Part (28) Final

22.2K 713 42
                                    

Zawgyi

အဲ့တော့ သူတို့ ညီအစ်ကို ၂ယောက်က အဆက်အသွယ်ရှိတယ်ပေါ့

"ဟုတ်ပါတယ်သူဌေး

"သားငယ်ကော အခြေအနေဘယ်လိုရှိလည်း

"ပထမကတော့ သူဈေးထဲမှာဈေးရောင်းပါတယ် အခုတော့ Soul ကပါ သူ့ဘဏ်ထဲကငွေတွေထုတ်ပြီး ၂ယောက်ပေါင်း ဆိုင်လေးတဆိုင်ဖွင့်ထားပါတယ်

"ဘာဆိုင်လည်း

"ပန်းဆိုင်ပါ သူဌေး

"ရပြီသွားတော့

လူယုံတယောက် ထွက်သွားတော့မှ ပဲ စားပွဲခုံပေါ်တင်ထားတဲ့ ထွက်ခွာသွားသော မိန်းမရဲ့ပုံကိုကြည့်ကာ ညည်းတွားမိတယ်

"မိန်းမ ကိုယ်မှားသွားပြီလား ကိုယ် ကိုယ့်ကလေးတွေကို ထိန်းချုပ်မိသွားပြီလား ကိုယ်ကသူတို့တွေအလိမ်မခံရဖို့ပါ ၂ယောက်စလုံးက ဆင်းရဲပြီး ကလေးတွေကို လိမ်မှာကြောက်တဲ့ မိဘရဲ့ ကာကွယ်ချင်တဲ့စိတ်က သူတို့အတွက် အတားအဆီးဖြစ်နေပြီလားကွာ

"မိန်းမ မင်း သာဆို ဘာလုပ်မလည်းကွာ

•°•°•°• Pleasure •°•°•°

အဆက်အသွယ်ဖျက် ခြေရာဖြောက်ထားတဲ့ သားငယ်အိမ်ကို သွားကြည့်လိုက်တော့ သူ့သားနဲ့ မလိုက်ဖက်သလိုပင်ခံစားလိုက်ရတယ်

"ငါ့သားကဒီမှာနေတာသေချာလား

"သေချာပါတယ် သူဌေး အော်ဟိုမှာ အကိုလေးတို့

သားငယ်က အလုပ်သွားတော့မယ်ထင်တယ် သူ့ကောင်လေးကို နှုတ်ခမ်းနမ်းလိုက် နှဖူးလေးပြန်နမ်းလိုက်နဲ့ ယုယနေကြတာ

"(မင်းကိုတောင် ကိုယ်သတိရမိတယ် မိန်းမရာ)

သားငယ်ထွက်သွားတော့မှ

"သူဌေး

"...

"သူဌေး!

"ဟေ

"ဟို အထဲဝင်ဦးမလား

"ဟူး အင်း ဝင်ကြည့်ကြတာပေါ့

ခြံထဲက ခေါင်းလောင်ကိုတီးလိုက်တော့

"လာပြီ!!!

PleasureWhere stories live. Discover now