အပိုင်း- ၇🍭(Candy Baby)

2.4K 212 3
                                    


(Unicode)

" ဟေ့ကောင် မယုတ်မာနဲ့နော်..မညစ်နဲ့ "
" ဟမ်...ဟမ်...အဖြူကောင် ငါမိတာလေ ဟားဟားဟား "
ဘောလုံးကန်ရင်း ညစ်နေတဲ့ ဝမ်ဟောက်ရွှမ်း ကြောင့် စုန့်ကျိရမ်စွေ့စွေ့ခုန်နေ၏ ။ဦးလေးထျန်း ၊ ရှန်ဖေး ၊ ဝမ်ဟောက်ရွှမ်းနှင့် စုန့်ကျိရမ်တို့ ယောကျ်ားလေးတွေက သဲသောင်ပြင်မှာ ဘောလုံးကန်နေကြသည်။
ဟောက်ရွှမ်းနှင့် ရှန်ဖေးက တစ်ဖွဲ့ ၊ စုန့်ကျိရမ်နှင့် ဦးလေးထျန်းတို့က တစ်ဖွဲ့ ဖြစ်၏ ။
အခုဟောက်ရွှမ်းက စုန့်ကျိရမ်ကို စ ပြီး ညစ်ကာဆော့တာကြောင့် အသေးလေးက စိတ်တွေတိုနေသည်ကိုပင် ကျန်နှစ်ယောက်ကလည်း ကြည့်ကာ တဟားဟား အော်ရယ်နေကြသည်။
ဒေါ်လေးရှင်းရီကတော့ မိန်းကလေးပီပီ သောင်ပြင်မှာ ထိုင်ကာ သူတို့ကို ကြည့်နေသည်။
အကုန်လုံးမောသွား၍ အနားလာကာ ထိုင်ကြတော့သည်။
" ဟေ့ကောင်..ဖုန်းလာနေတယ် "
" အေးး.."
ရှောင်ယဲ့ ဆက်တာဖြစ်လို့ အဝေးတစ်နေရာသွားကာ စကားပြောရသည်။
" ဟယ်လို ရှောင်ယဲ့ "
ထိုနာမည်​ကြောင့် စုန့်ကျိရမ် မျက်နှာနည်းနည်း ညှိုးသွားရသည်။ စိတ်ညစ်ဖိူ့ကောင်းလိုက်တာ..အစကတည်းက အယောင်ဆောင်သတို့သားမဟုတ်ဘဲ တကယ်လက်ထက်ခဲ့ရမှာ လို့ပင် တွေးလိုက်မိ၏ ။
ဖုန်းဆက်ပြီး ပြန်လာတော့ ဟောက်ရွှမ်း သိပ်မျက်နှာမကောင်း..မေးချင်ပေမဲ့ စပ်စုတယ်ထင်မည်ဆိုး၍ မမေးဖြစ်တော့။
🍭❤🍭❤🍭❤🍭❤🍭❤🍭❤🍭❤
" ညကျရင် သောက်ရအောင်ကွာ..ငါတို့..မင်းဒေါ်လေး မသိစေနဲ့ "
ကလေးတွေကလည်း တက်ညီလက်ညီ ခေါင်းညိတ်ကြတော့သည်။
ညရောက်တော့ ဒေါ်လေးရှင်း အပေါ်တက်ကာ နားသည်နှင့် ယောကျ်ားလေးအုပ်စုကတော့ လွတ်လပ်ရေးရသွားကြပြီ။
"ကဲ...ကဲ..ကဲ..cheer "
ခွက်ချင်းတိုင်ကာ ကိုင်မြှောက်ပြီး သောက်လိုက်ကြသည်။စုန့်ကျိရမ် လည်ချောင်းတစ်လျှောက် ပူစင်းသွားရကာ အရသာကလည်း ခါးသက်သက်မို့ တစ်ခွက်နဲ့တင် ဆက်မသောက်တော့။ဝမ်ဟောက်ရွှမ်းကတော့ ဆန့်ကျင်ဘက်..တစ်ခွက်ပြီးတစ်ခွက်ကို မော့မော့ချနေတော့သည်။
ညဘက်မို့ ပင်လယ်ဘက်မှ ဝေ့တိုက်လာတဲ့ လေက တဖြူးဖြူး။ကောင်းကင်ပြင်တစ်ခုလုံးမှာလည်း ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်နှင့် အပြည့်နေရာယူထားသည်။
ကျိရမ်ကောင်းကင်ပြင်ကြီးကို မော့ကြည့်ကာ လေအဝရှုသွင်းလိုက်၏ ။ဒီလို လွတ်လပ်ပေါ့ပါးမှုက မြို့မှာနေလျှင် ရနိုင်မည်မဟုတ်။
" အေ့...သကြားလုံးလေး... မင်းကလေ.ယောကျာ်းလေးဖြစ်ပြီး...ဘာလို့အဲ့လောက်လှရတာလဲ "
သကြားလုံးလေး...သကြားလုံးလေး ဆိုတာ သူ့ကိုခေါ်လိုက်တာလား။မိမိကို သကြားလုံးလေးတဲ့လား။
ပါးတစ်ခုလုံးရဲရဲနီနေတဲ့ အကောင်စုတ်လေးဝမ်ဟောက်ရွှမ်း က မျက်လုံးလေးတွေ မှေးစင်းနေလေပြီ။
" သကြားလုံးလေး..ဟီး..အဲ့နာမည်လေးကို ငါခေါ်ချင်တာ မင်းကို... "
" ဘာလို့ငါ့ကို သကြားလုံးလေးလို့ခေါ်တာလဲ "
ဦးလေးထျန်းနှင့် ရှန်ဖေးကလည်း ပြုံးစစနဲ့ ကြည့်နေသဖြင့် ကျိရမ်ချောင်းဟန့်မိ၏ ။
" မင်း..က..သကြားလုံးနဲ့ တူတယ်..ဟီး..တကယ်ချစ်ဖို့ကောင်းတယ်..ဘာတွေမေး..အေ့..နေလဲ မသိဘူး ရှက်လာပြီ"
မျက်နှာ​လေးကို လက်နဲ့ အုပ်ကာ ပြောနေတဲ့ အမူးသမားလေးက တကယ်အသည်းယားစရာ။
" ငါ..ဝင်တော့မယ်"
ဝမ်ဟောက်ရွှမ်းက အခန်းပြန်မယ်ဆိုတော့ စိတ်မချတဲ့ စုန့်ကျိရမ်က ကူတွဲပေးရ၏ ။တော်ကြာ ဒယိမ်းဒယိုင်နဲ့ လှေကားတက်တာ ချော်လဲနေမှဖြင့် ဟုတ်ပေ့ဖြစ်နေလိမ့်မည်။
" ကျွန်တော်ပါ ဝင်နှင့်တော့မယ် နော် "
" အေးပါကွာ..ဟေးဟေး"
ဟောက်ရွှမ်းကိုတွဲကာ အခန်းထဲ ခေါ်လာရသည်။သကောင့်သားက အိပ်ယာပေါ်လူးလိမ့်နေကာ တစ်ချိန်လုံး သကြားလုံးလေး ဟုရွတ်နေသဖြင့် စုန့်ကျိရမ် စိတ်မရှည်။ဖိနပ်ချွတ်ပေးနေတာကို အငြိမ်မနေတဲ့ ကောင်ကို ခြေထောက်ကို တစ်ချက် အားနဲ့ ရိုက်တော့ ဆက်ခနဲ ထ ထိုင်လာ၏ ။
ထို့နောက် တစ်ခါတည်း သန့်စင်ခန်းပြေးကာ ထိုးအန်တော့တာမို့ ကျိရမ် ကျောကို အသာပွတ်ပေးရ၏ ။အကျီမှာလည်း စွန်းထေးကုန်တာကြောင့် သူက ချက်ချင်းချွတ်တော့ စုန့်ကျိရမ် ချက်ချင်း တစ်ခြားဖက်လှည့်လိုက်ရသည်။
" သကြားလုံးကောင်..အဟွတ်..ဘာဖြစ်နေတာတုန်း.. အေ့"
အမူးကတော့ သိပ်ပြေသေးပုံမပေါ်..မျက်လုံးတွေကတော့ မှေးစင်းနေတုန်းပင်။
အကျီပြန်မလဲဘဲ အကျီချွတ်အတိုင်းသာ အိပ်ယာပေါ်ထိုးအိပ်နေတာကြောင့် နိူးရပြန်သည်။
" ဟေ့...အကျီ လဲ ဦးလေ..သန်းခေါင်ကျရင် အေးနေမယ်..ဟာ..ဟေ့ကောင်"
ရုတ်တရက် လက်ကို ဆွဲလိုက်တာ​ကြောင့် အသေးလေးက ရင်ခွင်ထဲ အလိုက်သင့်ပါလာ၏ ။
ထို့နောက် တစ်ပတ်လှည့်လိုက်တာကြောင့် အသေးလေးက အောက်ရောက်သွားရသည်။ရုန်းဖို့လုပ်ပေမဲ့ လက်ကောက်ဝတ်တွေကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ချုပ်ထားသဖြင့် လှုပ်လို့တောင်မရ။
" ဟောက်ရွှမ်း..ငါမင်းရှောင်ယဲ့ မဟုတ် ဘူးနော့..ပထမအခေါက်ကလည်း မူးပြီး ရှောင်ယဲ့ ထင်နေတယ်..အခုလဲ ရှောင်ယဲ့ ထင်ပြန်ပြီလား..ငါရှောင်ယဲ့..မဟုတ်.."
ပြောမည့်စကား အဆုံးသတ်မရောက်ခင်ပင် ဝမ်ဟောက်ရွှမ်း၏ အနမ်းကြမ်းကြမ်းတို့က စုန့်ကျိရမ်အပေါ် ကျရောက်လာခဲ့၏ ။အနမ်းကြမ်းကြမ်းတွေက ပြင်းထန်လွန်းတာ​ကြောင့် နှုတ်ခမ်းတွေ ပေါက်ထွက်မတတ်ပင်။
အသက်ရှုပ်ရပင်ကျပ်နေပြီ..ရုန်းပေမဲ့ ချုပ်ထားတာကြောင့် လှုပ်လို့ပင်မရ။
ခဏကြာမှ ရပ်လိုက်တော့ ထိုအခါမှ သာ ကျိရမ် အသက် ဝ ဝရှုရတော့သည်။
" ကျိရမ်..."
ဟမ်..သူမမူးဘူးလား..။
"ငါ့ကို ခွင့်လွှတ်ပါ..."
စုန့်ကျိရမ် ဘာမှ မပြောရသေးသည့်အချိန်တွင်ပင် စုန့်ကျိရမ်၏ ပုခုံးထက် မျက်နှာအပ်ကာ ငိုနေသော ကောင်လေး။
သူခံစားမိတာပေါ့..ကောင်လေးက သူ့မျက်ရည်တွေကို မမြင်စေချင်၍ မျက်နှာဖွက်ထားတာမှန်း။
ကျိရမ်..ကောင်လေး၏ ကျောပြင်ကို သိုင်းဖက်ကာ ခပ်ဖွဖွ ပွတ်ပေးတော့ ကောင်လေးက ပိုလို့သာ ငိုနေတော့သည်။
" ကျိရမ်...ငါ....ငါကတော့ သူမကို တကယ်ချစ်ခဲ့ရတာ..ဒါပေမဲ့ ရုတ်တရက် လမ်းခွဲစကားဆိုလာတယ်..ငါ..နာကျင်ရတယ်"
ပုခုံးသားထက် မျက်နှာအပ်ကာ ငိုနေတဲ့ ကောင်လေးက အသံတိုးတိုးပြောတော့ ကျိရမ် သက်ပြင်းတစ်ချက် ခိုးကာချမိ၏ ။
" မင်းသိလား...ငါလေ..ရင်ဘတ်ထဲက တစ်ဆစ်ဆစ်နဲ့ကွာ..သူမကို ငါ တကယ်ချစ်ခဲ့တာ ဒါပေမဲ့ ငါ့အပြောကိုတောင် မစောင့်ဘဲ ဖုန်းချသွားတယ်...လမ်းခွဲရအောင်တဲ့..အကြောင်းပြချက်လဲ မပြောဘူး..ငါဘာမှားလို့လဲ..ငါဘာအမှားလုပ်မိလို့လဲကွာ"
ခဏကြာတော့ ဝမ်ဟောက်ရွှမ်း နှင့် စုန့်ကျိရမ် နှစ်ယောက်သား အိပ်ယာပေါ်မှာပင် ထိုင်လိုကိကြ၏ ။ငိုထားတာကြောင့် ဖောင်းအစ်နေတဲ့ မျက်လုံးလေးက ကျိရမ်ကိုမဝံ့မရဲ ကြည့်လာ၏ ။
" သကြားလုံး...မင်းကို သကြားလုံးပဲ ခေါ်မယ်..ငါခုနက ကိစ္စအတွက်တောင်းပန်ပါတယ် "
စုန့်ကျိရမ်က ပြုံးပြပြီး ခေါင်းငြိမ့်တော့မှ အပြုံးခပ်လျော့လျော့ တုန့်ပြန်လာသည်။
" ဟောက်ရွှမ်း.. ဘာလို့ မျိုသိပ်ထားရတာလဲ...ဘာလို့အစကတည်းက အခုလို မပေါက်ကွဲ ပစ်တာလဲ..နောက်တစ်ခါမင်းခံစားရသမျှမြိုသိပ်မထားနဲ့ "
" ငါ..."
" မင်းသိလား...မင်းသူမကို တကယ်ချစ်ခဲ့တယ်..ဟုတ်ပြီ..ဒါပေမဲ့ အ​ကြောင်းပြချက်မရှိဘဲ လမ်းခွဲသွားတယ်ဆို..ခဏတာ သူစိတ်ဆိုးတာနေမှာပါ..မင်းဒီလောက်သူ့အပေါ်ဂရုစိုက်ပေးတာ သူမက လမ်းခွဲနိုင်ပါ့မလား..မင်းဖြောင်းဖြကြည့်ပေါ့ "
" မသိတော့ဘူးကွာ... မစဥ်းစားချင်သေးဘူး..ငါပြန်အိပ်တော့မယ်.."
" အင်းပါ..ဒါနဲ့ အင်္ကျီဝတ်ဦး... အေးနေလိမ့်မယ် "
" အင်း..."
ကောင်လေးတစ်ယောက်က သူ့ကောင်မလေး လမ်းခွဲ၍ ခံစားကာ ပေါက်ကွဲခဲ့ပေမဲ့ တခြားကောင်လေးတစ်ယောက်ကတော့ ချစ်ရသူကောင်လေးက တခြားသူအတွက် ခံစားနေတာကို မြင်ရတာနှလုံးသားတစ်ခုလုံး ဆွဲစုတ်ခံရသလို နာကျင်နေ၏ ။သို့ပေမဲ့ အနှီ လူသားလေးကတော့ သူ၏ ခံစားချက် တစ်စုံကို မြိုသိပ်ထားခဲ့လေရဲ့။
ခရီးကပြန်လာပြီးကတည်းက ဟောက်ရျွမ်း အပြုံးတို့က ဖျော့တော့လာသည်။
" သားလေးတို့...အမေတို့ စိတ်ချမယ်နော်..ဂျပန်မှာက ဘယ်နှစ်လကြာမယ်မှန်းမသိဘူးရယ်..ကလေးနှစ်ယောက်တည်း အဆင်ပြေပါ့မလား မသိတာ"
" မိန်းမရယ်..ကလေးပေါက်စတွေလဲ မဟုတ်တော့ဘူး"
" မားမား..ကျွန်တော်တို့ကို စိတ်ချပါ "
" မားမား ပြောချင်တာက ဝမ်ယဲ့ကလည်း မရှိဘူးဆိုတော့ သားတို့အတွက် ဘယ်သူဟင်းချက်ပေးမှာတုန်း"
ထိုစကားကြောင့် Mr.Wangရော စုန့်ကျိရမ်ပါ ခပ်တိုးတိုးရယ်လိုက်၏ ။
" ဟေ့...မိန်းမ မင်းမသိတာလား..ကျိရမ်က ဟင်းချက်အရမ်းတော်တယ်ဆိုတာ.."
" တကယ်လား...အာ့ဆိုရင်တော့ အမယ်လေး ..စိတ်ချတာပေါ့..ကဲ..လေယာဥ်ချိန်နောက်ကျတော့မယ် သွားမယ်နော် ကလေးတွေ "
" ဟုတ်"
ဘေးနားက ဝမ်ဟောက်ရွှမ်းကအသက်တောင်ရှိသေးရဲ့လား။တစ်လျှောက်လုံး မိမိသာပြောနေတယ်..သူကတော့ လှုပ်တောင်မလှုပ်ပေ။ဒီပုံစံကြီးကို မမြင်ချင်လိုက်တာ။အရင်ကလိုပဲ ပြန်မြင်ချင်သည်။

My Little PRINCE🍬(Completed) Where stories live. Discover now