Part (27)

15.7K 617 19
                                    

Zawgyi

Jack စီက messageကိုဖတ်ပြီး သူ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်

"(အီးး သေတော့မှာပဲ အိမ်ပြန်ပြီး ဖားဦးမှပဲ)

ကားနဲ့အိမ်ကို မောင်းကာ Evenကြိုက်တာတွေ လုပ်ပေးပြီး ဖားဖို့ပြင်ရတော့တာပေါ့
.
.
.
Even ရဲ့ကားသံကြားတာနဲ့ အပြုံးချိုချိုလုပ်ပြီး

"ပြန်လာပြီလား ကို

"ဟက် ဘာဖြစ်နေတာလည်း

"ပူသွားလားဟင်

"အောင်မယ် စိတ်ပူတယ်ပေါ့

"ဟို

"လုပ်တုန်းကလုပ်ပြီးကြောက်တယ်ပေါ့

"တမင်မဟုတ်ပါဘူး

"ပြောစမ်းပါဦး ဘယ်ကဘယ်လိုရောက်လာတာလည်း

"ဟို ကျွန်တော် message ဖတ်လိုက်မိလို့

"အို အဲ့ဆို ယုန်လေးက သူများပစ္စည်းမသိအောင်ကိုင်ကြည့်တယ်ပေါ့

"မရည်ရွယ်ပါဘူး တကယ်ပါ ကျွန်တော့ကို Soulဖုန်းဆက်လို့

"ဟင်? Soul ဆက်တယ်ဆိုတော့ Venကော

"သူတို့အတူတူရှိနေပါတယ် စိတ်မပူပါနဲ့တဲ့

"ဒီကလေးတွေကတော့ တကယ်ပါပဲ အခုသူတို့ဘယ်မှာလည်း

"အာ Soulကပြောတယ် သူတို့ကိုမရှာပါနဲ့တဲ့

"အခုတော့ ထားလိုက်ဦးပေါ့ အဖေကလည်း ဒေါသထွက်နေတာဆိုတော့

"အင်း

"လာထိုင်ပါဦးကလေးရဲ့ ကိုယ့်အိမ်တော့ကိုယ်ထိုင်လို့ရတယ်မလား

"အာ မေ့လို့ ခဏနော်

Even ကို ဖားတာများပြီး အိမ်အဝမှာ စကားပြောနေတာကိုပင်မေ့သွားတယ် သတိပေးတော့မှ အိမ်နောက်ဖေးထဲက ကြိုပြင်ထားတဲ့ ကော်ဖီခါးခါးလေးဖျော်တိုက်လိုက်တယ်

"ရော့

"လာကိုယ့်အနားလာထိုင်ပါဦး

ဘေးနားမှာလိမ်လိမ်မာမာလေးထိုင်လာတဲ့Bunnyကို ခါးလေးကဆွဲကာ

"ဒီနေ့ဖြစ်သွားတာက ဘာလည်း သဝန်တိုတယ်ပေါ့ အဲ့လိုဆိုရင်တော့ ကိုယ်သတိထားရတော့မယ်

PleasureWo Geschichten leben. Entdecke jetzt