အပိုင်း- ၈🍭(သူပေးတဲ့ nickname)

2.3K 215 1
                                    


(Unicode)
" ရှောင်ယဲ့..တောင်းပန်ပါတယ်....ကိုယ်ဘာအမှားလုပ်မိလို့ လမ်းခွဲစကားပြောခဲ့ရတာလဲ"
" ရှင့်ကိုကျွန်မ ဖုန်းမဆက်ပါနဲ့တော့လို့ပြောတယ်မလား..မတွဲချင်တော့လို့ လမ်းခွဲတာသိပြီလား"
" မဟုတ်ဘူး...မဟုတ်ဘူး..အဲ့လိုဖြစ်စရာအကြောင်းမှ မရှိတာ "
" အိုက်ယား..စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..အိမ်ထောင်ရှိတဲ့ ယောကျာ်းတစ်ယောက်ကို လိုက်ကပ်နေရအောင်သောက်ရူးမဟုတ်ဘူး... ရှင်းပြီလား.."
" ဘာ..."
" ဟုတ်တယ်လေ...ရှင်က လက်ထပ်ပြီးသား လူတစ်ယောက် ကျွန်မက မကောင်းတဲ့သူဖြစ်သွားမှာပေါ့ ရှင်နဲ့ ဆက်တွဲ ရင်.."
" ဒါပေမဲ့..ဒါက ဟန်ဆောင်တာပဲလို့ပြောပြီးပြီလေ "
" မသိဘူး...မသိဘူး..ထပ်ပြီး ဆက်သွယ်မလာနဲ့နော်.."
ဝမ်ဟောက်ရွှမ်း ဆံပင်တွေကို ထိုးဖွကာ ဒေါသကြောင့် ဘေးနားက ပန်းအိုးကို ခွဲပစ်လိုက်သည်။ကြမ်းပြင်ပေါ်တွင် ကြွေစအပိုင်းတွေက ဟိုတစ်ခုဒီတစ်ခု ပွစာကြဲနေ၏ ။ကျိရမ် အောက်ထပ်ကနေအသံကြားတာကြောင့် အခန်းထဲကနေ ထွက်လာလိုက်သည်။
အပေါ်ထပ်ကနေ ဆင်းလာတဲ့ သကြားလုံးလေးကို မြင်တော့ သက်ပြင်းဖွဖွချလိုက်၏ ။သို့ပေမဲ့ အကွဲအစတွေရှိနေ၍ တားလိုက်ပေမဲ့ နောက်ကျသွားပြီ။အသေးလေးရဲ့ ခြေဖဝါးမှာ သွေးထွက်ကာ ရဲရဲနီနေ၏ ။
" ကျိရမ်...!! "
" အာ့..."
" ကျိရမ်...ဘာကိစ္စဆင်းလာတာလဲ ကွ..မင်းနဲ့တော့..တောက်.... ဝမ်ယဲ့..ဒီအကွဲအစတွေအခုလာရှင်းစမ်း.."
" ဟုတ်ကဲ့..အစ်ကိုဝမ်"
အိမ်အကူ ဝမ်ယဲ့က အမေတို့သွားပြီး တစ်ရက်နှစ်ရက်လောက်ကြာတော့ ပြန်ရောက်လာ၍သာတော်သေးသည်။
ကျိရမ်ကို ပွေ့ချီလိုက်တော့ အကွဲအစတွေရှင်းနေတဲ့ ဝမ်ယဲ့က ပြုံးစစ ၊ ကျိရမ်ခြေထောက်က သွေးတွေမြင်တော့မှ ပြာပြာသလဲ အော်တော့လေသည်။
" အ..အစ်ကိုလေး ဘယ်လိုဖြစ်တာလဲ ခြေထောက်မှာသွေးတွေ..မဖြစ်ဘူး အစ်ကိုဝမ် ညီမဆေးသေတ္တာသွားယူပေးမယ် "
" အာ့ဆိုရင်တော့ ကျေးဇူး "
ပြာပြာသလဲ ပြေးလာကာ ဆေးသေတ္တာယူလာသည်။
ကျိရမ်ခြေထောက်ကို ဆေးထည့်ပေးသော သကောင့်သားလေးက မျက်မှောင်လေးကို ကျုံ့ထားကာ အရမ်းမလုပ်ရဲ။
မထိရဲမကိုင်ရဲဖစ်နေတဲ့ ဝမ်ဟောက်ရွှမ်း ငနာကို စိတ်မရှည်တော့၍ ပိတ်အော်လိုက်သည်။
" ဟေ့ကောင်..အဲ့လိုလေး တတို့တို့လုပ်နေလို့ ပျောက်မလားဟ🙃ဖယ် ငါ့ဘာသာ လိမ်းတော့မယ်..တကယ်ပဲ "
" ကျိရမ်..စိတ်မဆိုး... "
" ဘာကိစ္စပန်းအိုးကို ခွဲရတာလဲ...ဟဲ့ကောင်ရ! !!"
အော်ထည့်လိုက်တော့ ဝမ်ဟောက်ရွှမ်း ခင်ဗျာ ကိုယ်လေးတောင်တုန်တက်သွားရ၏ ။လူကောင်သေးသလောက် စုန့်ကျိရမ်တို့က အသံစွာသည်။
" ရှောင်ယဲ့က..."
" ငါထင်တယ်..မင်းအဲ့ကောင်မလေးကြောင့်ပဲမလား...မင်းကိုဒီတစ်ခါတော့ မနှစ်သိမ့်ပေးနိုင်ဘူး..ငါအကြိုက်ဆုံးပန်းအိုးကိုမှ ခွဲပစ်တယ်"
ပြောပြီး တစ်ခြားတစ်ဖက်သို့ ချက်ချင်းလှည့်သွားသော သကြားလုံးလေးရဲ့ စကား​​ေကြာင့် ဟောက်ရွှမ်း ရင်ထဲဒိန်းခနဲ။အဲ့တာကြောင့်ငါ့ကိုခုနကတည်းက ရန်လိုနေတာကို။
ဝမ်ဟောက်ရွှမ်း..ရာ...မင်းဟာလေ လုပ်လိုက်ရင်အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ။
" ငါ...တောင်းပန်ပါတယ်ကွာ..ပြန်ဝယ်ပေးပါ့မယ်နော် ကျိရမ်..စိတ်မဆိုးပါနဲ့ "
" နေတော့ကွာ..ဝယ်မနေနဲ့တော့ ဒီလို ရှင်းရှင်းလင်းလင်းလေးက ပဲ ပိုကောင်းပါတယ်"
"............"
" ဒါနဲ့ မင်းကို သူကဘာပြောလို့ အဲ့လောက်ပေါက်ကွဲရတာလဲ "
" ငါ့လိုလက်ထပ်ပြီးသားလူနဲ့မတွဲနိုင်ဘူးတဲ့..ဟန်ဆောင်ထားတာပါ​ပြောတာတောင် မရဘူး "
" နောက်ဆုံးတော့လဲ..ဒီကမ်းပဲ..ဟင်း..ငါ့အပြစ်ပါလေ..အစကတည်းက ငြင်းပေးသင့်တာ "
" မ..မဟုတ်ဘူး..မင်းအပြစ်လုံးဝ မဟုတ်ဘူး..သိပြီလား..ဆေးသေတ္တာသွားပြန်ထားဦးမယ်"
" အင်း..."
🍭💗🍭💗🍭💗🍭💗🍭💗🍭💗🍭💗
ကိုယ်စိတ်ညစ်နေတာ ဘယ်ရောက်သွားမှန်းမသိ၊ အသည်းကွဲနေတာက ကြ က်ပျောက်ငှက်ပျောက်ကို ပျောက်သွားရသည်။
အသေးလေးက ကိုယ်တွေပူကျစ်နေ၏ ။သေချာတာတော့ အနာအရှိန်ကြောင့် ဖျားနေပြီထင်။ဆူးသွားတာကလည်း နည်းနည်းနောနောမှမဟုတ်တာ။
သကောင့်သားလေးက ဖြစ်ပြီဆိုလည်း ဆေးခန်းတွေ ပိတ်တဲ့ အချိန်မှ ထ ထ ဖြစ်သည်။
" ဝမ်ယဲ့..ရေအသစ်ထပ်ပေးဦး "
" ဟုတ်.."
အသေးကောင်လေးကို ကိုယ်ပူများလျော့သွားမလား..အထင်ဖြင့် နှဖူးကို ရေစိုအစလေးနှင့် ကပ်ပေးနေခြင်းပင်။
" ဝမ်ယဲ့..နင်သွားနားတော့ "
" အစ်ကိုဝမ်..ရရဲ့လား တစ်ယောက်တည်း "
" အေးဆို.."
" အာ့ဆို သွားနားတော့မယ်နော် "
" အင်း"
အိပ်နေရင်း သကောင့်သားလေးက မျက်ရည်တွေစီးကျကာ ငိုနေသည်လေ ။
ပါးစပ်မှလည်း ယောင်ယန်းကာ ပြောနေ၏ ။
" ဟောက်ရွှမ်း..ငါ့ကိုထားမသွားပါနဲ့ကွာ..ငါတောင်းပန်ပါတယ်..နော်....ငါ့ကိုထားမသွားပါနဲ့ကွာ "
ထိုစကားကြောင့်ယောက်ရွှမ်း ရင်တွေခုန်နေ၏ ။ရှက်နေတာကြောင့် မျက်နှာလည်းပူလာရသည်။
ထပြီးထွက်သွားဖို့လုပ်တော့ အသေးလေးက မိမိလက်ကို လှမ်းဆွဲ လိုက်သဖြင့် ပြန်ထိုင်နေရသည်။သူ့လက်ဖြူဖွေးဖွေးကို ပြန်အုပ်ကိုင်တော့ပြုံးယောင်လေးသန်းကာ အိပ်နေ၏ ။
" တော်တော်လည်တဲ့ကောင်"
ကိုယ်ပါအဖြူကောင်လေးကို ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်မိသည်။
သံယောဇဥ်..အနေကြာလာသည်နှင့်အမျှ.
သံယောဇဥ်ဆိုတဲ့ ကြိုးတစ်ချောင်းက
သူတို့နှစ်ယောက်ကြားမှာ
ရစ်ပတ်နေလေပြီ။
ထိုညတစ်ညလုံး စုန့်ကျိရမ် လက်လေးကို ကိုင်ကာ ဟောက်ရွှမ်း အိပ်ပျော်သွားခဲ့သည်။
" အစ်ကို... အဟွတ်..အဟွတ်"
ဝမ်ယဲ့ တံတွေးတောင်သီးသွားရသည်။စုန့်ကျိရမ်အတွက် ဆန်ပြုတ်ယူလာပေမဲ့ ဝမ်ဟောက်ရွှမ်းကတော့ ခွံ့တောင်ကျွေးနေပြီ။
ကြည်နူးဖို့ကောင်းတဲ့ အတွဲလေးလို့သူမထင်မိသည်။တစ်ယောက်ကလည်း သူ့ကောင်လေးကို ဂရုတစိုက် ပူမှာဆိုး၍မှုတ်ပေးကာ တိုက်လေသည်။နောက်တစ်ယောက်ကလည်း နေမကောင်းသာဆိုတယ်..ပါးစပ်ကနားရွက်တက်ချိပ်မတတ် ပြုံးပျော်လို့..မျက်နှာလေးကို ကြည်နေတာပဲ။
" အော်..သကြားလုံး..ဟိုမှာ ဝမ်ယဲ့ ဆီမှာဆန်ပြုတ်ရှိသေးတယ်..ထပ်စားဦး "
" တော်ပြီကွ...မစားချင်တော့ဘူး ဗိုက်တင်းနေပြီ.."
နဖူးလေးပေါ်လက်တင်ကာ ကိုယ်ပူစမ်းတော့ သူပါသိချင်၍ မျက်လုံးလေးပေကလပ်ပေကလပ် လာလုပ်ပြနေတာ ချစ်ဖို့ကောင်းသဖြင့် မျက်နှာကို ချက်ချင်းလွှဲမိသွားသည်။
လက်နဲ့နှဖူးကိုဆောင့်တွန်းလိုက်တော့ သကြားလုံးကောင်က ပွစိစိနဲ့ ဘာတွေပြောနေမှန်းမသိ။
" ဟေ့ကောင်..ငါ့အတင်း ဘာတွေတုပ်နေတာလဲ...ပြောရင်ကြားအောင်ပြော.. ဟင်း..ကိုယ်တောင်သိပ်မပူတော့ဘူး..ညတုန်းကတော့ သေပြီတောင်ထင်တာ"
" မင်းငါ့ကိုဒီတစ်သက်စကားအကောင်းပြောဦးမှာလား ဝမ်ဟောက်ရွှမ်း "
" တော်တော့ ..အသံကျယ်တိုင်း လာအော်မနေနဲ့ အနာဆေးလိမ်းမယ်..ဝမ်ယဲ့ အဲ့မှာ မတ်တပ်သေမနေနဲ့..ဆေးသေတ္တာယူခဲ့ "
" ဟုတ်...ဟီးဟီး "
မျက်နှာကစပ်ဖြီးဖြီးနဲ့... ဝမ်ယဲ့ကို ကြည့်ကာ ခေါင်းသာတွင်တွင်ခါမိသည်။
သကြားလုံးလေး...သကြားလုံးလေးလို့ သူခေါ်တဲ့နာမည်လေးကို အတော်သဘောကျသည်။သူပြောတယ် သူ့ကောင်မလေးကိုတောင် nicknameလေးနဲ့ မခေါ်ဘဲ ကျွန်တော့်ကိုတော့ ပထမဆုံးဆိုတာကြောင့် ပိုပြီး သဘောကျသည်။
💗🍭💗🍭💗🍭💗🍭💗🍭💗🍭💗🍭
အခုဆို တော်တော်သက်သာလာပြီး ခြေထောက်ကအနာကလည်းသက်သာလာပြီ။ဒီနေ့တော့ ဟောက်ရွှမ်း..ကျိရမ်နဲ့အတူတစ်နေ့လုံးအပြင်လျှောက်သွားဖြစ်သည်။
"သကြားလုံးလေး.."
" ဘာတုန်း..."
" Club သွားရအောင်.."
" ပင်ပန်းနေပြီကွ "
မျက်နှာငယ်လေး လုပ်ပြတော့ သက်ပြင်းဖွဖွ ချသည်။ မနေနိုင်တော့တဲ့ အဆုံး ခေါင်းသာငြိမ့်လိုက်ရ၏ ။
" ဟေးဟေး..."
မီးရောင်စုံကြားကတောက်ပနေမှုတွေ ၊ သံစဥ်တွေက မြူးကြွကာ အလှလေးတွေက မိတ်ကပ်အပြည့်နှင့်။လူများလွန်း၍ စုန့်ကျိရမ် ကတော့ သဘောမကျ။စိတ်အိုက်လွန်း၍ မျက်မှောင်သာ ကျုံ့နေမိပြီ။
" ရော့.."
အရက်ပြင်းပြင်းတစ်ခွက် ကို လက်ထဲလာထိုးထည့်တော့ သောက်ချင်စိတ်မရှိ၍ သူ့ပြန်ပေးလိုက်သည်။
" ဟေ့ကောင်..မြူးမြူးကြွကြွနေစမ်းပါဟ"
" မင်းပဲနေပါ..ငါဒီမှာပဲ ထိုင်တော့မယ် "
" ပြီးရော.."
လူအများကြားထဲ ရောက်သွားသော ဝမ်ဟောက်ရွှမ်း ကို ကြည့်၍သာ အအေးတစ်ခွက် သောက်နေလိုက်တော့၏ ။
ဟောက်ရွှမ်း..လူအများကြားမှ မိမိကောင်မလေး ရှောင်ယဲ့ကို မြင်တော့ လက်ကို ဆွဲလိုက်၏ ။သူမက ကိုယ့်ကို မြင်သည်နှင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။
" ရှောင်ယဲ့..မင်းငါနဲ့ ရှင်းရဦးမယ်"
"လွှတ်..ကျွန်..ကျွန်မ... "
သူမကလည်းရုန်းနေတာမို့ လက်ကို မလွတ်အောင် အတင်းကိုင်ထားရ၏ ။တစ်ယောက်ယောက် က ဟောက်ရွှမ်းကို တွန်းလိုက်တာကြောင့် ထိုလူကို ကြည့်လိုက်သည်။
အရပ်ရှည်ရှည်..ဗလ တောင့်တောင့်နှင့် ထိုလူက မိမိကို မထင်မဲ့မြင်အကြည့်နှင့် ကြည့်ကာ ပြောလာသည်။
" မင်းငါ့ကောင်မလေးကို ဘာလုပ်တာလဲ ဟေ့ကောင်"
" ဘာ..ကောင်မလေး..အဲ့တာကျွန်တော့ကောင်မလေးဗျ.."
ထိုလူက ကျစ်တစ်ချက်စုတ်သပ်လိုက်ပြီး ဟောက်ရွှမ်း ကို ကြည့်ကာ ရယ်၏ ။
" ရူးနေလား..မင်း..ဘာဖြစ်ချင်နေတာလဲ ဒါငါ့စော်ကွ..."
" ဒါ..ပေမဲ့..ရှောင်ယဲ့..မင်းရှင်းစမ်း "
" ရှောင်ယဲ့..အချစ်..မင်းဒီကောင်နဲ့သိလား..သူပြောတာဟုတ်လား"
" မ..မဟုတ်ဘူး.."
" ဘာ..မင်းလိမ်မပြောနဲ့လေ "
" ကျွန်မရှင့်ကို မသိဘူး..မြင်လဲ မမြင်ဖူးဘူး..ကိုကို..သူလျှောက်ပြောနေတာ..ရှောင်ယဲ့ သူ့ကို သိတောင်မသိဘူး "
" မင်း.."
ထိုလူ ဟက်ခနဲ ရယ်လိုက်ကာ.. ဝမ်ဟောက်ရွှမ်းကို စပြီး လက်သီးနဲ့ ထိုးတော့လေ၏ ။
" ဒီကောင်ကတော့..."
ဝမ်ဟောက်ရွှမ်းကလည်း တစ်ချက်ပြန်ထိုးကာ ထိုနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်လေသည်။
ရန်ဖြစ်နေတာ သူတို့နှစ်ယောက်တည်းမဟုတ်၊ တခြားအုပ်စုနှင့်ပါ ရောကုန်သဖြင့် ဗလုံးဗထွေး ဖြစ်ကုန်ရလေသည်။
စုန့်ကျိရမ်..ရုတ်ရုတ်သဲသဲဖစ်နေသဖြင့် ကြည့်တော့ ကိုယ်တော်လေးက ရန်ဖြစ်နေတာကြောင့် အမြန်ထိုနေရာသို့သွားကာ ဆွဲတော့ လူတစ်ယောက်က စုန့်ကျိရမ်ကိုပါ ထိုးလိုက်လေ၏ ။မျက်နှာဖွေးဖွေးလေးက.ချက်ချင်းရောင်ကိုင်းသွားရသည်။
စုန့်ကျိရမ်ထိတော့ ဝမ်ဟောက်ရွှမ်းလည်း ဒေါသပိုထွက်ကာ ပြန်လုပ်သဖြင့် ရန်ပွဲကမရပ်သည့်အပြင် နောက်ဆုံး သူ့အုပ်စုကိုယ့်အုပ်စု အကုန်ရောနှော၍ ရဲစခန်းသို့ရောက်သွားကြရသည်။
         

My Little PRINCE🍬(Completed) Where stories live. Discover now