Part (13)

20.9K 852 54
                                    

Zawgyi

Bunny ဘယ်ပဲရောက်ရောက် Evenက အနားကိုအမြဲရောက်ရောက်လာတယ် မတွေ့အောင်နေကာမှ မျက်နှာချင်းဆိုင်ကိုလာလာထိုင်တယ်

ဒီနေ့တော့ထူးထူးဆန်းဆန်း သူ့ကိုအနားမှာမတွေ့ရဘူး အခုတော့ သူထုံးစံအတိုင်း သူ့ Bar မှာ သီချင်းဆိုပြီး အိမ်သာသွားတဲ့လမ်းမှာ ညည်းနေမိတယ်

"နားညီးသက်သာလိုက်တာ သတိရပေမယ့်လည်းပေါ့

"အကို!

"ဟင် Soul Soulဘယ်လိုကနေ

"ဟိုတခေါက်က အကို Even နဲ့ကျွန်တော်ပါလာတယ်လေ

"ဟုတ်သားပဲ ဒါနဲ့ Venကော

"သူမပါဘူး

"တယောက်ထဲလား

"အင်းပေါ့ ပြီးတော့အကို့ကိုလာတွေ့တာ

"ငါ့ကို

"ဘာလည်း အကိုက ကျွန်တော့ကိုမတွေ့ချင်တော့ဘူးလား

"အဲ့လိုမဟုတ်ပါဘူး

"အဲ့ဆို အေးဆေးစကားပြောကြမယ်လေ လာကျွန်တော့အခန်းကို

Karaoke အခန်းထဲမှာ သီချင်းကိုပိတ်လိုက်ကာ

"အကို့ကျွန်တော့ကို ဖုန်းလေး တစ်ခါတောင်မခေါ်ဘူးနော် ပြစ်ထားရက်တယ်

"အဲ့လိုမဟုတ်ပါဘူး အကိုကဒီအတိုင်း

"အဆင်ပြေတယ်မလား အခု

"အင်း ညီကော

"ပြေပါတယ်

ညီအကို၂ယောက် ဘယ်ကစကားစပြောလို့ပြောရမှန်းမသိဖြစ်နေချိန်

"Soul~~~

အခန်းထဲကို မူးပြီးဝင်လာတဲ့ Ven ကြောင့်

"ဟမ် ညီ မင်းပြောတော့ သူမပါဘူးဆို

"အင်းလေ အိမ်သာသွားတာသူ့ခေါ်သွားရမလား အကိုကလည်း

"အဲ့ဆို

"ဖြေးဖြေး လျောက်စမ်းပါကွာ

ရင်းနှီးနေတဲ့အသံကြောင့် နှလုံးခုန်နှုတ်က ဒုတ်ကနဲ ဒုတ်ကနဲ အနောက်ကိုလှည့်ကြည့်တော့ မူးဝေဝေဖြစ်နေတဲ့ သူတို့၂ယောက်

"Venရာ ဘာလို့ မူးအောင်သောက်ပြီးလျောက်သွားနေတာလည်း

"ကလေးကို အေ့လိုက်ရှာတာလေ

PleasureWhere stories live. Discover now