အပိုင်း- ၉🍭🤦‍♀️

2.3K 218 10
                                    

(Unicode)

" အခု ခင်ဗျားတို့ ငြိမ်ငြိမ်နေပေးလို့ရမလား.."
အကုန်လုံးက ရန်ပွဲမပြတ်သေး၍ ရဲစခန်းရောက်တာတောင် လှုပ်လှုပ်ရွရွဖြစ်နေကြသေးသည်။
" နာမည်.."
" ဟမ်.. "
စုန့်ကျိရမ်ကိုမေးတော့ သူလေးခင်ဗျာ ကြောက်ဆုတ်ဆုတ်ဖြစ်နေရှာ၏ ။
" နာမည်လို့မေးနေတာဟ.. ကျောင်းသားတွေ ..အသက်တောင်မပြည့်သေးဘူး..ဘယ်လိုဝင်လာကြပါလိမ့် "
" ကျွန်တော်ကအသက်၂၀ ကျော်ပြီဗျ..🙃"
သူ့ကိုကျောင်းသားလို့ပြောတော့ တစ်စက်မှ မခံ..ပြန်အော်တော့သည်။ဝမ်ဟောက်ရွှမ်းကတော့ မျက်မှောင်ကြီးကျုံ့လျက် သား။
နောက်တော့ ကျိရမ် အမေနဲ့ အဖေရောက်လာပြီး ပြသနာရှင်းကာ သူတို့နှစ်ယောက်ကို ပြန်ခေါ်ထုတ်လာတော့သည်။
" မင်းတို့ကွာ...ဘာကိစ္စဒီလို နေရာကိုရောက်လာရတာလဲ.."
အဖေကဆူတော့ ကျိရမ် ခေါင်းလေးကိုသာ ငုံ့ထားနိုင်သည်။ဝမ်ဟောက်ရွှမ်း ဘာမှဝင်မပြောရဲ။
" က​လေးတွေကို မဆူပါနဲ့ရှင်..သူတို့လဲ ရောနှောပြီးပါလာတာပဲ."
" မင်းအဲ့လို ကျပ်ကျပ်အလိုလိုက်လို့..စုန့်ကျိရမ်က ရန်တောင်ဖြစ်တတ်နေပြီ..အခု "
" တောင်းပန်ပါတယ်.."
" ဟူး..ငါဘာမှ မပြောချင်တော့ဘူး..အလုပ်ရှိသေးတယ်..ငါ့အလုပ်တွေမပြီးသေးဘူး..ဒဏ်ရာတွေကို ဆေးခန်းပြဦး "
" ဟုတ်.."
အဖေနဲ့ အမေကို အနှောင့်အယှက် ပေးမိသဖြင့် စုန့်ကျိရမ်စိတ်ခုနေရသည်။
တစ်လမ်းလုံး ကျိရမ်..ဟောက်ရွှမ်းကို စကားမပြော..ကားမှန်ကနေသာ အပြင်ကိုငေးနေခဲ့သည်။အခုလိုကျတော့ ဝမ်ဟောက်ရွှမ်းမနေတတ်။မိမိကောင်မလေးအကြောင်းအခုမှ အစုံသိသွားတော့ အသည်းကွဲဖို့ နေနေ..စိတ်တောင်တိုမိတော့သည်။
မိမိအပြင်တွဲနေတာ နှစ်ယောက်သုံး​ယောက်မက။ကိုယ်နဲ့တွဲနေစဥ်ကိုပင် တခြားတစ်ယောက်နှင့် ထပ်တွဲသည်။ဟူး..မလွယ်လိုက်တာ။
အိမ်ရောက်တော့လဲ ကိုယ့်ကိုစကားမပြော..အခန်းထဲတန်းဝင်သွားတာကြောင့် စိတ်ညစ်ကာ သက်ပြင်းချပြီး ဆိုဖာပေါ်မှာသာ ပျင်းတိပျင်းရွဲ ထိုင်နေလိုက်တော့သည်။ခဏနေပြန်ထွက်လာသဖြင့် ချက်ချင်း ကိုယ်နေကိုပြန်မတ်ရတော့သည်။
" ဒီဘက်လှည့်.."
" ဟင်"
"ဒီဘက်လှည့်လို့ပြောနေတာ"
သူ​ပြောသည့်အတိုင်း သူ့ဘက်လှည့်တော့ ကိုယ့်မျက်နှာက ဒဏ်ရာတွေကို ဆေးထည့်ပေးနေသည်။ဖြူဖွေးဖွေး သူ့ပါးလေးမှာညိုနေတဲ့ ဒဏ်ရာလေးက သူနဲ့မလိုက်ဖက်လိုက်တာ။
" နောက်တစ်ခါ ရန်ဖြစ်ရင် မင်းနဲ့ငါသေခန်းပြတ်ပဲ "
" တောင်းပန်ပါတယ်..ငါ့ကြောင့် "
နှုတ်ခမ်းနားက ဒဏ်ရာ ကို အားပြင်းပြင်းနဲ့ ဖိလိုက်တော့ ဝမ်ဟောက်ရွှမ်း ထ အော်တော့၏ ။
" နာတယ်မလား...နာတော့နာတတ်တယ်မလား နောက်တစ်ခါ ရန်မဖြစ်နဲ့ ငါမကြိုက်ဘူး"
" အင်း...စကားနားထောင်ပါ့မယ်..ငါ့ကို စိတ်မဆိုးနဲ့တော့နော်...နောက်ရက်ကျရင် မင်းကို cafeတစ်ခု လိုက်ပို့ပေးမယ်  "
" shi....အိမ်မှာလဲ ကပ်ပါဦး "
မျက်စောင်းလေး တထိုးထိုးနှင့် အကောင်လေးကို ဟောက်ရွှမ်း မျက်တောင်တွေ မခတ်ဘဲ ကြည့်နေမိတော့သည်။

My Little PRINCE🍬(Completed) Where stories live. Discover now