အပိုင်း ၁၀ 🍭❣

2.3K 210 4
                                    

Ep_ 10 🍭❣
(Unicode)

ဧည့်ခန်းထဲမှ ခုံပေါ်တွင် ထိုင်ကာ TV မှ လာသော အစီအစဥ် တစ်ခုကို ဖွင့်ကြည့်နေလိုက်၏ ။
အဖြူကောင်လေးက ကိုယ့်ဘေးလာထိုင်ကာ ပုခုံးကို နှိပ်နေတော့ သိချင်သောကြောင့် မေးလိုက်သည်။
" ဘာဖြစ်လို့တုန်း "
" မသိဘူး...ဟောက်ရွှမ်း ပုခုံးတွေ အရမ်းကိုက်ပြီး ဘယ်လိုကြီးလဲ မသိဘူး..အယ်..ဟုတ်သာ..ဟီး..ဟောက်ရွှမ်း နှိပ်ပေးပါလား 😌"
" သွား...လာမခိုင်းနဲ့..မင်းဘာသာနှိပ် "
" နော်...မင်းကလည်းကွာ "
အပျင်းထူကောင်လေးက နှုတ်ခမ်းကို ဆူထော်ကာ ချွဲနေသဖြင့် ရယ်ချင်စိတ်က တဖွားဖွားရယ်။
" ယောကျ်ားလို့ခေါ်..."
ချက်ချင်း မျက်နှာလေးက ခရမ်းချဥ်လေးလို နီရဲတွတ်နေတော့ ဟောက်ရွှမ်း အသည်းယားလာသဖြင့် ပါးကို လိမ်ဆွဲလိုက်သည်။
" မ....မခေါ်ဘူး..."
" မခေါ်ရင် ကိုယ့်ဘာသာနှိပ် "
ထ ပြီး သွားဖို့ လုပ်တော့ ငပျင်းလေးက လက်ကို ဆွဲကာ puppy eyeလေး လုပ်ပြလေသည်။မျက်နှာချိုသွေးနေတာ...ဘယ်လောက်ပျင်းလဲ မပျင်းလဲ အဲ့မှာသာကြည့်။တကယ်တော့ ဘာမှမဟုတ်...သကောင့်သားလေးက ဇိမ်ခံချင်နေတာ။ဟောက်ရွှမ်း အရင်တစ်ခါပုခုံးနှိပ်ပေးပြီးကတည်းကို နောက်ကျတော့ အမြဲ လာချွဲလေရော။
နောက်ဆုံးတော့လဲ အရှုံးပေးလိုက်ရတာက ဝမ်ဟောက်ရွှမ်းပင်။သကောင့်သားလေးရဲ့ ပုခုံးသေးသေးလေးတွေကို လက်နှင့်အသာနှိပ်နှယ်ပေးရ၏ ။

" Ring....Ring📱"
ဖုန်းလာတော့ စုန့်ကျိရမ် အလျင်အမြန်ကိုင်လိုက်တော့၏ ။
" ရန်ယွဲ့...အင်း..."
ထ်ုနာမည်ကြားသည်နှင့် ဟောက်ရွှမ်း မျက်နှာရှုံ့မဲ့မိတော့သည်။အခုတလော စုန့်ကျိရမ်သကောင့်သားက ရန်ယွဲ့ဆိုသည့် မိန်းမနှင့် အရမ်း တွဲသွားတွဲလာလုပ်နေသည်ကို တွေ့ရ၏ ။တကယ်ကို မကြိုက်...။
" ဘယ်သွားမလို့လဲ "
ချက်ချင်း ထိုင်နေရာမှ ထကာ ထွက်သွားဖို့ လုပ်နေသော စုန့်ကျိရမ်ကို မေးငေါ့ကာ မေးတော့ မချိပြုံးပြုံး၍ ဖြေ၏ ။
" အခုလေ..ရန်ယွဲ့ သူငယ်ချင်းက စာအုပ်ဆိုင်အသစ်ဖွင့်...."
စကားပင်ဆုံးအောင် မပြောရသေး...ဝမ်ဟောက်ရွှမ်း ခုံကို လက်သီး ဆုပ်နှင့် အုန်းခနဲ ထုကာကျိရမ်ကို မျက်စောင်းခဲ ၍ အခန်းထဲ ခြေဆောင့် ကာ ဝင်သွားလေ၏ ။
" ဒီ.....ဒီ...တစ်ယောက်က ဘာဖြစ်သွားရတာတုန်း"
စုန့်ကျိရမ် တစ်ယောက် ခေါင်းတွင်တွင်ခါလျက်သာ ထွက်သွားတော့သည်။
အခန်းထဲက ကောင်လေးကတော့ စိတ်တိုလွန်းသဖြင့် ထိုင်ရခက်ထရခက်ဖြစ်နေလေသည်။အဲ့မိန်းမနဲ့ စဆုံပြီးကတည်းကို စုန့်ကျိရန် ပါးစပ်ဖျားမှ ရန်ယွဲ့ဆိုသည့် နာမည်ကို လုံးဝမချတော့ပေ။အလွန် စိတ်တိုဖို့ကောင်းလှ၏ ။မိမိနှင့် အရင်လို စကားတောင် သိပ်မပြောဖြစ်။ကျိရမ်ကတော့ မသိပေမဲ့ ဘေးနားက မြင်သည့်သူတိုင်း ထိုမိန်းကလေးကျိရမ် အပေါ်ခံစားချက်ရှိနေတာကို သိမည်။နေရထိုင်ရခက်လွန်းလှသည်။ကိုယ်နဲ့လက်ထက်ထားတဲ့သူက တခြားတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်ခြင်းကို မြင်နေရသည်မှာ အဆင်မပြေလှ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဆိုင်လေးက တကယ်ကောင်းတာပဲ အပြင်အဆင်လေးကလည်း သဘောကျတယ် bookshopကို cafeနဲ့ တွဲဖွင့်ထားတာဆိုတော့ တကယ်အဆင်ပြေတယ် "
" ကျွန်မပြောသားပဲ...ကျိရမ်ရဲ့... တကယ်ချစ်စရာလေးပါဆို ဆိုင်က..ဒါက ကျွန်မ တစ်ဝက်ပိုင်တယ်လေ ဟီး "
" ကောင်းတာပေါ့...မင်းစဥ်းစားတတ်တာပဲ "
စုန့်ကျိရမ်နှင့် ရန်ယွဲ့စကားပြောကာ ထောင့်နားနေရာလေးမှာ ထိုင်လိုက်ကြသည်။နေရောင်ပျပျလေးက စားပွဲပေါ်ကို ဖြာကျနေတော့ အလင်းရောင်ကောင်းကောင်းရသည်။
ရန်ယွဲ့ သူမ၏ ဆံပင်တွေကို နားနောက်သို့ အသာပို့လျက် အပြုံးချိုချိုလေးနှင့် ပြော၏ ။
" ကျိရမ်... "
စာအုပ်ဖတ်နေတဲ့ စုန့်ကျိရမ် သူမကို မျက်ဆံလှန်ကာ ကြည့်လိုက်သည်။
" ကျွန်မ..."
ရန်ယွဲ့ သူမ၏ နှုတ်ခမ်းသားကိုတစ်ချက်ကိုက်ကာ ပြောရမည်လား မပြောသင့်လား စဥ်းစားနေလေသည်။
" ရန်ယွဲ့...ဘာဖြစ်လို့လဲ "
" ကျွန်မတို့..ပြန်စကြရအောင် ကျိရမ် "
ထိုစကားကြောင့် ကျိရမ် တစ်ချက်ဟက်ခနဲ ရယ်ချလိုက်သည်။
" ရန်ယွဲ့ မင်းက ဘာကို ပြောချင်တာလဲ "
" ကျွန်မတို့Dateကြရအောင် "
" အိုး...ငါက အိမ်ထောင်ရှိတဲ့ယောကျ်ားဆိုတာ မင်းမေ့နေတာလား "
" ဟင့်အင်း...ဒါပေမဲ့ အဲ့တာ ယောကျ်ားတစ်​ယောက်လေ "
" ဝေ့...စကားကို အဲ့လိုမပြောနဲ့...ဘာပဲဖြစ်ဖြစ် ငါက လက်ထက်ပြီးသားသူတစ်ယောက်...ရန်ယွဲ့... ပြီးတော့ ငါတို့နှစ်ယောက်ကပြီးခဲ့တာကြာပြီ တောင်းပန်ပါတယ် "
စုန့်ကျ်ရမ် ပါးချိုင့်လေးခွက်ဝင်သည်အထိ ပြုံးကာပြောတော့ သူမ မျက်ရည်ဝဲလာသည်။
" ဒါပေမဲ့...ရှင်ရောကျွန်မရော တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ရှိနေကြသေးတယ်လေ ဒီတောအတွင်း ရှင်ကျွန်မကို ဂရုစိုက်တယ်..ယုယ.. "
" sorry! !! ငါ့အပြုအမူတွေက အဲ့လိုသဘောမျိုးရောက်သွားစေတယ်ဆိုရင် တောင်းပန်ပါတယ် ရန်ယွဲ့ မင်းကငါ့အခင်ရဆုံး သူငယ်ချင်းမို့လို့ ဂရုစိုက်ပေးရုံပါ "
သူမနားမလည်နိုင်..ကျိရမ် အခုတလောသူမကို အရင်လို ဂရုစိုက်ပေးတာတွေက သူငယ်ချင်းမို့လို့တဲ့လား။
" ငါသွားတော့မယ်... ရန်ယွဲ့ "
ထွက်သွားဖို့ လုပ်တဲ့ စုန့်ကျိရမ်ကို သူမတားလိုက်သည်။
" ရှင်..သူ့ကို သဘောကျနေတာလား "
တုန့််ပြန်မှုက အပြုံးတစ်ခုသာ။ဆိတ်ဆိတ်နေခြင်းကဝန်ခံခြင်းဟုဆိုလျှင် သူမ​ပြောသည့်စကားကို အပြုံးနှင့်သာ ဖြေသော ကျိရမ်က တကယ်များလား ။
နှုတ်ခမ်းသားကို နာနာကိုက်မိ၏ ။
" ကျွန်မအခုရှင့်ဆီ ပြန်လာတာတောင်... "
" ငါသွားပြီ "
" ကျိရမ်...ကျိရမ်.... "
သူမတားခွင့်မရှိ...သူမချစ်တဲ့သူက ကျောခိုင်းထွက်သွားလေပြီ။
လက်သီးတို့ကို တင်းတင်းဆုပ်ကာ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ်ကိုက်ကာ မျက်ရည်တို့က အတားအဆီးမဲ့စွာကျဆင်းလာရသည်။
ကျွန်မရက်စက်ခွင့်ရှိမလား...ချစ်ရတဲ့သူကို
ပိုင်ဆိုင်နိုင်ဖို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထိုနေ့ပြီးကတည်းက ကျိရမ်နှင့်သူမ မဆက်သွယ်ဖြစ်ပေ။ သူမဘက်က ဆက်သွယ်လာပေမဲ့ စုန့်ကျိရမ် ငြင်း၏ ။
သူမကို စုန့်ကျ်ရမ် သဘောကျဖူးတာမှန်ပါသည်။သို့ပေမဲ့ ရည်းစားဆိုသည့်အခြေအနေထိ မရောက်ခဲ့ပေ။
" ဟေ့ကောင်...ဘာတွေ စဥ်းစားနေတာလဲ "
ဟောက်ရွှမ်းက ဘောက်ဆတ်ဆတ်ပြောတော့မှ ကျိရမ် သတိဝင်လာသည်။ပန်ကိတ်လုပ်​ပေးမည်ဟု ကိုယ်တော်က ကြွေးကြော်ထားသဖြင့် စုန့်ကျိရမ် ထိုင်စောင့်နေခြင်းပင်။
" ဝေ့...ဟောက်ရွှမ်း မင်းပန်ကိတ်ရော ရပြီလား..နှာခေါင်းမှာလဲ ဂျုံတွေပေနေတယ် "
" ဘယ်မှာလဲ လာလုပ်ပေး "
နှာခေါင်းထိပ်လေးကိ​ု လက်ဖျားလေးနဲ့ ခပ်ဖွဖွ တို့ထိကာ သုတ်ပေးတော့ ရုပ်ကလေးက ပြုံးစိစိရယ်။စုန့်ကျိရမ် ကြည့်ရင်း စချင်လာသဖြင့် နှာခေါင်းကို အားနဲ့ ညှစ်ချလိုက်တော့ အသံပြဲနဲ့အော်ပါလေရော။
" အာ့....ဟေ...ဟေ့ကောင် ငါ့နှာခေါင်းပြတ်ပြီထင်တာ "
မျက်စောင်းတထိုးထိုးနဲ့ ပြောနေတဲ့ ကောင်စုတ်လေးရဲ့ နှာခေါင်းလေးက ရဲရဲနီသွားလေ၏ ။
" 😂😂😂😂 "
မိမိကို ကြည့်ပြီး ဗိုက်နှိပ်ကာ ရယ်နေတဲ့ အဖြူကောင်လေးကို မှတ်လောက်သားလောက်အောင် ဆုံးမဖို့ ပါးနုနုကို ဖျတ်ခနဲ နစ်ဝင်အောင် နမ်းချတော့ ချက်ချင်းကို ခရမ်းချဥ်သီးလေးဖြစ်သွားလေရော။
ချစ်ဖို့ကောင်းလွန်းသည်။စုန့်ကျိရမ်ဆိုသည့်ကောင်လေးက ဝမ်ဟောက်ရွှမ်း ဆိုသည့်ကျွန်တော့်ကို အရာရာပြောင်းလဲသွားစေသည်။
နားလည်ခဲ့ပြီ။နောက်ဆုံးတော့ အချစ်ဆိုတာ ဘယ်လောက်ချိုမြိန်သည့်အရာဆိုတာ သဘောပေါက်ခဲ့လပြီ
~~~~~~~~~~~~~~♥~~~~~~~~~~~~~~~
လက်ထဲမှ ကော်ဖီခွက်ကို ကိုင်ကာ ဝရံတာမှ မြင်နေရသည့် ညအလှကို တဝကြီးခံစားလိုက်၏ ။ဆံနွယ်တွေ ကို ဖားလျှားချကာ ညအိပ်ဝတ်စုံ အပါးလေးနှင့်သူမက တကယ့်ကို စွဲမက်ဖွယ်ရာ အလှပဂေးလေးပင်ဖြစ်သည်။မဲပြုံးတစ်ချက်ကို ပန်ဆင်ထားတဲ့ သူမရဲ့ မျက်ဝန်းတွေက တော့ အကြံအစည် များ ၊ တွေးတောမှုများနှင့် ပြည့်နှက်နေလေသည်။
" ကျိရမ်....ရှင့်ကို ပိုင်ဆိုင်ရဖို့ ကျွန်မဒီနည်းလမ်းကို သုံးမှပဲရတော့မယ်...တောင်းပန်ပါတယ် ကျွန်မ ရှင့်အတွက် ပြန်လာခဲ့ပေမဲ့ ရှင်က အချစ်ကို ပြောင်းလဲ ခဲ့တာပဲ...ဟက်..ဝမ်ဟောက်ရွှမ်း အတွက် စိတ်မကောင်းပေမဲ့ပေါ့ "

My Little PRINCE🍬(Completed) Where stories live. Discover now