07

369 54 5
                                    

-zawgyi-

" ဟုတ်တယ် ဟုတ်တယ် အဲ့လိုမျိုးပဲ… လုံးဝတစ်စက်လေးတောင် မလွဲပါဘူးဆို "

သူအပြင်က ပြန်လာတော့ အခန်းထဲမှာ ဖုန်းပြောနေတဲ့ Haoxuan။ တံခါးဖွင့်သံကြားတော့ တစ်ချက်ပဲ လှည့်ကြည့်လာသည်။

" အဆင်ပြေတယ် အဆောင်တော့ မနေဘူး အိမ်မှာပဲ…"

" အင်း "

" လာခဲ့ပါဆိုဗျာ "

" အတန်းလည်းမစသေးတော့ ဒီမှာ သူငယ်ချင်းမရှိသေးဘူး…"

Bowen အသာပဲ ဝင်လာပြီး အိတ်ကိုချလို့ အပေါ်အကျီင်္ချွတ်ကာ အိပ်ယာပေါ် လှဲလိုက်လိုက်သည်။ ခနနေမှ ရေချိုးသန့်စင်မည်။ သူများဖုန်းပြောတာ တမင်နားထောင်နေတာ မဟုတ်ပေမယ့် အတိုင်းသား ကြားနေရတော့လည်း လက်ထဲက စာအုပ်ကို အာရုံမရဘဲ နားစွင့်နေမိပြန်သည်။

ကိုယ့်အခန်းထဲမှာပဲဟာ၊ ကိုယ်ရှိနေမှန်း သိနေသားနဲ့ ဆက်ပြောနေမှတော့ တမင်ရှောင်ပေးမနေတော့ပါလေ။

"ဟိုတုန်းက?? ဘယ်ရှိမလဲ… အရင်ကလည်းမရှိခဲ့ဘူး… နည်းနည်း မျက်မှန်းတန်းမိခဲ့သူတွေကိုတောင် သေချာမမှတ်မိတော့ဘူး… ပြီးတော့ သူတို့လည်း ဘယ်အထက်တန်းကျောင်းကို ပြောင်းကြမှန်းမှ မသိတာ"

အဖေဖြစ်သူနဲ့ ပြောနေတာတော့ မဟုတ်တန်ရာ။ ပြောနေပုံက ပေါ့ပါးပြီး ပြုံးပျော်နေတဲ့မျက်နှာက တစ်ဘက်လူကို ဘယ်လောက် သဘောကျပြီး အတော်ရင်းနှီးခင်မင်တာ သိသာနေသည်။

အင်းလေ။ ရှိနိုင်တာပဲ။ ဘယ်လိုပဲ အဖေဖြစ်သူနဲ့ အဆင်မပြေဦး၊ 5နှစ်တောင် နေထိုင်ခဲ့မယ့် အဲ့ဒီပါတ်ဝန်းကျင်မှာ ဒီကလေးသဘောကျခင်တွယ်ရမယ့် တခြားတစ်စုံတစ်ယောက် ရှိနိုင်သည်ပဲ။
ဒါကောင်းတဲ့ကိစ္စပဲ မဟုတ်လား။

" လာခဲ့လေ နော်… အရင်က ပြောတုန်းကကျ ချက်ချင်း ပြန်လိုက်လာမယ်ဆိုပြီး အခုမှ ဘာလို့ တစ်မျိုးပြောင်းတာလဲ… "

" အာ မသိဘူး မသိဘူး… အဲ့ဒီအလုပ်လည်း အတတ်နိုင်ဆုံး မြန်မြန်ရှင်းပစ်လိုက်… ကျွန်တော်ကတာ့ Song Laoshi ဒီကိုမလာမချင်း နေ့တိုင်းဖုန်းဆက် နှောက်ယှက်မှာပဲ… ကောင်းကောင်းနေရမယ် မထင်နဲ့ "

Kindred : The Crossing FateWhere stories live. Discover now