-zawgyi-
အိမ်နားနီးလာသည်နှင့် ခပ်သွက်သွက်ပြေးလာသည့် ခြေလှမ်းတွေကို Bowen အရှိန်လျှော့လိုက်သည်။ ခြံတံခါးအပုလေးကို တွန်းဝင်လိုက်သည်နှင့် ချစ်လှစွာသောမိခင်ရဲ့ အလိုမကျတဲ့ စကားသံက ကိုယ့်နားထဲတန်းကနဲဝင်ကာ ဆီးကြိုသည်။
" Ah Wen နင် မေ့ချင်ယောင်ဆောင်ပြန်ပြီလား ဒီမနက် Xuanxuanကို စောစောသွားကြိုပါလို့ ပြောထားတယ်လေ "
" မား အခုမှ 7နာရီကျော်ကာပဲရှိသေးတယ် "
အိမ်ရှေ့က စားပွဲဝိုင်းလေးမှာတင်ထိုင်ကာ လက်ဘက်ရည်တစ်ခွက် ရှေ့ချပြီး စောစောစီးစီး သိုးမွှေးထိုးနေပြန်တဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး Bowen ခေါင်းသာရမ်းလို့ အိမ်ထဲတန်းဝင်လိုက်သည်။
မားကတော့ တကယ် စွဲမိစွဲရာပဲ။
" Ah Wen နင်လုပ်စရာရှိတာလုပ်ပြီး မြန်မြန်သွားနော် အချိန်ဆွဲမနေနဲ့ အလကားနေရင်း ကလေးက စောင့်နေရမှာ "
ချစ်လှစွာသောမိခင်ရဲ့ အသံခပ်ကျယ်ကျယ်က အပေါ်ထပ်ထိ လွင့်တက်လာသေးသည်။ အမြန်ပဲ ရေချိုးခန်းဝင်လိုက်ပြီး အပြင်သွားဖို့ရာ ပေါ့ပေါ့ပါးပါးတစ်စုံပဲ ကောက်စွပ်လိုက်သည်။ ကလေးစုတ်လေးကို သွားကြိုရဦးမည်လေ။ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကောက်ယူပြီး ဆင်းလာခဲ့လိုက်သည်။
မနက်စာစားပြီးမှသွားဖို့စိတ်ကူးနဲ့ ဆင်းလာပေမယ့် အောက်မှာ နို့တစ်ခွက်ကိုင်ကာစောင့်နေသောမာမား။
" မား .. တကယ် အဲ့လိုကြီးလား "
" လေမရှည်နဲ့ ဒါပဲသောက်ပြီး မြန်မြန်သွားတော့ သားငယ်ကို ကြိုရင်း မနက်စာအတူစားခဲ့ပေါ့ "
ပြောမနိုင်မယ့်အတူမို့ Bowen နို့ခွက်ကိုသာ အမြန်ယူမော့လိုက်တော့သည်။
ကလေးစုတ်လေးကတော့ လူကဖြင့် မျက်စိရှေ့ မရောက်လာသေးဘူး သူ့ကိုအေးအေးဆေးဆေးပေးမနေ အလောတိုက်နေပြီဖြစ်သည်။
.
." gege "
ူ့သူ့ကိုမြင်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်ပြီး နှုတ်ဆက်လာတဲ့မျက်နှာလေးက ငယ်ငယ်တုန်းကလိုပဲ ဘာမှထူးမပြောင်းလဲ။
YOU ARE READING
Kindred : The Crossing Fate
FanfictionWell its a rare ship of CQL actors team. Li Bowen × Wang Haoxuan Song Lan × Xue Yang