11

354 50 4
                                    

-zawgyi-

"gege မြန်မြန်ပြင်နော်… မနက်စာစားဦးမှာနဲ့ နောက်ကျတော့မယ်… ကျွန်တော် အောက်ထပ်ကစောင့်မယ်"

Bowenရေချိုးခန်းထဲက ထွက်လာချိန် HaoXuanတစ်ယောက် လှေကားကနေ ပြေးဆင်းရင်း အော်ပြောသွားခြင်းဖြစ်သည်။ ထိုကလေးတက်ကြွနေသလောက် သူကတော့စိတ်မပါ၊ လေးတိလေးကန်နဲ့ပဲ အခန်းထဲဝင်လိုက်ပြီး အဝတ်စားလဲပြင်ဆင်သည်။ ဘီရိုတံခါးကို ပိတ်လိုက်တော့ ဘေးကစင်မှာတင်ထားတဲ့ photo stand လေး နှစ်ခုဆီ အကြည့်တို့ရောက်သည်။ တစ်ပုံက တောင်တက်ဝတ်စုံနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ အလယ်တန်းကျောင်းသားအရွယ်HaoXuan။ မြူတွေဆိုင်းနေတဲ့ တောတောင်ရှုခင်းနောက်ခံနှင့် ပြုံးပျော်နေသည့်ကောင်လေး။ ဒီကထွက်သွားပြီး နောက်တစ်နှစ်လောက် ဖြစ်မည်ထင်သည်။ အချိန်တိုလေးအတွင်းမှာ ဒီကလေးက ပျော်ရွှင်အောင်နေတတ်ခဲ့သည်ပဲ။ သူကတော့ စိတ်မပူခဲ့ဘူးလို့ပဲ မှတ်ယူထားသည်။ တကယ်တမ်း ထိုနှစ်ပိုင်းမှတ်ဥာဏ်တွေက သူ့အတွက် ကယောက်ကယက်ရယ်မို့ တချို့အကြောင်းအရာတွေကို သိပ်တော့မမှတ်မိ။ မားကိုလည်း အဓိပ္ပာယ်မရှိတာတွေ ဖွင့်မပြောချင်တာမို့ အဆောင်မှာ တစ်ယောက်ထဲ ကြိုးစားအားတင်းနေခဲ့ပေမယ့်  အထက်တန်းပြီးနောက် တစ်နှစ်လောက်နားပြီးမှ တက္ကသိုလ်ဝင်ခွင့် ပြန်ဖြေခဲ့ရသည်။

နောက်တစ်ပုံက ကျောင်းတံဆိပ်ပါသည့် ဘောလုံးအသင်းအကျီင်္နဲ့ HaoXuanက လည်ပင်းမှာဆွဲထားတဲ့ ဆုတံဆိပ်ကို လက်တစ်ဘက်နဲ့ကိုင်ရင်း သွားနဲ့ကိုက်ထားသည်။ ကျန်လက်တစ်ဘက်မှာက ဂုဏ်ပြုပန်းစည်းတစ်စည်းကို ပွေ့လို့ မျက်လုံးတွေပိတ်ကျအောင်ထိ ပြုံးရယ်ကာ ဘေးကလူရဲ့ပုခုံးကို ခေါင်းမှီထားသည်။

အဲ့ဒီမှာပျော်နေတယ်ဆို ဘာလို့များ ပြန်လာခဲ့တာလေလဲ…

အဝတ်အစားလဲတာပြင်ဆင်တာ ပြီးသွားပေမယ့် ထိုနှစ်ယောက်တွဲပုံကို နည်းနည်းကြာကြာ ဆက်ကြည့်နေမိသည်။

" gege မြန်မြန်ဆင်းခဲ့ "

အောက်ထပ်ကနေ လှမ်းအော်တဲ့ HaoXuanအသံကြားတော့မှ ဆံပင်ကိုဖြစ်သလိုသပ်လိုက်ပြီး ဆင်းလာခဲ့လိုက်သည်။

Kindred : The Crossing FateWhere stories live. Discover now