အပိုင်း- ၁🍭(ရူးကြောင်ကြောင်နိုင်သောကတိ)

7.4K 293 7
                                    

(ZAWGYI VERSION)
ကံကြမ္မာကပဲဆန်းကြယ်လွန်းသည်လား၊ကံတရားကပဲမျက်နှာသာမပေးတာလား။လောကမှာချစ်သောသူတိုင်းမပေါင်းဖက်ရဆိုတဲ့စကားက ယခုသူ့အတွက် သွေးထွက်အောင်ကိုမှန်နေခဲ့ပြီ။
မျက်နှာပြောင်တိုက်လိုက်တာ..မိမိတွင်ချစ်ရတဲ့မိန်းကလေးရှိနေတာကိုသိပါလျက်နဲ့ ယောက်ျားတစ်ယောက်နဲ့လက်ထက်ရမည်တဲ့လား။
ဒီကိစ္စကို သူလုံးဝလက်မခံနိုင်တာမို့ ငြင်းလို့ရသလောက်တော့ သူငြင်းမည်။
" အဖေ..စဉ်းလဲစဉ်းစားကြည့်ပါဦးဗျာ.ကျွန်တော်က ယောက်ျားတစ်ယောက်လေ ယောက်ျားတစ်ယောက်ဖြစ်ရက်နဲ့ အခြားယောက်ျားကို လက်ထက်ရမယ်တဲ့လား..ဟိုဘက်ကကောင်လေးကရော လက်ခံမှာမဟုတ်ဘူးလေ "
"ငါတို့ဘိုးဘွားတွေ ကတိပြုထားတာလေ ငါကဘယ်လိုဖျက်ရဲမလဲကွ..အဘိုးရဲ့ဆန္ဒအရ လက်ထက်ပေးရမှာပဲ..သူတို့မိသားစုနဲ့ငါတို့မိသားစုရဲ့ မြစ်တွေကို လက်ထက်ပေးဖို့ ကတိပြုထားတာလေ"
"ဒါပေမဲ့ ယောက်ျားချင်းကြီးလေဗျာ"
"ငါမသိဘူး...မသိတော့ဘူး.ကွာ..မိန်းမ မင်းပဲဆက်ပြောတော့ ငါအလုပ်မပြီးသေးဘူး အခန်းထဲဝင်တော့မယ်"
အခန်းထဲ အလျင်အမြန်ဝင်သွားတဲ့ အဖေ့ကို သာ မျက်နှာဆူပုတ်ပြီးကြည့်နေခဲ့သည်။ဝမ်မိသားစုနဲ့ ရမ်မိသားစုက ဘေးဘိုးစဉ်ဆက် ရင်းနှီးကျွမ်းဝင်လာတာကို သူသိပါသည်။သို့ပေမဲ့လို့..ဝမ်ဟောက်ရွှမ်း၏ အဘိုးလက်ထက်ရောက်တော့မှ အဓိပ္ပါယ်မရှိသည့် ကတိသစ္စာပြုခဲ့သည်တဲ့လေ။မိသားစုနှစ်စုရဲ့ မြစ်တွေကို လက်ထက်ပေးဖို့..ဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်တာလားပဲ။
မိသားစု တစ်စုမှာ ဘာမွေးမယ်ဆိုတာ သူတို့ကြိုသိတာကျနေတာပဲ။အမေ ကိုယ်ဝန်ရကတည်းက စေ့စပ်ထားသည်တဲ့လေ။
အခုတော့ ဟိုဘက်မိသားစုကလည်းယောက်ျားလေး၊ဒီဘက်မိသားစုက ကိုယ်ကလည်းယောက်ျားလေးဖြစ်နေခဲ့ပြီ။
" သားရယ်..လက်ခံလိုက်ပါနော်.အမေတို့လည်း အဘိုးတို့ရဲ့ကတိကို ဖျက်ရဲတာမှမဟုတ်တာ"
" တော်ပြီဗျာ..ဘာမှ မကြားချင်တော့ ဘူး စိတ်တွေညစ်လာပြီ.. ဒါနဲ့ အမေ သားအပြင်သွားဦးမယ်"
"ည ဆယ်နာရီကျော်နေပြီလေ..ဘယ်အပြင်ကိုသွားမှာလဲ"
" သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ပါ နော်..နော်.."
" ပြီးရော..ပြီးရော ကားကိုဂရုစိုက်မောင်း မူးရူးမနေနဲ့ "
အမေ့ပါးပြင်ကို နစ်ဝင်အောင် နမ်းလျက် ထွက်သွားသည်။ဝမ်ဟောက်ရွှမ်း၏ အမေ ဝမ်ချင်းမင်က သားကိုအလွန်ချစ်တာမို့ သားဖြစ်ချင်တာ အကုန်လိုက်လျောသည်။သားကို မျက်နှာတစ်ချက်ပင်မငြိုးစေရ။
***********************************
" ဘာ...ကိုကို..အာ့ဆို ဘယ်လိုလုပ်မှာလဲ လို့ ဒီအတိုင်းလက်ခံတော့မှာလား"
" ကိုကိုလဲ မပြောတတ်တော့ဘူး ရှောင်ယဲ့..ဘာလုပ်ရမှန်းလဲ မသိတော့ဘူး"
" ကြည့်ရတာ ကိုကို့မိဘတွေက ရှောင်ယဲ့ကို သဘောမကျဘူးထင်တယ် ဟိုတစ်ခါလာတွေ့တာတောင် မျက်နှာတွေက ခက်ထန်နေတာပဲ "
" ဒီလောက်လှတဲ့ ရှောင်ယဲ့ကို ဘယ်သူက သဘောမကျမှာလဲ "
ရှောင်ယဲ့...ရှောင်ယဲ့ က ဝမ်ဟောက်ရွှမ်း၏ ကောင်မလေး။သူမရဲ့ မျက်နှာလှလှက မြင်သူတကာကို မှင်သက်သွားစေသည်။ဖြောင့်စင်းနေသော နီညိုရောင်ဆံနွယ်တွေနဲ့ အနက်ရောင် ပေါင်လယ် dressအကားလေးနဲ့ သူမက တကယ့်ကို ချစ်စရာကောင်းတဲ့ နတ်သမီးလေး။
နီရဲနေသော နှူတ်ခမ်းတစ်စုံက ဆွဲဆောင်မှုအပြည့်။
" ကိုကို...အိမ်ပြန်လိုက်ပို့နော်"
" အင်း...ပို့မယ်"
" ဟူး...."
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ ဝမ်ဟောက်ရွှမ်း စိတ်မောနေရ၏ ။
ဟိုတစ်ယောက်နဲ့ တကယ်များလက်ထက်ရတော့မှာလား။

My Little PRINCE🍬(Completed) Where stories live. Discover now