(ZawGyiVersion)
" အမေ..အိမ်ဝန်းထဲ ခဏလျှောက်ကြည့်ဦးမယ်နော်"
" ကျိရမ်..ဘယ်လိုဖြစ်နေတုန်း "
ဘေးနားကပ်ပြီး တိုးတိုးပြောတော့ အမေက ဟန့်တားသည်မို့ ကျိရမ် ပြန်ငြိမ်သွား၏ ။
ဝမ်ချင်းမင်က သဘောပေါက်သွားဟန် ပြုံးစိစိဖြစ်ကာ ပြောသည်။
" ဟောက်ရွှမ်း..သား..ကျိရမ်နဲ့ ခြံဝန်းထဲ လမ်းလျှောက်ချင်လျှောက်လေ..အမေတို့ ပြောနေတာတွေလဲ စိတ်ဝင်စားတာမှ မဟုတ်တာ"
ဟောက်ရွှမ်း အမေ့ကို မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ကြည့်ကာ ဖုန်းကို တောင်းလေသည်။
" အမေ...သားရဲ့ဖုန်း.."
"ငါ..ထုထလိုက်ရ..သွား ကျိရမ်နဲ့ သွား"
" ဟွန့်.."
ဘောက်ဆောက် ဘောက်ဆောက် နှင့် စုန့်ကျိရမ်ကို မျက်စောင်းထိုးကာ အပြင်ထွက်သွားတာကြောင့် ကျိရမ် ခင်ဗျာ နောက်မှ ကုတ်ကုတ်လေး လိုက်သွားရတော့၏ ။
ဝမ်အိမ်တော်က အတော်ကျယ်သည်မို့ သစ်ပင်ပန်းပင်တွေလဲ အများကြီး စိုက်ပျိုးထားသည်။အိမ်၏ အနောက်ဖက်အခြမ်းတွင် တော့ ရေကူးကန်ကြီးရှိသည်။
အနောက်က ဘာစကားမှ မပြောဘဲ တိတ်တိတ်လေး လိုက်လာသော စုန့်ကျိရမ်ကို လှည့်ကြည့်တော့ လမ်းလျှောက်နေရင်း ခြေထောက်လေးတန့်ကာ ဟောက်ရွှမ်းကို ပြန်ကြည့်လာ၏ ။
"ဒီမှာ...စုန့်ကျိရမ်နော် မင်းနာမည်က..."
ခေါင်းငြိမ့်ပြတာကြောင့် ကိုယ်ပြောမည့်စကားကို ဆက်လိုက်သည်။
"စုန့်ကျိရမ်..ငါနဲ့မင်းလက်ထက်ရမဲ့ကိစ္စကို ဘယ်လိုသဘောရလဲ ငါကတော့လုံးဝ..လုံးဝကို လက်မခံနိုင်ဘူး..ပြီးတော့ ငါတို့က ယောက်ျားလေးတွေချည်း..မဖြစ်သေးဘူး ငါ့မှာလဲ ကောင်မလေးရှိတယ်"
"....... "
မိမိစကားကို လက်ပိုက်ကာ နားထောင်နေသော ဖြူစုတ်စုတ်ကောင်ကို ဂုတ်ကဆွဲ၍သာ ရေကန်ထဲ ပစ်ချချင်တော့သည်။
သူ့ကိုယ်သူ အထင်ကြီးနေတဲ့ကောင်လားပဲ...တကယ်ချေမိုးနေတာ ။ပုံစံက ဝမ်ဟောက်ရွှမ်း၏ မျက်လုံးထဲ တကယ့်ကို အချိုးမတိုး။
" မင်းမှာကောင်မလေးရှိတာငါသိသားပဲ "
"အာ့ဆို မင်းဘာလို့်လက်ခံသေးလဲ "
" မင်းမှာရှိတာလေ...ငါ့မှာ ရှိတာမှ မဟုတ်တာကို "
"မင်း!!!!"
ကိုယ်က ဒေါသထွက်နေပေမဲ့ သူကတော့ ဂရုမစိုက်သလို အကြည့်တွေနှင့် ကြည့်လာ၏ ။
" ထားပါ...အဲ့တော့ဆိုလိုတာက ငါတို့ လက်မထက်နိုင်ဘူးပေါ့ ကိစ္စတော့ မရှိပါဘူး ငါငြင်းပေးမယ် ဒါပေမဲ့ နှစ်ဖက်မိသားစုရဲ့ ဘေးဘိုး ကတိကို ဖျက်တော့ နောက်ဆက်တွဲက ဘယ်လိုဖြစ်လာမလဲ မသိဘူးနော်"
သူပြောမှ ဝမ်ဟောက်ရွှမ်းစဉ်းစားမိ၏ ။မေမေက သူ့ကိုwarmingပေးထားသည်။အကယ်၍ မင်္ဂလာကိစ္စကို တစ်ခုခု မွှေလျှင် သူ့cardထဲ ကို လည်း ပိုက်ဆံထည့်ပေးမည်မဟုတ်၊အပြင်ထွက်ခွင့်လည်းပိတ်တော့မည်။နောက်ဆုံးသူရှောင်ယဲ့နှင့်ပါ အဆက်အသွယ်ရတော့မည်မဟုတ်။
ဒီလိုတော့ ဖြစ်လို့မရပေ။မိမိအခွင့်အလမ်းတွေ ပိတ်လို့တော့မဖြစ်။
" ငါတို့ ဟန်ဆောင်ရအောင်.."
မပြောသင့်သည်မှန်းသိပေမဲ့ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။ရုတ်တရက်ပြောမိသည့်ထိုစကားကို ကြားပြီး စုန့်ကျိရမ် အသံထွက်သည်အထိ ရယ်မိ၏ ။မိမိကိုယ်တိုင်လည်း ထိုသို့် ဆုံးဖြတ်၍ လာခြင်းဖြစ်တာကြောင့်ပင်။
"ကောင်းပြီလေ...ငါတို့ဟန်ဆောင် လက်ထက်ရအောင်..ပြီးရင်မင်းလဲလွတ်လပ်သလိုနေ ငါလဲ လွတ်လပ်ပြီ"
" ကောင်းလိုက်တာ..ကောင်းလိုက်တာ ဒါနဲ့ငါတို့ အချိန်တစ်ခုရောက်ရင် ကွာရှင်းကြမယ်ဆိုရင်ရော"
"ဒါ....တော့..သေချာမသိသေးပေမဲ့.."
စုန့်ကျိရမ် အသံရှည်ဆွဲ ပြီး စဉ်းစားသလိုပြောနေတာကြောင့် ဝမ်ဟောက်ရွှမ်း စိတ်မရှည်တော့။
"ထားလိုက်ပါ...ထားလိုက်ပါ ဒီကိစ္စက နောက်မှ အရင်ဆုံး ဒီလက်ထက်ပွဲက မင်းဆန္ဒလဲ မပါဘူး ငါ့ ဆန္ဒလဲ မပါတာမို့ ဟန်ဆောင်မှု သက်သက်ပဲနော် "
" အင်း..."
နှစ်ယောက်သား သဘောတူညီချက်ရပြီဖြစ်၍ လက်ဆွဲနှုတ်ဆက်လိုက်ကြ၏ ။
YOU ARE READING
My Little PRINCE🍬(Completed)
Randomထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုယောက်ျားကိုမှ သဘောကျခဲ့မိပြီ