အပိုင်း-၅🍭(ခင်မင်မှု)

2.6K 212 2
                                    

Uicode ver၏ နောက်တွင်zaw gyi verရှိပါသည်။

(Unicode)

အိပ်ယာပေါ်က ထတော့ ခေါင်းက စူးခနဲ ထိုးကိုက်လာတာကြောင့် မနည်းကိုယ်ကို ရပ်ရသည်။
ရေချိုး မျက်နှာသစ်ပြီး အင်္ကျီလဲကာ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲတွင် ကော်ဖီတစ်ခွက်နှင့် စာအုပ်ထိုင်ဖတ်နေသည့် စုန့်ကျိရမ်က မိမိကို မကြည့်ပါဘဲ morningဟုသာ ခပ်တိုးတိုးရွတ်၏ ။
" ငါညက များသွားလား မသိဘူး ခေါင်းတွေထိုးကိုက်နေတယ် "
"ညက မင်းတော်တော်ကို များတာ သောင်းကျန်းနေတယ်လေ "
" ငါတစ်ခုခုများမလုပ်မိပါဘူးနော်"
ထိုစကားကြောင့် စုန့်ကျိရမ် ချောင်းဟန့်ကာ ခေါင်းခါပြတော့ ဝမ်ဟောက်ရွှမ်း မယုံသင်္ကာနှင့် ကြည့်လာ၏ ။
" ကဲ...ညက ကောင်းကောင်းမှ အိပ်ပျော်ကြရဲ့လား..အစ်ကိုလေးတို့ အဟီး.."
မိမိတို့ အိမ်အကူ ဝမ်ယဲ့က ပြုံးစစနှင့် ပြောတော့ နှစ်ယောက်လုံး ဘု ကြည့်ကြည့်ပေးလိုက်သည်။
"မနက်စာပြင်ပြီးပြီလား...ဒါနဲ့ အမေတို့ရော"
ဟောက်ရွှမ်းမေးတော့ စုန့်ကျိရမ် တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။
" မားမားတို့က အလုပ်ကိစ္စနဲ့ ခရီးသွားတယ် နှစ်ရက်သုံးရက်လောက် ကြာမယ်တဲ့ ငါ့အမေတို့ကလည်း အဲ့မရောက်ဖူးဘူးဆိုပြီး ပါသွားတယ်"
" သြော်..မင်းအမေဆိုမှ မင်းကအခုကစပြီး ဒီမှာနေရမှာလား"
" ဟုတ်တယ်.. အစ်ကို ဝမ် အစ်ကိုလေး ဟောက်ရွှမ်း အခု ပစ္စည်းတွေတောင်သွားသယ်ခိုင်းနေပြီ ပြီးတော့ အန်တီ ချင်းမင်က အစ်ကိုတို့ကို တစ်ခန်းထဲနေဖို့ အပေါ်ထပ်က အခန်းကျယ်ကြီးပေးမယ်တဲ့ မင်္ဂလာမောင်နှံရဲ့ အခန်းလေးပေါ့ ဟီးဟီး"
"  ဝမ်ယဲ့..နင်ဘယ်လိုဖြစ်နေတုန်း.."
ခပ်ဆက်ဆက် ပိတ်အော်ပေးလိုက်တော့မှ ပါးစပ်ပိတ်ကာ မနက်စာပြင်ပြီးပါပြီ ဟုပြော၍ ထွက်သွားသည်။
သွားခါနီး ဟောက်ရွှမ်း ကို ​ပြောသွားသေးသည်က
" အစ်ကိုဝမ် ဒီရက်တွေအတွင်း ညီမ မရှိဘူးနော် အစ်ကို တို့ နှစ်ယောက်တည်းကျန်ခဲ့မှာ အမေ့ဆီပြန်ဖို့ အန်တီ့ကို ခွင့်တိုင်ထားတယ်..သွားလိုက်ဦးမယ်နော်"
ဝမ်ဟောက်ရွှမ်းတို့ မျောက်အုန်းသီးရသလို ပျော်ပါးနေပြီလေ။မေမေတို့ကလည်း နှစ်ရက်သုံးရက်လောက်က အိမ်မှာမရှိ။အမြဲတမ်း တစ်ခုခုဆို သွားသွားထောင်တဲ့ ဝမ်ယဲ့ကလည်း သူ့မြို့ခဏပြန်မယ်ဆိုတော့ ဟောက်ရွှမ်းတို့အတွက်က ပက်စားရသလိုပင်။
ကြိတ်ပျော်နေတဲ့ ကောင်ကို စာဖတ်နေရင်း ခိုးကြည့်ကာ ကျိန်ဆဲပေးလိုက်၏ ။
" သူတော်တော်ဖြစ်..ဟွန့်"
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
"Ring..Ring 📱"
ခြံဝန်းထဲ ခဏသွားတဲ့ ကောင်ရဲ့ ဖုန်းက ကျန်ခဲ့တာမို့ အခု စုန့်ကျိရမ်ရှေ့ ထိုဖုန်းက အဆက်မပြတ်မြည်နေ၏ ။အပေါ်ထပ် ဝရံတာမှာ ကိုယ့်ဘာသာစာထိုင်ဖတ်နေတာ  အနှောင့်အယှက်ဖြစ်လာတော့ ဖုန်းကို သကောင့်သားကို သွားပေးဖို့ လုပ်ပေမဲ့ နာမည်ကြည့်မိတော့ ရှောင်ယဲ့❤ဆို၍ ဒီအတိုင်းပြန်ချထားလိုက်သည်။
သို့ပေမဲ့ အဆက်မပြတ်မည်နေတာမို့  အသံကျယ်ကျယ်နှင့် ဝရံတာကပင်လှမ်းအော်ပြောပေမဲ့ သူ့အပင်ပိစိတွေကို အရွက်ညှပ်နေတာ မပြီး၍ မင်းကိုင်လိုက်ဟု ဆိုလာ၏ ။
" ဟေ့ကောင် ဖုန်းလာနေတယ်"
" မင်းကိုင်လိုက်ကွာ"
" မဟုတ်ဘူးကွ....မင်းရည်း.."
"ဘယ်သူဖြစ်ဖြစ် ကိုင်လိုက်ဟ..စုန့်ကျိရမ်ရ"
" ဘာ..ငါက ကိုင်ရမယ်..ဟက်..ဘာကောင်ပါလိမ့်"
ကိုင်ဆိုတော့လဲ ကိုင်လိုက်ရတာပေါ့။
ဖုန်းတောင် နားနားမကပ်ရသေး..တစ်ဖက်မှ ခပ်စူးစူး အသံက နားတောင်ကွဲသွားသလား။
" ကိုကို..ဘာလို့ ရှောင်ယဲ့ ဖုန်းဒီလောက်ခေါ်နေတာကို အဖတ်မလုပ်တာလဲ ဟမ် ခေါ်နေတာ တော်တော်ကြာနေပြီ..ဘယ်ကောင်မ..မဟုတ်ဘူး..ဘယ်အကောင်ထီးနဲ့ ပျော်နေတာလဲ ဟမ်"
" နေပါဦး.."
" ဘာမှ လာရှင်းပြမနေနဲ့..ဟင်း..ကိုကို့ အယောင်ဆောင် သတို့သားဆိုတာ မြင်ဖူးပြီးပြီ သူက ရှောင်ယဲ့ ထက်တောင် ပိုလှသေးတယ် အဟင့် ကိုကို သူ့ဆီ စိတ်ပါနေတာလား ဖြေလေ"
သူ့ဘာသာ ပြောချင်ရာပြောနေသည့် တစ်ဖက်က မိန်းကလေးက စုန့်ကျိရမ်ပြောသည်ကို ပင်ဆုံးအောင်နားမထောင် သူပြောချင်တာသာ စွတ်ပြီး ဆက်တိုက်ပြောနေတော့၏ ။
" ဒီမှာ..မိန်းကလေး "
" ဟမ်..ကိုကို့အသံမဟုတ်ပါဘူး နင်ဘယ်သူလဲ "
"နင်ပြောတဲ့ ဝမ်ဟောက်ရွှမ်းရဲ့ သတို့သားအယောင်ဆောင်ဟေ နင့်ရဲ့ ချစ်လှစွာတဲ့ ရည်းစားကြီးက အောက်မှာ.."
စကားတောင် မဆုံးသေး.. ဖြတ်ပြီးအော်ချလိုက်တဲ့ သူမ၏ အသံစူးစူးကြောင့် ကျိရမ် ဖုန်းကို နားနားက အနည်းငယ်ခွာလိုက်ရသည်အထိ။
" သူကအောက်မှာ..ဘာဖြစ်တယ်..မဖြစ်ဘူး ကိုကို့ဖုန်းကလဲ နင့်ဆီမှာ..အဟင့်..အဟင့်.."
ရုတ်တရက် ချိူအီနေသော အသံလုပ်ကာ ငိုနေတာကြောင့် စုန့်ကျိရမ် ခေါင်းသာခါမိသည်။
အခုမှ သကောင့်သားက အပြေးအလွှားအပေါ်တက်လာကာ မိမိရပ်နေသည့် ဘေးလာပြီး ဖုန်းကို ဆွဲလုတော့သည်။
တော်သေးတာပေါ့..အခုမှ ဝန်ပေါ့သွားသလိုပင်။ဝမ်ဟောက်ရွှမ်း ဘယ်လိုများ ကြိုက်လဲ မသိဘူး။ဒါလဲ သူ့ကိစ္စမဟုတ်တာမို့ ဆက်မတွေးတော့ဘဲ ဘေးနားမှာသာ ရပ်နေလိုက်သည်။
" ဟယ်..လို..ရှောင်..ယဲ့"
အိမ်ပေါ် အမြန်ပြေးတက်လာရ၍ ဟောဟဲဆိုက်ကာ မောနေ၏ ။
" ကိုကို...အဟင့်..အဟင့်...ရှောင်ယဲ့ ကို မချစ်တော့ဘူးလားဟင် ရှောင်ယဲ့ က ဘာမှ မဟုတ်တော့ဘူးလား အဲ့တစ်ယောက်ကိုရှောင်ယဲ့ထက်ပိုစိတ်ရောက်သွားတာလား"
ဘာတွေပြောနေမှန်း မသိသည့် ကိုယ့်ကောင်မလေးကြောင့် ခေါင်းကိုသာ ကုတ်မိ၏ ။
" ရှောင်ယဲ့...ဘာတွေပြော"
" မသိဘူး..ရှောင်ယဲ့..အခု ကိုကို့ဆီလာခဲ့မယ် အခု ရှောင်ယဲ့ ကား ကိုကိုတို့ လမ်းနားရောက်နေပြီ ဒါပဲ "
" အယ်..မဟုတ်.."
ဖုန်းကို ချကာ ကိုယ့်စကားကိုပင် ဆုံး​အာင် မစောင့် ဘဲ သူပြောချင်ရာပြောသွားသည်။ထိုသည်က အရေးမကြီး...အခုသူမက လာမယ်ဆိုတော့ အရှေ့ခန်းမှာထိုင်စောင့်ရမှာပေါ့။
အောက်ထပ်အမြန်ပြေးဆင်းရတော့၏ ။စုန့်ကျိရမ်ကလည်း ကြောင်တောင်တောင်နှင့် ပင် အနောက်ကပါလာသည်။
ဧည့်ခန်းထဲရောက်တော့ ကျိရမ်ကလည်း သူ့ဟာသူ ထိုင်ဖို့ လှမ်းလိုက်သည်။ဝမ်ဟောက်ရွှမ်းကလည်း ပြာပြာသလဲ နှင့်မို့ စုန့်ကျိရမ် ခြေထောက် ခလုတ်တိုက်ကာ လဲကျတော့ အကျင့်မကောင်းတဲ့ သကောင့်သားစုတ်လေးက စုန့်ကျိရမ်ကိုပါ လှမ်းဆွဲသည်မို့ နှစ်ယောက်လုံးထပ်ကာ ဆိုဖာခုံပေါ်သို့။
အခု ဝမ်ဟောက်ရွှမ်း၏ အပေါ်သို့ စုန့်ကျိရမ် ပြုတ်ကျကာ နှုတ်ခမ်းနှစ်ခုက တထပ်တည်းကျသွားခဲ့ ပြီ။
ထိုအချိန် ရှောင်ယဲ့ ကလည်း ဝင်လာသည့်အချိန်နှင့် တိုက်ဆိုင်သွားတော့ သူမလက်ကိုင် အိတ်ပင် လွတ်ကျသွားတော့သည်။
" ကိုကို! !!!!!"
နှစ်ယောက်သားမျက်လုံးမျက်ဆံပြူးကာ အလျင်အမြန်ပင် မတ်တပ်ထရပ်လိုက်၏ ။ကျိရမ်သူ၏ နှုတ်ခမ်းသားပါးပါးကို လက်နှင့်ထိကာ မေ့တောင်လဲချင်နေပြီ။
ဝမ်ဟောက်ရွှမ်း ပြာပြာသလဲနှင့် ရှောင်ယဲ့ နောက်သို့ ပြေးလိုက်သွားသည်။
" ရှောင်ယဲ့...နေပါဦး..ရှောင်ယဲ့..ရှောင်ယဲ့..."
" သွား...လွှတ်..ထင်သားပဲ ကိုကို အစကတည်းက အဲ့တစ်ယောက်ကို စိတ်ပါနေတာ အခုတော့ နမ်းတဲ့ အဆင့်တောင်...အဟင့်ဟင့်..အဲ့ဒါကြောင့် မင်္ဂလာပွဲတုန်းကလည်း မျက်နှာကြီးက ဖြီးနေတာပဲ "
မျက်နှာမဖြီးထားလို့...မျောက်မှိုင်သလို ဆူပုတ်ထားလို့မှမရတာကို။
စိတ်ထဲက​ပြောလိုက်ပေမဲ့ အပြင်ကတော့
" ရှောင်ယဲ့ရာ..အခုဟာက မတော်တဆ တကယ်မတော်တဆပါ ကွ..ငါအဲ့ကောင်ကို စိတ်လဲ မဝင်စားဘူး..ယောကျ်ားလေးတွေလဲ စိတ်မဝင်စားဘူး ရှောင်ယဲ့ကိုပဲ သဘောကျတာ တကယ်..အခုဟာက မတော်တဆ အတည်... ကျိန်ပြရမလား...ကိုကို ခလုတ်တိုက်ပြီး ချော်ကျတာ အဲ့တာလန့်ပြီးသူ့ကိုလှမ်းဆွဲမိတာ.."
" နေပါ....ကျိန်တော့မကျိန်နဲ့ ယုံပေးမယ်..ဒီတစ်ခါတော့..ဟင့်..အခုတော့ သွားဦးမယ် ညကျရင်ဖုန်းဆက်"
" အင်းပါ..."
တော်သေးတာပေါ့..နောက်ဆုံး ပြန်အဆင်ပြေသွားလို့။
မိမိအချစ်လေး ရှောင်ယဲ့ စိတ်​ပြေသွားတော့ မှ သက်ပြင်းခပ်ဖွဖွ ချရ၏ ။ကိုယ့်ကောင်မလေးက ကိုယ့်ကို အကြွင်းမဲ့ ယုံတာသိသည်။နေပါဦး..အထဲကကောင်ဘာဖြစ်နေပြီလဲ။
အခုမှ သတိရသွားဟန် အိမ်ထဲ မြန်မြန်ပြန်ဝင်တော့ အခုနက နေရာမှာ ပင် မတ်တပ်ရပ်ကာ နှုတ်ခမ်းကို လက်နှင့်ထိ၍ ကြ က်သေသေနေ၏.။
" ဟေ့ကောင်...စုန့်ကျ်ရမ်...ရမ်..စုန့်ကျိရမ်"
ကိုယ့်ကို လှုပ်ပြီးခေါ်မှ သတိပြန်ဝင်ကာ သူ့စာအုပ်ကို ပြာပြာသလဲ ယူ၍ အခန်းထဲ ပြေးဝင်သွားတော့သည်။
" သူကပဲ ရှက်ရသေးတယ်.. 😏"
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
" ဘယ်...ဘယ်လို လုပ်မလဲ ဆေးခန်းသွားရအောင်ကွာ.."
အိပ်ယာပေါ်တွင်လူးလိမ့်နေသော စုန့်ကျိရမ်ကြောင့် ဝမ်ဟောက်ရွှမ်း ဘာလုပ်လို့လုပ်ရမှန်းမသိ။ဟိုတစ်နေ့က မတော်တဆကိစ္စကြောင့် တောင်းပန်ချင်၍ မနက်က spicy foodလိုက်ကျွေးမိတာ သကောင့်သားက မတည့်ဘူးလဲ မပြော။ကိုယ့်ကိုအားနာ၍ထင်..စားရှာ၏ ။အခုညဘက်ကြီးရောက်မှ ဗိုက်က ရုတ်တရက် ထအောင့်လာကာ လူးလိမ့်နေလေသည်။
" အခု...ချိန်..ဘယ်ဆေးခန်းက..ဖွင့်လို့လဲ.... "
အချိန်က ၁၂ ကျော်နေပြီမို့ ဆေးခန်းတွေက ဖွင့်ပါ့မလားမသေချာ။အားယူပြီးပြောနေရသည့် ဖြူစုတ်စုတ်ကောင်လေးကို သနားမိသွားသည်။မျက်နှာလေးက နဂိုထက်ပို ပြီး ဖြူရော့ကာ နှုတ်ခမ်းသားတို့က လည်း အရောင်မရှိ။
" ဟောက်..ရွမ်း..ငါ့အိတ်ထဲမှာ ဆေး...ရှိသေးလား မသိဘူး "
စာကြည့်စားပွဲပေါ်တင်ထားသည့် အိတ်လေးကို နှိုက်ကြည့်တော့ ဆေးဗူးလေးတွေ့တာမို့ဝမ်းသာအားရဖွင့်လိုက်တော့ တစ်လုံးသာရှိသည်မို့ သူ့ကို အမြန်ပေးလိုက်ရသည်။
ဒီကောင် အစာအိမ်ရောဂါရှိတာကို စောစောက မပြောဘူးကွာ။
ဆေးသောက်ပြီးကာမှ သက်ပြင်းချနိုင်ပေမဲ့ ဖြူဖြူသေးသေးလေးက သက်သာပုံ မပေါ်...ချွေးတွေပါ ထွက်နေတော့သည်။
" ငါတောင်းပန်ပါတယ်ကွာ...နောင်တစ်ခါဆို ငါ့ကို ပြောထားပါဟ..မဆင်မခြင် မလုပ်တော့ပါဘူး "
" ....."
ကောင်လေးတစ်ယောက်ရဲ့ လက်သေးသေးလေးတွေကို ကောင်လေးတစ်ယောက်က ဆုတ်ကိုင်ပေးထားသည်။ဖြူရော့နေတဲ့ မျက်နှာပိုင်ရှင်လေးက ထိုကောင်လေးကို ကြည့်ကာ ပြုံးမိနေတော့သည်။
ထိုညလေးက တကယ့်ကို လှပလွန်း၏ ။
ထိုအချိန်ကစပြီး ဟောက်ရွှမ်း..ကျိရမ်ကို ဂရုစိုက်လာသည်။တစ်ခုခုကို ကျိရမ်ကိုအရင်မေးတော့၏ ။ကောင်လေးတွေက အရင်က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးပေမဲ့ အခုသိသိသာသာ ကျွမ်းဝင်နေကြပြီ။
နှစ်ရက်သုံးရက်သာ ကြာမည်ဟု ပြောသည့် မိဘတွေက တစ်ပတ်ကျော်လောက် ကြာမှသာ ပြန်ရောက်လာကြသည်။ပြန်ရောက်ရောက်ချင်းပြောလိုက်တာက သူတို့နှစ်ယောက်ရဲ့ ဟန်းနီးမွန်းတဲ့။....

My Little PRINCE🍬(Completed) Where stories live. Discover now