03

833 100 1
                                    

-zawgyi-

" Ah Wen... Ah Wen...... ထဦး"

ကျောကို အသာပုတ်နှိုးလာတဲ့ မားကြောင့် Bowen ဖျတ်ကနဲနိုးလာပြီး လူကအလန့်တကြား ထထိုင်မိသည်။

" ဘာ ဘာဖြစ်လို့လဲ မား ''

ခြေရင်းနံရံက နာရီကိုလှမ်းကြည့်တော့ စိမ်းလဲ့လဲ့ ဂဏန်းတွေက မနက်3နာရီကျော်ခါစကိုအချိန်ကိုပြသည်။

" သားXuanxuanကို လာခေါ်လှည့်ဦး ''

" ဘာလဲ မအိပ်ပြန်ဘူးလား "

" ရေချိုးခန်းထဲဝင် လော့ချထားတယ်... ဘယ်လိုမှ ချော့ခေါ်လို့မရဘူး... ဒီကလေးက မားကိုကျ သိပ်မရင်းနှီးဘူးလေ... အဲ့ဒါ မင်းလာချော့ခေါ်ဦး... စာမေးပွဲနဲ့ ငါ့သား ပင်ပန်းနေမှာ သိပေမယ့် ဒီညတော့ မင်းနဲ့ခေါ်သိပ်လိုက်ပါ "

နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်ရင်း မားရှေ့မှာ စိတ်ရှုပ်တာကို မပေါ်အောင်ထိန်းလိုက်သည်။

" ကျွန်တော် သွားခေါ်လိုက်ပါ့မယ် "

" သား ညီလေးကို စိတ်ရှည်ပေးနော် "

ခေါင်းပဲညိမ့်ပြထားခဲ့ပြီး အမြန်ထလာခဲ့လိုက်သည်။ လောလောလတ်လတ် မိခင်ကို ဆုံးရှုံးထားရတဲ့ ဒီ10နှစ်ကျော်ကျော်အရွယ် လေးငယ်လေးက ဝမ်းနည်းနေမှာ တော်ရုံမဟုတ်လောက်မလား။ ဆိုးရွားလွန်းတဲ့ ဖခင်ကိုလည်းအရမ်းကြောက်နေမှတော့ သူပဲဖြစ်ဖြစ် ရှိနေပေးရတော့မှာပေါ့။

ရေချိုးခန်းရှေ့ရောက်တော့ သူတောင် အသံမပေးရသေးဘဲ အထဲက ချက်ဖွင့်သံကြားလိုက်ရတာမို့ တံခါးရှေ့မှာပဲ ရပ်စောင့်နေလိုက်သည်။ ကုပ်ချောင်းကုပ်ချောင်းနဲ့ ထွက်လာတဲ့ ကလေးပေါက်စက မျက်နှာသစ်လာသည်ထင်၊ ပါးဖောင်းဖောင်းလေးတွေကို လက်နဲ့ ဖြစ်သလို ဆွဲပွတ်နေသေးသည်။ နဖူးပေါ်ဆံစတို့က ရေစက်လက်နဲ့ ဖရိုဖရဲ၊ အလွန်အမင်းငိုထားမှန်းသိသာတဲ့ မျက်လုံးတွေကရဲစင်းကာ မျက်ခွံမို့မို့တို့က ဖောင်းအစ်နေသည်။

သူရပ်နေတာမြင်တော့ ခြေလှမ်းတုန့်သွားပြီး ဝတ်ထားတဲ့ တီရှပ်လည်ပင်းစကို ဆွဲယူလို့ နှာခေါင်းကိုပွတ်နေပြန်သည်။ အောက်က ညအိပ်ဝတ် အနွေးဘောင်းဘီရှည်အကွက်လေး ဝတ်ထားပေမယ့် အပေါ်က တီရှပ်ပါးပါးလေကတော့ ရေတွေတောင်ရွှဲလို့။

Kindred : The Crossing FateWhere stories live. Discover now