04

692 81 4
                                    

-zawgyi-

ဆောင်းဦးဝင်စပြုပြီမို့ မွန်းလွဲ3နာရီအချိန်က သိပ်အပူကြီး မဟုတ်တော့ပေမယ့် အိမ်နဲ့တွဲလျက်ရှိ ကိုယ်ပိုင်အလုပ်ရုံလေးထဲက Bowenတစ်ယောက်ကတော့ ချွေးတစိုစိုနှင့် ရှိနေသည်။ သစ်သားကိုပွတ်တိုက်နေတဲ့ လွှစက်သံတဗြီးဗြီးက ငြီးငွေ့ဖွယ် ထွက်ပေါ်နေသေးသည်။

နောက်ရက်သုံးရမယ့် သစ်သားပျဉ်ချပ်တွေကို ရွေပေါ်ထိုးအချောသတ်နေခြင်းဖြစ်သည်။ စက်နဲ့လုပ်ရတာမို့ ခွန်အားမကုန် လူမပင်ပန်းသော်လည်း တိကျသပ်ရပ်အောင် အာရုံစူးစိုက်ရသည်မို့ သိပ်တော့မသက်သာလှပေ။ သစ်သားချပ်ငါးချပ်ကို ဆိုင်ရာသတ်မှတ်ဒီဇိုင်းတွေအတိုင်း လိုင်းချကာ ဆေးဖြည့်ဖို့ resinလောင်းဖို့တွေအတွက် မြောင်းတွေထွင်သည်။ လက်ကိုင်စက်အသေးနဲ့ ဘေးအနားစောင်းလေးတွေကို အချောသတ်ပြီးနောက် နံရံမှာ အစီအရီထောင်လိုက်သည်။

မျက်နှာမှာတပ်ထားတဲ့ နှာခေါင်းစည်းကို ဆွဲခွာပြီး note book ထဲက ဒီဇိုင်းတွေနှင့် အပြင်အကြမ်းထည်တွေကို သေချာတိုက်စစ်သည်။ စိတ်တိုင်းကျပြီဆိုတော့မှ ဓာတ်ပုံတချို့ရိုက်ကာ ပါမောက္ခဆီ mailပို့ဖို့ပြင်သည်။ ဒါတွေက နောက်လကုန်ပြပွဲတွင် ချပြရမည့် အထည်တွေ ဖြစ်သည်။ တစ်နည်းအားဖြင့် စာမေးပွဲအစစ်ခံခြင်း။

Bowenသည် လက်ရှိ China Central Academy of Fine Art (Beijing) တွင် တတိယနှစ် တက်လက်စဖြစ်သည်။ ဒုတိယနှစ် တက်လက်စမှာပင် မိမိတို့ကျောင်းက Canadaမှ VCAD(Visual Collage of Art and Design)နှင့် ပူးပေါင်းသည့် အစီအစဉ်ရှိသောကြောင့် ထိုကျောင်းသို့ တစ်နှစ်သွားတက်ခဲ့သေးသည်။ သတ်မှတ်ပညာသင်ကာလ ပြီးဆုံးသွားသော်လည်း Vancouverက အတန်အသင့် နာမည်ရှိ CrowReed Studio နှင့် ချိတ်ဆက်မိပြီး ထိုနေရာမှာပဲ နှစ်ဝက်ခန့် အလုပ်သင်ဆက်ဝင်ခဲ့သေးသည်။ ထို့နောက်မှာတော့ စာသင်နှစ်အသစ် ပြန်စသည်နှင့် Beijing Fine Art Academy မှာပဲ ဆုံးခန်းတိုင်အောင် ဆက်တက်ဖို့ ဖြစ်လာခဲ့သည်။ ကျောင်းတစ်ဖက်နှင့် ဆိုပေမယ့် CrowReedနှင့်လည်း ဆက်၍လက်တွဲထားဆဲ ဖြစ်သည်။ ကျောင်းသားဖြစ်သည့်သူ့အတွက် အမြဲလူကိုယ်တိုင် သွားလာနေဖို့က အဆင်မပြေသော်လည်း CrowReedကလုပ်သော projectတွေမှာ တတ်နိုင်သမျှ ပါဝင်ဆဲဖြစ်သည်။

Kindred : The Crossing FateWhere stories live. Discover now