီး

"ညီ အကို ညီ့ကိုမရည်ရွယ်ပါဘူး ဒီအတိုင်း

"ရပါတယ် အကိုကပျော်ရွှင်နေရတာပဲ ကျွန်တော်တို့၂ယောက်ကတော့ ဝေးကွာနေရပြီး အကိုတို့ကပျော်နေကြတော့လည်း ကျွန်တော်ကလူမိုက်ပေါ့

PleasureWhere stories live. Discover now