-zawgyi-
" Ah Wen ဒီမှာ… ဒါ သား ညီလေး… "
အတန်းဆင်းဆင်းချင်း အိမ်တန်းမပြန်ခဲ့ဘဲ ဟိုဘက်လမ်းက ကစားကွင်းမှာ အားရအောင် ဘောလုံးကန်သောင်းကျန်းပြီးမှ ချွေးတလုံးလုံးနဲ့ ညစ်ပေပွလို့ ပြန်လာတဲ့ သူ့ကို မားကထိုကလေးလေးနဲ့ ပထမဆုံး ပေးတွေ့ခဲ့သည်။
" Xuanxuanလေးလေ… သားသိပါတယ်… ဒေါ်လေးXueMeiရဲ့သားလေ… ကလေးပိစိလေးတုန်းက မား ပုံပြဖူးတယ်မလား…"
အော်…… အဲ့ဒီပိစိလေး…
အပြာနုနုရှပ်လက်တိုလေးနဲ့ ဒူးလောက် ဘောင်းဘီတိုအဖြူလေးကို သပ်ရပ်စွာဝတ်ထားပေမယ့် ဆံပင်လေးကတော့ နဖူးပေါ်မှာ ဖွာလန်လို့။ မျက်လုံးလေးတွေ ဝိုင်းစက်မနေပေမယ့် မျက်တောင်ရှည်ကော့ကော့လေးတွေနဲ့ မျက်ခုံးထူထူလေးကြောင့် မျက်နှာသေးသေးလေးက အတော်ထင်းလင်းနေသည်။
ထိုကလေးပိစိက မားရဲ့ စကတ်ကို လက်သေးသေးလေးတွေနဲ့ ဆွဲထားပြီး မားရဲ့ပေါင်မှာ ပါးအပ်လို့မှီရင်း သူ့ကိုမျက်လုံးလှန်ကာ ခိုးကြည့်နေသည်။
" သားကို မပြောမိတာ… Xuanxuanလေးနဲ့ သူ့မာမားက အခုဒီကို ပြောင်းလာကြတာ… ဟိုဘက်အိမ်မှာ နေကြမှာ…"
မားပြောတဲ့ အန်တီXueMeiကို အရင်က မိသားစုပွဲတွေမှာ တစ်ခါနှစ်ခါ မြင်ဖူးလို့ သိပေမယ့် အဝေးမှာနေတဲ့ ဆွေမျိုးမို့ သိပ်တော့ မရင်းနှီးပါလေ။
ဆိုတော့ ဒီပိစိလေးက သူ့ညီလေးဖြစ်မှာပေါ့။
" Xuemeiက အိမ်ထဲနေရာချနေတာနဲ့ အလုပ်ရှုပ်နေလို့ ဒီဘက်ခေါ်ထားတာ… တစ်ယောက်ထဲ ပျင်းနေလို့ ခနနေ gegeကျောင်းပြန်လာတော့မှာလို့ ပြောထားတာ… Xuanxuanလေးက အရင်လကပဲ 7နှစ်ပြည့်ပြီးပြီတဲ့… သားထက် 5နှစ်တောင်ငယ်တယ် "
Bowen နည်းနည်းအံ့သြသွားသည်။ 7နှစ်လို့ မထင်ရအောင် သေးကွေးနေတာ မဟုတ်ဘူးလား။ အလွန်ဆုံးရှိ 5နှစ်လောက်ပဲ ထင်ရသည်။ ကျောင်းက သူငယ်ချင်းရဲ့ ညီမလေးတစ်ယောက်ဆို Xuanxuanလေးနဲ့ ရွယ်တူလောက်ပဲ ဖြစ်မှာပေမယ့် အရပ်လည်း ဒီလောက်မကရှည်ပြီး မိန်းကလေးပေမယ့် အတော်လည်း အဆော့သန် ရန်ဖြစ်သန်သည်လေ။ Bowenတို့ကပဲ အရပ်ရှည်သည့်အထဲ ပါလို့လား၊ ဒီကလေးကြည့်ရတာ အတော်သေးနေသည်။
YOU ARE READING
Kindred : The Crossing Fate
FanfictionWell its a rare ship of CQL actors team. Li Bowen × Wang Haoxuan Song Lan × Xue Yang