-zawgyi-
" မား... သားပြန်လာပြီ "
အိမ်ရောက်တာနဲ့ မားကိုပြေးဖက်ပြီး အလွမ်းသယ်တဲ့ Haoxuan...
" Xuan er ကြည့်ပါဦး မားရဲ့ သားငယ်လေးတောင် လူပျိုကြီးဖြစ်လာပြီ... နှစ်တွေအကြာကြီး နေနိုင်လိုက်တာသားရယ် အခုမှပဲ မျက်နှာလေး မြင်ရတော့တယ်... ပြန်လာမယ့်လာတော့လည်း ရုတ်တရက်ကြီး "
ပြုံးပြုံး ပြုံးပြုံးနဲ့ အပျော်လွန်နေတဲ့ မားမျက်ဝန်းတွေက မျက်ရည်စတို့တလဲ့လဲ့...
" ကျွန်တော် ဒီမှာနေဖို့ပြန်လာတာ... ကျောင်းပြောင်းဖို့လည်း လုပ်ခဲ့ပြီ "
ကြားလိုက်ရတဲ့စကားမှာ ဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေတဲ့ Bowenကျောမတ်သွားရသည်။ ခုနက သူနဲ့ မနက်စာအတူစားနေတော့တောင် ဒီအကြောင်း တစ်ခွန်းမှ မဟခဲ့ပါပဲ။ မျက်နှာသာမပေးဘဲ တည်လွန်းနေတဲ့ သူ့ကြောင့် တွေ့တွေ့ချင်း ပြုံးရယ်နေတဲ့ကလေးက သာကြောင်းမာကြောင်း တစ်ခွန်းနှစ်ခွန်းပဲ မေးပြီး ငြိမ်ကျသွားသည်မဟုတ်လား။ ခရီးဆောင်အိတ် တစ်လုံးနဲ့ပဲ ကျောပိုးအိတ်လေးလွယ်ပြီး ပေါ့ပေါ့ပါးပါးရောက်လာသည်မို့ ခနတဖြုတ်အလည်လာသည်ဟု ထင်ခဲ့မိသည်လေ။
...
..." ဘာလို့ အစောက မပြောတာလဲ "
" ဟင် "
" မင်း ဒီမှာ ပြန်လာနေတာ အလည်သက်သက် မဟုတ်ဘူးဆိုတာ ဘာလို့ မပြောခဲ့တာလဲ.. ကြိုပြောထားသင့်တယ် မဟုတ်ဘူးလား"
သူ့စကားကို တစ်ချက်ပဲ ပြန်ပြုံးပြတုန့်ပြန်ပြီး ခရီးဆောင်အိတ်ဖြည်နေတဲ့ Haoxuan။
ဒါ ဘာအချိုးလဲ။
" ဒီအိမ်က မင်းဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတဲ့နေရာလား။ သွားချင်တော့လည်း မင်းစိတ်ချည်းပဲ ချက်ချင်းဝုန်းဒိုင်းထပြန်တယ်။ အခုလည်း မပြောမဆိုနဲ့ ရုတ်တရက်ကြီး ဘာ ပြန်လာပါပြီတဲ့လား "
" မရဘူးလား ဒါ ကျွန်တော့်အိမ်ပဲကို "
ကြမ်းပြင်ပေါ် ဒီတိုင်းထိုင်နေတဲ့ Haoxuanက သူ့အထုပ်တွေကိုပဲ အနှိုက်မပျက် လေသံမပွင့်တပွင့်နဲ့ ပြန်အတွန့်တက်လာသည်။
YOU ARE READING
Kindred : The Crossing Fate
FanfictionWell its a rare ship of CQL actors team. Li Bowen × Wang Haoxuan Song Lan × Xue Yang