-zawgyi-
'' ငါတို့မှာ ဘာပြောစရာများရှိလို့လဲ "
ဘာမှထူးပြီး စိတ်ဝင်စားစရာမရှိသလို ဆိုလာသည့်သူ။ ဟိုအရင်က ထိုင်ခဲ့ဖူးသည့် တူညီတဲ့ခုံတန်းမှာပဲ သူတို့ထပ်ထိုင်ဖြစ်ကြသည်။ ထိုလူက အရင်လိုပဲ စီးကရက်တစ်လိပ်ကို လက်ကြားမှာညှပ်လို့ အဖော်ခေါ်ထားသည်။
" ခင်ဗျားမှာ ပြောစရာတစ်ခုခု ရှိမယ် ထင်လို့ "
" ဘာလဲ "
" ……… "
" ဘာသိချင်တာလဲ… မင်းညီဘယ်လောက်ထိ အရွယ်နဲ့မမျှအောင် နာကျင်ခံစားခဲ့ရကြောင်းလား… "
" သိပါတယ်… ငါ… ငါ့မှာ ဘာမှပြောပိုင်ခွင့် မရှိမှန်းသိပြီးသား……… …… … ဒါကြောင့် ဒီတိုင်း နားထောင်ဖို့ တွေ့ချင်ခဲ့တာ… အဲ့ဒါက ဘာဖြစ်ဖြစ်… ငါကြားချင်တယ် "
ထိုလူက ဟက်ဟက်ပက်ပက်ရယ်သည်။ အေးအေးဆေးဆေးဖွာနေတဲ့ဆေးလိပ်ပါ မီးခိုးတွေ ကစဥ့်ကလျားထဖြစ်လို့ သီးမတတ်ရယ်သည်။
" Zichen… Zichen…… မင်း တကယ်ရယ်ရတာပဲ… ဘယ်လိုလူဖြစ်လာတာလဲ မင်း…"
ဟိုအရင်ကလိုပဲ မိမိမမှတ်မိသည့် နာမည်ကိုတပ်ပြီး ခေါ်လာပြန်သည်။ ရယ်တာအရှိန်သေတော့ ရင်မောသလို သက်ပြင်းချပြန်သည်။
" ငါတို့ရဲ့ လက်ရှိဘဝတွေကလည်း စိတ်ဝင်စားစရာတော့ ကောင်းသားပဲ… ဒီလိုလူ ဒီလိုပုံ ဖြစ်လာမယ်လို့ ဘယ်ထင်ထားမှာလဲ… တကယ် ရယ်ရတယ် "
Song Jiyangက သဘောကျသလို ခပ်ဖွဖွ ဆက်ရယ်နေပြန်သည်။
" ဘယ်ကစပြောရမှာလဲ… မင်းေ-ာက်ရူးထနေတာကို မတားတတ်တာနဲ့ပဲ ငါ HaoXuanကို ခေါ်ထုတ်သွားတဲ့ အကြောင်းကနေလား "
မသိခဲ့သည့် အကြောင်းအရာပင် ဖြစ်သည်။
" ဘာတွေ အံ့သြပြနေတာလဲ… ငါ အဲ့လောက်ထိ မတတ်နိုင်ဘူး ထင်လို့လား "
" ……… … … ဆက်ပြောပါ "
" လွယ်တော့ ဘယ်လွယ်မလဲ… အဘိုးကြီးWangက ဘယ်လောက်ဆိုးတဲ့သူလဲ မင်းအသိပဲ… သူ့ကို စွန့်ပစ်ထားတဲ့သားကို ပြန်လက်ခံဖို့ သူကြိုက်တဲ့ငွေတွေ ငါဘယ်လောက်သုံးလိုက်ရတယ်ထင်လဲ "
STAI LEGGENDO
Kindred : The Crossing Fate
FanfictionWell its a rare ship of CQL actors team. Li Bowen × Wang Haoxuan Song Lan × Xue Yang