06

434 59 2
                                    

-zawgyi-

ဒီအချိန်ရောက်လာခဲ့ပြီ။

မြေပြင်ပေါ်က ဓားကိုကောက်ကိုင်ပြီး Bowen တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ မျက်စိရှေ့ မလှမ်းမကမ်းမှာ ကျောပေးလျက် ဒူးထောက်ထိုင်ကျနေသောသူ။ နောက်ကျောဆီက ချဉ်းကပ်လာသည့် အန္တရာယ်ကို မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင် လက်လျှော့ထားတော့လေသလား။ လက်မောင်းရင်းကနေ ပြတ်ထွက်သွားတဲ့ ညာလက်တစ်ဖက်က ခပ်လှမ်းလှမ်းက မြေပြင်ပေါ်မှာဖြစ်သည်။ ကိုယ်ပေါ်မှ ဓားချက်များကြောင့် အနက်စွေးစွေးဝတ်ရုံမှာ သွေးတွေက ရွှဲနစ်နေလေပြီ။ ကျောပြင်တသိမ့်သိမ့်တုန်လို့၊ ဒီအခြေအနေမှာတောင် ရယ်သံခပ်တိုးတိုးကြားနေရသေးသည်။ ဒီအရူးကို သူအဆုံးသတ်ပေးတော့မည်။

တွေဝေရန်မရှိ။

ရှောင်တိမ်းခြင်း၊ ခုံခံကာကွယ်ခြင်း၊ စိုးစဉ်းမျှမရှိသည်မို့ အားနှင့်ထိုးချလိုက်သော သူ့ဓားသည် ရှေ့ရင်ဝဆီမှသည် ကျောပြင်အထိ ထုတ်ချင်းပေါက်သွားသည်။ ဓားကိုပြန်ရုတ်လိုက်သည်နှင့် ပြိုလဲကျသွားသောကိုယ်ခန္ဓာက မြေပြင်မှာ သွေးအတိနှင့်၊ ပါးစပ်ဆီမှ ထပ်အန်ထွက်လာသော သွေးများသည်လည်း မြင်မကောင်းအောင် ရွှဲနစ်လျက်ရှိသည်။

ကျေနပ်အားရခြင်းမမည်၊ ထိတ်လန့်တုန်လှုပ်ရခြင်းက သူ့ရင်ကို အလုံးအရင်းနှင့်ဝင်ဆောင့်သည်။

Haoxuan…

အဆုံးအစမဲ့သော မြူတွေကြား အရှိန်ပြင်းပြင်းဆွဲခေါ်သွားခံလိုက်ရပြန်ပြီ။ လက်ထဲမှာ သွေးစက်လက်နှင့်ဓားကို ဆုပ်ကိုင်ထားမိဆဲ။ စိတ်ရှိတိုင်း အော်ဟစ်ပစ်လိုက်ချင်ပေမယ့်လည်း ဘာသံမှထွက်မလာနိုင်ခဲ့။

လည်ချောင်းတစ်လျှောက်မှာပူလောင်လို့ အာခေါင်တွေ ခြောက်ကပ်ပြီး ပင်ပန်းကြီးစွာ နိုးထလာရသည်။ တစ်ချက်အသက်ပြင်းပြင်း ရှုလိုက်တိုင်း ရင်ထဲတစ်ဆို့နေသည်ကြောင့် ပိုမောဟိုက်နေသည်။ မနည်းလက်ထောက်အားယူပြီး ထလိုက်တော့ နဖူးပေါ်က ရေစိုဝတ်က လျှောကျလာသည်။ သိပ်မကြာသေးခင်ကမှ အသစ်တင်ထားပုံပင်။

" ge နိုးနေတာလား "

တံခါးဖွင့်ဝင်လာတဲ့ Haoxuan…

Kindred : The Crossing FateTempat cerita menjadi hidup. Temukan sekarang