(Zaw Gyi)
အနက္ေရာင္ suitကို ဝတ္ကာ ဝမ္ေဟာက္ရႊမ္း စိတ္အိုက္ေနရ၏ ။သေဘာတူညီမႈရထားတာသိေပမဲ့လည္း တကယ္ႀကီး လက္ထက္ရမယ္ဆိုေတာ့ မေနတတ္။အေမက အခန္းထဲ ဝင္လာတာမို႔ ျမန္ျမန္ မတ္တပ္ထရပ္လိုက္၏ ။
" ေဟာက္ရႊမ္း..ၾကည့္ပါဦး ငါ့သားေလး ေခ်ာေနလိုက္တာ အိုက္ယိုး..တကယ္လူေခ်ာေလးပဲ "
" ဟင္း.."
မရယ္ခ်င္သလိုရယ္ခ်င္သလို မခ်ိျပံဳးသာ ျပံဳးျပလိုက္သည္။
" ကဲ...လာ..လာ ေနာက္က်ေနမယ္ သားအေဖ အေ႐ွ႕မွာေစာင့္ေနတယ္ မင္းသူငယ္ခ်င္းေတြေရာပဲ"
" ဟုတ္"
ဝမ္ေဟာက္ရႊမ္းအခုအခ်ိန္ ေ႐ွာင္ယဲ့အသံေလးကိုသာ ၾကားခ်င္ေတာ့သည္။ဟိုေကာင္နဲ႔ လက္ထက္ရမည့္ကိစၥကို အခုထိ မယံုႏိုင္ေသးသလို...လက္လဲ မခံႏိုင္ေသးေပ။
လက္မထက္ရရင္ေကာင္းမွာပဲ...ဒါမွမဟုတ္ ဇာတ္ကားေတြထဲကလို အေၾကာင္းတစ္ခုခုေၾကာင့္ မဂၤလာပြဲ ပ်က္သြားလ်ွင္ေကာင္းမည္ဟုဆုေတာင္းေပမဲ့ သူ႔ဆုေတာင္းေတြ မျပည့္ဝေပ။
ယခု ေတာ့ စုန္႔က်ိရမ္ဆိုသည့္ မိမိ၏ သတို႔သားအေယာင္ေဆာင္ေလးက ဖခင္၏ လက္ကို ခ်ိတ္ဆြဲကာ မိမိဆီသို႔ေလ်ွာက္လွမ္းလာေခ်ၿပီ။အနက္ေရာင္suitေလးႏွင့္ သတို႔သား အေယာင္ေဆာင္ေပါက္စက လူႀကီးေလးလိုပင္။
ဝမ္ေဟာက္ရႊမ္းႏွင့္စုန္႔က်ိရမ္တို႔ လက္ထက္ လက္စြပ္အျပန္အလွန္စြပ္ေပးၿပီး ေနာက္ဆံုးေတာ့ အၾကင္လင္မယားအျဖစ္ေရာက္႐ွိသြားေလၿပီ။
အျဖစ္အပ်က္က တကယ္ကို ျမန္ဆန္လြန္းလွ၏။မိမိတို႔ဆႏၵတစ္စံုတစ္ရာပင္ မပါဝင္ပါဘဲ လက္ထက္လိုက္ရသည့္အတြက္ ဝမ္ေဟာက္ရႊမ္း ခံရခက္ေနေလ၏ ။
"ေ႐ွာင္ယဲ့ေလးရယ္ ကိုယ့္ကိုခြင့္လႊတ္ပါကြာ"
အေတြးထဲ လြင့္ေမ်ာေနစဥ္တြင္ပဲ စုန္႔က်ိရမ္ကို ၾကည့္လိုက္ေတာ့ မ်က္ႏွာတစ္ခုလံုးရဲေနတာမို႔ ဘာမ်ားမွားလို႔လဲ ဟုပင္ ထင္မိသည္။
မ်က္ႏွာတစ္ခုလံုးရဲတြတ္ေနသည့္အေၾကာင္းကို အခုမွပင္သေဘာေပါက္ရေတာ့သည္။အကုန္လံုးက သူတို႔ႏွစ္ေယာက္ကို kissေပးရန္ တိုက္တြန္းေနၾကသည္ေလ။
ဝမ္ေဟာက္ရႊမ္း ထိုေနရာမွ ထြက္သာေျပးခ်င္ေတာ့သည္။ေယာက်္ားေလးႏွစ္ေယာက္ကို လူေတြ အမ်ားႀကီးေ႐ွ႕မွာ နမ္းခိုင္းရဲတယ္လား။မိမိအေမကိုယ္တိုင္ကပါ အားႀကိဳးမာန္တက္ျဖစ္ေနတာေၾကာင့္ စြံ႔အမိေန၏။အေဖလုပ္သူကလည္း ျပံဳးစိိစိႏွင့္မို႔ ေဟာက္ရႊမ္း တကယ္စိတ္ညစ္သည္။
" ေဟ့ေကာင္..ဘယ္လိုလုပ္မလဲ "
အနားကပ္ၿပီးခပ္တိုးတိုးေမးေတာ့ ေရခဲတံုးက ကိုယ့္ကို ေစ့ေစ့ေတာင္မၾကည့္ရဲဘဲ ေခါင္းခါျပေလသည္။သေကာင့္သားက
အခုမွလာၿပီး အ႐ွက္သည္းတဲ့အပ်ိဳျဖန္းေလး...မဟုတ္ပါဘူးေလ..လူပ်ိဳျဖန္းေလး လာလုပ္ျပေန၏ ။
အခ်ိန္ၾကာတဲ့ အထိ တုတ္တုတ္မ်ွမလႈပ္ေသာ သတို႔သားႏွစ္ေကာင္ေၾကာင့္ အကုန္လံုး ႐ုတ္႐ုတ္သဲသဲျဖစ္ေနရေတာ့သည္။
အခမ္းအနားအတြင္း႐ွိ လူမ်ားအားလံုး တိတ္ဆိတ္ကာ သူတို႔ႏွစ္ေယာက္ကို ၾကည့္လာေတာ့ ဝမ္ေဟာက္ရႊမ္း သြားသာ ျဖဲျပရဲသည္။ကိုယ့္အေမက ေအာက္ကေန တိုးတိုးနဲ႔ မ်က္ႏွာရိပ္မ်က္ႏွာကဲ ျပေနသည္မို႔ လူက ငိုခ်င္ေနၿပီ။ေဘးနားက ေကာင္ကလည္း ေခါင္းႀကီး ေအာက္ငံု႔ထားတာ ေျမႀကီးထဲပင္ဝင္ေတာ့မည္။တကယ္ဘာမွကို အားမကိုးရ။
ေနာက္ဆံုးဘယ္လိုမွပင္ ၾကံရာမရေတာ့သည့္အဆံုး kissေပးရန္ပင္ ဆံုးျဖတ္ၿပီး သေကာင့္သားဘက္သို႔ လွည့္လိုက္သည့္အခ်ိန္တြင္ပဲ သူကလည္းေမာ့ၾကည့္လာသည့္အခ်ိန္ႏွင့္ကိုက္သြားတာေၾကာင့္ မ်က္လံုးခ်င္းဆံုမိသြား၏ ။
မ်က္ႏွာတစ္ခုလံုး ခရမ္းခ်ဥ္သီးလို ရဲတြတ္ေနတာေၾကာင့္ ဝမ္ေဟာက္ရႊမ္း ခြီခနဲ ထရယ္မိသည္။
မိိမိကိုယ္တိုင္လည္း႐ွက္လြန္း၍ ဘာလုပ္ရမွန္းမသိတာကို ဝမ္ေဟာက္ရႊမ္းဆိုသည့္ကိုယ္ေတာ္က ကိုယ့္ကိုေလွာင္ေနသည္မို႔ ေဒါသက ေထာင္းခနဲ။
မ်က္ေစာင္းထိုးကာ တစ္ဖက္လွည့္သြားေသာ ေကာင္က မိန္းကေလး စိတ္ေကာက္ေနသလိုပင္။
" ဒီတစ္သက္ သတို႔သားႏွစ္ေယာက္ကkissေပးဦးမွာလား"
လူအမ်ားၾကားထဲမွ ဘယ္သူမွန္းေတာ့မသိ..ထိုစကားသံထြက္လာတာေၾကာင့္ အကုန္လံုးက kissေပးပါ ဟုသာ ဆက္လက္တိုက္တြန္းၾကျပန္သည္။
စုန္႔က်ိရမ္တကယ္ေမ့လဲခ်င္ေနၿပီ။ဝမ္ေဟာက္ရႊမ္းဆိုသည့္ေကာင္ကလည္း မ်က္ႏွာ႐ွံု႔မဲ့ကာ ကိုယ့္နားသို႔တိုးလာၿပီး ႏႈတ္ခမ္းပါးပါးကို အနမ္းတစ္ပြင့္ေႁခြရေတာ့သည္။လက္ခုပ္သံမ်ားႏွင့္ မဂၤလာပြဲတစ္ခုလံုး ျပည့္ႏွက္သြားရ၏ ။
ႏွစ္ေယာက္လံုး၏ စိတ္ထဲတြင္ေတာ့ တစ္ေယာက္တစ္မ်ိဳးေပါက္ကြဲေနၾကေလၿပီ။
"အူးဝါး..😭ေ႐ွာင္ယဲ့သာသိရင္ငါ့ကိုသတ္ေတာ့မွာပဲ ကိုကို႔ကိုခြင့္လႊတ္ပါ..
မတတ္သာလို႔ပါကြာ"
" အီးဟီး...ငါfirstkissေလး...က..မိန္းမလွေလးတစ္ေယာက္နဲ႔မဟုတ္ပဲ ေယာက်္ားတစ္ေယာက္နဲ႔လား..ဘယ္လိုအေျခအေနႀကီးလဲ.. 😭"
🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬
(Unicode)
အနက်ရောင် suitကို ဝတ်ကာ ဝမ်ဟောက်ရွှမ်း စိတ်အိုက်နေရ၏ ။သဘောတူညီမှုရထားတာသိပေမဲ့လည်း တကယ်ကြီး လက်ထက်ရမယ်ဆိုတော့ မနေတတ်။အမေက အခန်းထဲ ဝင်လာတာမို့ မြန်မြန် မတ်တပ်ထရပ်လိုက်၏ ။
" ဟောက်ရွှမ်း..ကြည့်ပါဦး ငါ့သားလေး ချောနေလိုက်တာ အိုက်ယိုး..တကယ်လူချောလေးပဲ "
" ဟင်း.."
မရယ်ချင်သလိုရယ်ချင်သလို မချိပြုံးသာ ပြုံးပြလိုက်သည်။
" ကဲ...လာ..လာ နောက်ကျနေမယ် သားအဖေ အရှေ့မှာစောင့်နေတယ် မင်းသူငယ်ချင်းတွေရောပဲ"
" ဟုတ်"
ဝမ်ဟောက်ရွှမ်းအခုအချိန် ရှောင်ယဲ့အသံလေးကိုသာ ကြားချင်တော့သည်။ဟိုကောင်နဲ့ လက်ထက်ရမည့်ကိစ္စကို အခုထိ မယုံနိုင်သေးသလို...လက်လဲ မခံနိုင်သေးပေ။
လက်မထက်ရရင်ကောင်းမှာပဲ...ဒါမှမဟုတ် ဇာတ်ကားတွေထဲကလို အကြောင်းတစ်ခုခုကြောင့် မင်္ဂလာပွဲ ပျက်သွားလျှင်ကောင်းမည်ဟုဆုတောင်းပေမဲ့ သူ့ဆုတောင်းတွေ မပြည့်ဝပေ။
ယခု တော့ စုန့်ကျိရမ်ဆိုသည့် မိမိ၏ သတို့သားအယောင်ဆောင်လေးက ဖခင်၏ လက်ကို ချိတ်ဆွဲကာ မိမိဆီသို့လျှောက်လှမ်းလာချေပြီ။အနက်ရောင်suitလေးနှင့် သတို့သား အယောင်ဆောင်ပေါက်စက လူကြီးလေးလိုပင်။
ဝမ်ဟောက်ရွှမ်းနှင့်စုန့်ကျိရမ်တို့ လက်ထက် လက်စွပ်အပြန်အလှန်စွပ်ပေးပြီး နောက်ဆုံးတော့ အကြင်လင်မယားအဖြစ်ရောက်ရှိသွားလေပြီ။
အဖြစ်အပျက်က တကယ်ကို မြန်ဆန်လွန်းလှ၏။မိမိတို့ဆန္ဒတစ်စုံတစ်ရာပင် မပါဝင်ပါဘဲ လက်ထက်လိုက်ရသည့်အတွက် ဝမ်ဟောက်ရွှမ်း ခံရခက်နေလေ၏ ။
"ရှောင်ယဲ့လေးရယ် ကိုယ့်ကိုခွင့်လွှတ်ပါကွာ"
အတွေးထဲ လွင့်မျောနေစဉ်တွင်ပဲ စုန့်ကျိရမ်ကို ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးရဲနေတာမို့ ဘာများမှားလို့လဲ ဟုပင် ထင်မိသည်။
မျက်နှာတစ်ခုလုံးရဲတွတ်နေသည့်အကြောင်းကို အခုမှပင်သဘောပေါက်ရတော့သည်။အကုန်လုံးက သူတို့နှစ်ယောက်ကို kissပေးရန် တိုက်တွန်းနေကြသည်လေ။
ဝမ်ဟောက်ရွှမ်း ထိုနေရာမှ ထွက်သာပြေးချင်တော့သည်။ယောကျ်ားလေးနှစ်ယောက်ကို လူတွေ အများကြီးရှေ့မှာ နမ်းခိုင်းရဲတယ်လား။မိမိအမေကိုယ်တိုင်ကပါ အားကြိုးမာန်တက်ဖြစ်နေတာကြောင့် စွံ့အမိနေ၏။အဖေလုပ်သူကလည်း ပြုံးစိိစိနှင့်မို့ ဟောက်ရွှမ်း တကယ်စိတ်ညစ်သည်။
" ဟေ့ကောင်..ဘယ်လိုလုပ်မလဲ "
အနားကပ်ပြီးခပ်တိုးတိုးမေးတော့ ရေခဲတုံးက ကိုယ့်ကို စေ့စေ့တောင်မကြည့်ရဲဘဲ ခေါင်းခါပြလေသည်။သကောင့်သားက
အခုမှလာပြီး အရှက်သည်းတဲ့အပျိုဖြန်းလေး...မဟုတ်ပါဘူးလေ..လူပျိုဖြန်းလေး လာလုပ်ပြနေ၏ ။
အချိန်ကြာတဲ့ အထိ တုတ်တုတ်မျှမလှုပ်သော သတို့သားနှစ်ကောင်ကြောင့် အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်နေရတော့သည်။
အခမ်းအနားအတွင်းရှိ လူများအားလုံး တိတ်ဆိတ်ကာ သူတို့နှစ်ယောက်ကို ကြည့်လာတော့ ဝမ်ဟောက်ရွှမ်း သွားသာ ဖြဲပြရဲသည်။ကိုယ့်အမေက အောက်ကနေ တိုးတိုးနဲ့ မျက်နှာရိပ်မျက်နှာကဲ ပြနေသည်မို့ လူက ငိုချင်နေပြီ။ဘေးနားက ကောင်ကလည်း ခေါင်းကြီး အောက်ငုံ့ထားတာ မြေကြီးထဲပင်ဝင်တော့မည်။တကယ်ဘာမှကို အားမကိုးရ။
နောက်ဆုံးဘယ်လိုမှပင် ကြံရာမရတော့သည့်အဆုံး kissပေးရန်ပင် ဆုံးဖြတ်ပြီး သကောင့်သားဘက်သို့ လှည့်လိုက်သည့်အချိန်တွင်ပဲ သူကလည်းမော့ကြည့်လာသည့်အချိန်နှင့်ကိုက်သွားတာကြောင့် မျက်လုံးချင်းဆုံမိသွား၏ ။
မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို ရဲတွတ်နေတာကြောင့် ဝမ်ဟောက်ရွှမ်း ခွီခနဲ ထရယ်မိသည်။
မိိမိကိုယ်တိုင်လည်းရှက်လွန်း၍ ဘာလုပ်ရမှန်းမသိတာကို ဝမ်ဟောက်ရွှမ်းဆိုသည့်ကိုယ်တော်က ကိုယ့်ကိုလှောင်နေသည်မို့ ဒေါသက ထောင်းခနဲ။
မျက်စောင်းထိုးကာ တစ်ဖက်လှည့်သွားသော ကောင်က မိန်းကလေး စိတ်ကောက်နေသလိုပင်။
" ဒီတစ်သက် သတို့သားနှစ်ယောက်ကkissပေးဦးမှာလား"
လူအများကြားထဲမှ ဘယ်သူမှန်းတော့မသိ..ထိုစကားသံထွက်လာတာကြောင့် အကုန်လုံးက kissပေးပါ ဟုသာ ဆက်လက်တိုက်တွန်းကြပြန်သည်။
စုန့်ကျိရမ်တကယ်မေ့လဲချင်နေပြီ။ဝမ်ဟောက်ရွှမ်းဆိုသည့်ကောင်ကလည်း မျက်နှာရှုံ့မဲ့ကာ ကိုယ့်နားသို့တိုးလာပြီး နှုတ်ခမ်းပါးပါးကို အနမ်းတစ်ပွင့်ခြွေရတော့သည်။လက်ခုပ်သံများနှင့် မင်္ဂလာပွဲတစ်ခုလုံး ပြည့်နှက်သွားရ၏ ။
နှစ်ယောက်လုံး၏ စိတ်ထဲတွင်တော့ တစ်ယောက်တစ်မျိုးပေါက်ကွဲနေကြလေပြီ။
"အူးဝါး..😭ရှောင်ယဲ့သာသိရင်ငါ့ကိုသတ်တော့မှာပဲ ကိုကို့ကိုခွင့်လွှတ်ပါ..
မတတ်သာလို့ပါကွာ"
" အီးဟီး...ငါfirstkissလေး...က..မိန်းမလှလေးတစ်ယောက်နဲ့မဟုတ်ပဲ ယောကျ်ားတစ်ယောက်နဲ့လား..ဘယ်လိုအခြေအနေကြီးလဲ.. 😭"
🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬
YOU ARE READING
My Little PRINCE🍬(Completed)
Randomထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုေယာက်္ားကိုမွ သေဘာက်ခဲ့မိၿပီ