Part (24)

15.2K 660 17
                                    

Zawgyi

အခုဆို ကျွန်တော်တို့ ၂ယောက်ကို ဆက်သွယ်နိုင်မယ့် ခွဲအောင်လုပ်နိုင်မယ့် လူတွေ အရာတွေ အားလုံးကိုလွှတ်ပြစ်ခဲ့ပြီးပြီ ဒီအိမ်မှာတော့ ကြိုးဖုန်းတော့ရှိတယ် ဒါကလည်းအရေးပေါ်တခုခုဖြစ်မှာဆိုးလို့ ထားထားတဲ့ ဖုန်းပဲ

ကျွန်တော့်cardတွေကတော့ လွှတ်ပြစ်ပြီးသား Soul ရဲ့ ကတ်လေးတွေကိုတော့မသုံးမိအောင် သိမ်းထားလိုက်တယ် ဒီမှာလည်း သုံးလို့တော့မရပါဘူး ဒီနေရာက မြို့ပြလို ဆက်သွယ်ရေးကောင်းတဲ့နေရာမဟုတ်ဘူး

ကျွန်တော် ပိုက်ဆံတွေစုပြီး ဒီအိမ်ကိုဝယ်ခဲ့တယ် မြို့ထဲမှာဆို ဈေးလည်းကြီး အခန်းတွေကကျဉ်းတယ် မြို့အပြင်ဘက်က ခပ်ဝေးဝေးဆိုတော့ ဈေးလည်းသက်သာတယ် အိမ်လည်းကြီးတယ် ကျယ်တယ် ပြီးတော့ စိုက်ပျိုးခင်းတွေပါပါတယ် ရောင်းတဲ့လူက ဗိုက်အောင့်ဈေးဆိုပြီး ချပေးလိုက်တာနဲ့ အတော်ပဲဖြစ်သွားတယ်

ကျွန်တော် ဒီအတိုင်းလှဲနေလို့မရဘူး company အလုပ်တွေကျွန်တော်စိတ်မဝင်စားဘူး ကျွန်တော်က အေးအေးဆေးဆေးပဲလောကကြီးကိုဖြတ်သန်းချင်တယ် ပိုက်ဆံတွေအများကြီးကြားထဲမှာ ဒုက္ခမရောက်ချင်တော့ဘူး အဲ့အတွက်လည်း ပန်းခင်းကရတဲ့ ပန်းတွေကို ဈေးမှာ ရောင်းတယ် အသီးအရွက်တွေကိုလည်း ကျွန်တော်တို့၂ယောက်စာအပြင်ပိုရင် တခါထဲရောင်းတယ် ကျွန်တော်ကအရင်လို သူဌေးလေးမဟုတ်တော့ဘူး ကျွန်တော်ချစ်တဲ့လူကို ခိုးခဲ့ပြီးပြီ သူ့ကိုစာင့်ရှောက်ရမယ့်တာဝန်လည်းရှိလာပြီ

လူတွေက ငွေနောက်ပဲလိုက်ကြတယ် သူတို့ချစ်ရသူတွေကိုအချိန်မပေးခဲ့ကြဘူး သူတို့လောက က နေ ထွက်သွားခါနီးမှ နောင်တတွေရကြတယ်

အဲ့လိုမျိုးတော့ ကျွန်တော်အဖြစ်မခံဘူး

•°•°•°• Pleasure •°•°•°•

ကလေးလေး ဆေးအရှိန်ကြောင့် အိပ်နေတာ ၂ရက်ရှိပြီ ဒီနေ့တော့

"အင်းး

အပျင်းကြောဆန့်ကာ ဘေးဘီကြည့်တော့မရင်းနှီးတဲ့ ပတ်ဝန်းကျ

PleasureWhere stories live. Discover now