pinမိမိရှေ့တွင်ရှိသောကိုယ်ကိုရို့ရို့ကျို့ကျိုးလေးထားလျက်ခေါင်းကိုငုံထားသောကောင်လေးအားဖေဖေပေါ်မှာမနိုင်ခဲ့သမျှအရာအားလုံးအားဒေါသကိုရှေ့တန်းထားလျက်မောင်းတင်ထားလေသည် . .
ရှေ့ဆံပင်ကလည်းဗြူးတီးဆလွန်းမှာညှပ်ထားသည့်ပုံစံမဟုတ်မိမိဘာသာဖြစ်သလိုညှပ်ထားသည့်ပုံစံကောဟိုနားကတိုဒီနားကရှည်သူ့ကြည့်ပြီးကိုယ်တောင်မျက်စိဆံပင်မွှေးကစူးစူးလာတယ်…မျက်ခုံးမျက်လုံးရှည်ရှည်လေးနှင့်ဖြောင့်တန်းနေသည့်နှာတံချွန်ချွန်ပန်းနုသွေးရောင်လေးနဲ့စိုစွတ်နေတယ့်နှုတ်ခမ်းတစ်စုံအားလုံးပေါင်းလိုက်ရင်လူချမ်းသာပညာရှိမျိုးရိုးကဆင်းသက်လာသည့်နှယ်………ဒါပေမယ့်လည်းဝတ်ထားတယ့်အဝတ်အစားကလည်းမနေ့ကဝတ်လာတယ့်အဝတ်အစားမိမိနှင့်တော်မှန်းမတော်မှန်းမသိအကျီင်္ကဝဝဖိတ်ဖိတ်ဝတ်လူများသာဝတ်ကြသည့်အဝတ်မျိုးကိုမှအနောက်ကသရေပင်းနဲ့ထုံးပြီးသူ့ခန္ဓာကိုယ်နဲ့တော်အောင်အတင်းဝတ်ထားသည့်ပုံ……
ဘောင်းဘီကလည်းဟိုနားလေးကပေါက်ဒီနားလေးကပြဲစုတ်စုတ်ကြည့်ရတာလုံးဝကို''ဖီလ်''မရှိပေ. .တစ်စုံတစ်ခုကိုတော်တော်လေးကြောက်ရွှံ့နေတာလားဒီမှာသူကိုနှိပ်စက်မယ့်သူတစ်ယောက်မှလည်းမရှိပါဘူး.
''မင်းနားမည်ကsonလား''
''ဟုတ် . ဟုတ်ကဲ့ပါ''
''မင်းကလည်းကွာဒါလေးမေးတာ……အယ့်လောက်တောင်ကြောက်စရာလိုလို့လား……''
''မ. . .မဟုတ်ပါဘူး , . ဒီလိုဖြေရတာအကျင့် . အကျင့်ဖြစ်နေတာမို့လို့ပါ'……တောင်းပန်ပါတယ်''Pinကြောင်သွားတယ်သူတွေ့ဖူးသမျှလူတွေအများကြီးရှိပါတယ်စကားထစ်တယ့်လူ ။စကားမပြောတက်တယ့်သူစသည်ဖြင့်တွေ့ဖူးပေမယ့် စကားလေးပြောတာကိုကြောက်ကြောက်ရွှံ့ရွှံ့ဖြေတယ့်သူကိုပထမဆုံးတွေ့ဖူးတာပါပဲ……
''ထားလိုက်ပါတော့……ဒါနဲ့မင်းအသက်ကရော''
''ဆယ့်ရှစ်နှစ်ပြည့်ပြီးပါပြီ''
''မင်းမိဘတွေကရော''
''ကျတော်မသိပါဘူး……''
''မင်းမိဘတွေတောင်မင်းမသိဘူးလား''
''ဟင့်အင်း . . မသိပါဘူး''
မေးသာမေးနေရတာကိုကလည်းမိခင်တစ်ယောက်ကိုဆုံးရူံးထားရတာဆိုတော့်ကိုယ်ချင်းလည်းစာမိတာအမှန်ပါပဲ……
YOU ARE READING
''တွယ်မိသည့်ကြိုး''
Romantizmလူတစ်ယောက်ကိုသင်ဘယ်လောက်ပဲမုန်းတီးနေမိပါစေ သင်သူ့ကိုချစ်မိသွားရင်တော့အမုန်းဆိုတာအချစ်တစ်ခုဖြစ်လာပါလိမ့်မယ် မေတ္တာဆိုတာအနိုင်ရရှိခြင်းပါ သူဘယ်လောက်ပဲဆိုးနေပါစေ သင်ခွှင့်လွှတ်ခြင်းကသူ့ကိုအချစ်ဆိုတယ့်နှောင်ကြိုးတစ်စကိုချည်နှောင်လိုက်သလိုပါပဲ