Part (25)

15.4K 624 20
                                    

Zawgyi

အိမ်ထဲမှာ နေတာ ဒီနေ့နဲ့ဆို ၂ရက်ရှိပြီ Venက ပထမကနေ့ကသာအတင်းအကျပ် လက်ထပ်တာ ကျန်တာဘာမှမလုပ်ဘူး အဲ့နေ့မင်္ဂလာဦးညက မနက်ကကိစ္စကို စိတ်ဆိုးပေမယ့် သူက ဘာမှမဘာတော့ ကျွန်တော်နေလို့ထိုင်လို့တောင်မကောင်းဘူး မနက်ဆို မနက်စာက readyပဲ နေလည်စာကော ညစာကော အမြဲ စားပွဲမှာအဆင်သင့်ပဲ ဒါပေမယ့် သူ့မျက်နှာကိုမမြင်ရသေးဘူး

အခုကျွန်တော့ကို နေချင်သလိုနေလို့ရတယ်လို့ ပြောထားတာကြောင့် အိမ်ထဲကထွက်ကာ အိမ်နောက်ကိုသွားလိုက်တယ် လယ်ကွင်းကြီးဟာ မျက်စိတစုံး အသီးအပွင့်တွေနဲ့ သာယာလှတယ်

ခြံထဲက အသီးတချို့ကို ခူးစားချင်လာတာကြောင့် အင်္ကျီလက်နဲ့ပွတ်ပြီး ခူးစားနေတုန်း အရိပ်ရသွားတာကြောင့် မော့ကြည့်လိုက်တော့

"Ven

"ဘာလို့နေပူထဲ ဦးထုပ်မပါပဲသွားနေတာလည်း ဖျားမယ် အိမ်ထဲဝင် အပြင်မှာနေပူနေတာကို လိုချင်ရင် ကိုယ့်ကိုပြောလေ

"အင်းပါ

Venကို သေချာကြည့်လိုက်တော့ လက်မှာ ရှရာ အကြီးကြီးတခု အခုမှရထားငလိုပင်

"ဒါဘယ်လိုဖြစ်တာလည်း

"ဘာမှမဖြစ်ပါဘူး

"သံနဲ့လား

"တကယ်ဘာမှမဖြစ်တာပါ

"မရဘူး လာ ထီးပေး ကျွန်တော်ကိုင်မယ် လက်ကငြိမ်ငြိမ်နေ ဒဏ်ရာကြီးနဲ့ကို

အိမ်ထဲကို Soul ကပဲ ဦးဆောင်ကာ ခေါ်ဆောင်သွားပြီး ထိုင်ခုံမှာ ထိုင်စေကာ ဒဏ်ရာကိုဆေးသေချာထည့်ပေးနေတယ်

•°•°•°•° pleasure •°•°•°•°

စိတ်ဆိုးနေတဲ့ကောင်လေးကို အဝေးကနေသာစောင့်ရှောက်ပေးနေတယ် သူ့ကိုဘယ်ကစချော့ရမှန်းမသိတာကြောင့်ပေါ့

မနက်ကဈေးသွားရောင်းတုန်း ခလုပ်တိုက်ကာ ဝါးတောင်းကပခုံးပေါ်ကပြုတ်ကျပြီး လက်တလျောက်ရှသွားခဲ့တယ်

လယ်ကွင်းထဲမှာ ပျော်နေတဲ့ကောင်လေးကို အနှောက်အယှက်မပေးချင်ပေမယ့် နေပူပူထဲမှာ အမိုးအကာမပါပဲရပ်နေတဲ့ကောင်လေးကြောင့် ထီးသွားမိုးပေးလိုက်တယ်

PleasureTahanan ng mga kuwento. Tumuklas ngayon