အပိုင်း ၁၁🍭( 💔)

2.3K 211 6
                                    


( Unicode)
ခွက် ကိုင် ထားသော သူမ၏ လက်တွေကတော့ တဆက်ဆက် တုန်ယင်နေရှာသည်။ဒီနေ့အတွက် ဝမ်ဟောက်ရွှမ်း ရောက်လာတော့ သူမ အစီအစဥ် မအောင် မြင်နိုင်တော့ပေ။ကြံစည်ထားသည်က ပျက်သွားတာမို့ အံကြိတ်ကာ တောက်ခေါက်မိ၏ ။
စုန့်ကျိရမ်က သူမကို ဝတ်ကြေတမ်းကြေ နှုတ်ဆက်သော်လည်း ဝမ်ဟောက်ရွှမ်းကမူ မျက်နှာသေနှင့်သာ။
အောက်လိုက်တာ...သူမဘက်က။
"ငါ့အကြံ ဘယ်လိုလုပ်ရတော့မှာလဲ...နေဦး"
သူမ စိတ်ညစ်ရင်း ည ည်းတွားစဥ် အတွေး ထဲ တစ်ခုခု ဖျတ်ခနဲ လင်းလာသည်က
" ငါ့အကြံအစည်မအောင်မြင်လဲ အထင်လွဲအောင်တော့ လုပ်လို့ရတယ်..ဟုတ်..အိုက်ယိုး..ငါဒါကို ဘာလို့မစဥ်းစားမိပါလိမ့်..ဟင့် "
ကျေနပ်ပြုံးပြုံးကာ သူမပီတိဖျာနေလေသည်။သူမ၏ နားရွက်နားမှ ဆံနွယ်တွေ ကို နားနောက်ညှပ်ကာ မဲ့ပြုံးပြုံးနေလေသည်။

အကုန်လုံး လူငယ်တွေ ချည်းဖြစ်သည့်အတွက် အထက်တန်းကေ​ျာင်းမှ သူငယ်ချင်းတွေ ပြန်တွေ့ဆုံသည့်အခါ အတိုးချပြီး ကဲ ကြလေသည်။စုန့်ကျိရမ် တဖြည်းဖြည်း စိတ်ရှုပ်လာလေပြီ။ဒီလို ဆူဆူညံညံတွေ သူသဘောမကျသည်မို့။
" ဝမ်ယီပေါ်..ငါအပြင်မှာ သွားနေလိုက်ဦးမယ် "
" ဘာလို့လဲ ကျိရမ် မင်းကလည်းကွာ မတွေ့တာကြာတဲ့သူတွေ ဆုံတာကို "
" ခဏပဲ... လမ်းထွက်လျှောက်ချင်လို့ "
" အေး...အေး.. မင်းကောင်လေးရော မခေါ်ဘူးလား "
ဝမ်ယီပေါ် ထ​ပြောတော့ ယွီပင်းကပါ သံယောင်လိုက်လာ၏ ။
" မင်းရဲ့အချစ်လေးနဲ့...roမလို့မလား...ဟားဟား "
" မင်းတို့ကစဖို့ကြီးပဲ...ငါအပြင်ခဏ လမ်းလျှောက်ဦးမယ် "
" အေး..အေး "
ဝမ်ဟောက်ရွှမ်းက သောက်နေသောကြောင့် မနှောင့်ယှက် ချင်သဖြင့် တစ်ယောက်တည်းသာ အပြင်ထွက်လာခဲ့သည်။
သို့ပေမဲ့လည်း ကျိရမ် ထွက်သည်နှင့် ဝမ်ဟောက်ရွှမ်းတို့ နောက်မှ လိုက်လာလေ၏ ။
" ကျိရမ်.. "
" အော်..အထဲမှာ မနေဘူးလား "
" ငါလဲ စိတ်အိုက်လို့ "
" အပိုတွေ "
စုန့်ကျိရမ် ပါးချိုင့်လေး ခွက်ဝင်သည်အထိ ရယ်ကာ မျက်လုံးလေးတွေကို မှိတ်၍ ညချမ်းလေနုနုကို ခံစားနေလေသည်။
ထိုသို့သော လှပသည့် ကောင်လေးက ဝမ်ဟောက်ရွှမ်း ရင်ကို ဗလောင်ဆူစေ၏ ။
မိမိကို စိုက်ကြည့်နေသော ဘေးနားက ဝမ်ဟောက်ရွှမ်းကို ပြန်ကြည့်ပေးလိုက်တော့ ချက်ချင်း ကို အကြည့်လွှဲသွားသည်။
" ဟောက်ရွှမ်း...ဘာပြောမလို့တုန်း တစ်ခုခုပြောစရာရှိလား "
" ငါ...ငါ... ဘာမှ မဟုတ်ဘူး "
" သေချာလို့လား 🙃"
" ဟင့်အင်း တကယ်တော့ ငါ...toiletသွားဦးမယ် ခဏ "
ထိုသို့ပြောပြီး သုတ်ခနဲ ထွက်ပြေးသွားသော ကောင်ကို ကြည့်ကာ ကြောင်အန်းနေရတော့လေသည်။
" ကြောင်တောင်တောင်နဲ့ "
ခေါင်း တခါခါနှင့်သာ ပြောမိတော့၏ ။တစ်ဖန် တစ်ဖက်တစ်ချက်မှ ဝေ့တိုက်လာသော လေပြေသွေးနုနုကို အတော်အတန် ခံစားလိုက်၏ ။အနောက်မှ ခြေသံသဲ့သဲ့ က မိမိဆီ တဖြည်းဖြည်း လျှောက်လှမ်းလာတော့ ပါးချိုင့်လေးပေါ်လာသည်အထိ ပြုံးကာ လှည့်ကြည့်လိုက်သည်။
"ဝမ်ဟောက်ရွှမ်း...ပြန်လာပြီလား "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဟူး...ကျိရမ် ရော့"
" မဖြစ်ဘူးလေ...roဆန်ဆန်လေးပေးရမှာပေါ့...ကျိရမ် ငါမင်းကို ပေးစရာရှိတယ် "
" အိုက်ယိုး ဘယ်လိုပြောပြီး ပေးရမလဲ "
တစ်ယောက်တည်း မှန်ကြည့်ကာ စကားတွေ ပြော၍ လက်ထဲမှ ဆဲဲကြိုးလေးကို ပေးရန် လေ့ကျင့်နေသော ဟောက်ရွှမ်းက ရယ်စရာတော့ ကောင်းလှသည်။နေပုံစံ လော့ကသီးလေးနှင့် ဆွဲကြိုးလေးကို တစ်ချက်ကြည့်ကာ ရှက်ပြုံးပြုံးမိတာ ဘယ်နှစ်ကြိမ်မှန်းမသိ။
မနက်က မလိုက်ဘူး ငြင်းသောကြောင့် စိတ်ဆိုးတဲ့ကောင်လေး..သူဟိုးတစ်ခါက လိုချင်သည်ပြောသဖြင့် မှတ်ထားရတာ။
" အိုက်ယိုး... တစ်ကယ်ချစ်ဖို့ကောင်းတဲ့ကောင် ..အာ..အဟမ်း...ကျိရမ် မင်းအတွက် ငါ့မှာလက်ဆောင်တစ်ခုရှိတယ်"
" ဘာလဲ"
" ဒီဆွဲ ကြိုးလေးလေ..... ကျိရမ် မင်းကငါ့ရဲ့ နေမင်းကြီးပဲ "
" အိုက်ယား....ငါတော်တော်တတ်..ဟားဟား"
တစ်ယောက်တည်း ကြိတ်ရယ်ကာ ဆဲဲကြိုးလေးကို ဗူးထဲ ပြန်ထည့်ပြီး အပြင်ပြန်ထွက်လာခဲ့သည်။
" ကျိ...."
နာမည်ပင်ဆုံးအောင် ခေါ်ခွင့်မရ..မြင်လိုက်ရသည့်ထိုမြင်ကွင်းက ရင်ဝတည့်တည့်ဆောင့်ကန်လိုက်သလိုပင်။လုပ်ရက်လိုက်တာ...ငါ့ရှေ့မှာ ငါချစ်တဲ့သူက တစ်ခြားမိန်းမနဲ့ နမ်းနေတယ်တဲ့လား။
နာကျင်မှုနဲ့ အတူ ဝမ်းနည်းမှုရော ဒေါသပါ ရောယှက်လာရသည်။
မိမိကို မြင်သည်နှင့် ထိိုမိန်းမကို တွန်းကာ အပြာသလဲ ပြောနေသော ကောင်ကို တစ်ချက်မျက်ဆံလှန်ကြည့်ပေးလိုက်၏ ။
" ဟောက်ရွှမ်း...ငါမဟုတ်.. "
" ဟက်....ငါဘာပြောရသေးလို့လဲ... ငါဘာမှ မဖြစ်ပါဘူး ပြန်တော့မယ်လို့လာပြောတာ "
" ဟောက်ရွှမ်း...ဟောက်ရွှမ်း...ငါမဟုတ်ဘူး "
ကိုယ့်ရှေ့မှာ ထိုမိန်းမက မဲ့ပြုံးပြုံးကာ ကိုယ်ချစ်ရသူ၏ လက်မောင်းကို ချိတ်ကိုင်ထားသည်ကိုတွေ့ရတာ မျက်နှာပြောင်တိုက်လွန်းလိုက်တာ။ပြောစရာစကားပင်ပျောက်ရှသွားသောကြောင့် ဘာမှ ပြောမနေတော့ဘဲ ကားကို အရှိန်ပြင်းစွာမောင်းလာခဲ့တော့သည်။
" ဘာလို့လဲ....ဘာလို့ ဒီနေ့မှလဲကွာ...အကုန်အဆင်ပြေနေပြီးမှ...တောက် "
ဒေါသရော ဝမ်းနည်းမှုပါ ယှဥ်တွဲလာသဖြင့် မျက်ရည်တွေက ကျဆင်းလာရ၏ ။ကိုယ့်ရှေ့မှ အရာအားလုံးလည်း မှုန်ဝါးနေရသည်။ဘေးနားက ဖုန်းသံက တရဆက်မြည်နေပေမဲ့ မကိုင်ဖြစ်။ဖုန်းကို powerပိတ်ထားလိုက်သည်။
ဒေါသကြောင့် အသားတွေ အင် တဆက်ဆက်တုန်နေလေပြီ။ကားကိုလည်း ပို၍ ပို၍ အရှိန်ပြင်းစွာ ဦးတည်ရာမဲ့ ရောက်တတ်ရာရာမောင်းလာလေ၏ ။
ရုတ်တရက်.....
မိမိရှေ့တွင် အခြားကားတစ်စီး၏ ဝင်ရောက်လာမှုကို မထိန်းနိုင်တော့သောကြောင့် ကားနှစ်စီး တိုက်မိသွားတော့သည်။ဘာဖြစ်သွားမှန်းမသိတော့သော်လည်း ပါးစပ်ဖျားမှ သကြားလုံးလေး ဆိုသည့် အမည်လေး ခေါ်ရင်း လောကတစ်ခုလုံး အမှောင်ကျသွားခဲ့လေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဘာ....ဝမ်ဟောက်ရွှမ်း ပြန်မရောက်သေးဘူး ဟုတ်လား "
" ဟုတ်ကဲ့ အစ်ကိုဝမ်... က အစ်ကိုလေးနဲ့ ရှိနေတာမဟုတ်ဘူးလား "
" သူအရင်ပြန်သွားတာ...ဝမ်ဟောက်ရွှမ်း မင်းဘယ်သွားနေတာလဲကွာ "
စုန့်ကျိရမ် ဟောက်ရွှမ်း ပြန်သွားသည်နှင့် အနောက်မှ ချက်ချင်းပြန်လိုက်လာသော်လည်း ဘယ်နေရာတွင် လွဲသွားရသနည်း။
" Ring.....Ring ( 📱)"
ဖုန်းမြည်သံကြောင့်ကိုင်လိုက်တော့ တစ်ဖက်မှ ပြောသည့်အသံကြောင့် ခေါင်းတွေပူထူကာ ရင်ထဲဆစ်ခနဲပင်။မိမိကိုယ်တိုင်တောင် မသိဘဲ လက်ထဲမှ ဖုန်းက လွတ်ကျသွားခဲ့၏ ။
" အစ်ကိုလေး...ဘာဖြစ်လို့လဲ...အစ်ကိုလေး....အစ်ကိုလေး "
ဝမ်ယဲ့ တားချိန်တောင် မရလိုက်ခင်စုန့်ကျ်ရမ် ကားစက်နှိုးကာ အပြင်ပြန်ထွက်သွားတော့သည်။
" မဖြစ်ဘူးလေ...အဲ့လိုဖြစ်လို့မရဘူးလေ "
ဆေးရုံရောက်တော့လဲ တခြားဘာကိုမှ မမြင်နိုင်..သူရှိရာသို့သာ အသည်းအသန် ပြေးရတော့သည်။မြင်လိုက်ရသည့်မြင်ကွင်းက စိတ်မချမ်းမြေ့စရာ။
" doctor....doctor...ဟောက်ရွှမ်း...ဟောက်ရွှမ်း.."
" ကျေးဇူးပြုပြီး အပြင်ကပဲစောင့်နေပေးပါ.."
" ...... "
Operation room ရှေ့တွင် အရုပ်ကြိုးပြတ်ထိုင်ချကာ မျက်ရည်တွေနှင့် ပြည့်နှက်နေသောကောင်လေး။မေ့မျောနေပေမဲ့ ချစ်ရသူကိုသာ တမ်းတနေသော ကောင်လေး။
ထို့နောက် စုန့်ကျိရမ်၏ မိဘတွေပါရောက်လာကာ ကျိရမ်ကို နှစ်သိမ့်ပေမဲ့ ပူလောင်နေမှုတွေက ကင်းမသွား။အရှူးတစ်ယောက်လို ငိုလိုက် ထိုင်လိုက် ထလိုက်ဖြစ်နေသော သားလေးကို ကြည့်ကာ ဘယ်မိဘက စိတ်ချမ်းသာနိုင်ပါ့မလဲ။
" အဲ့တာငါ့ကြောင့်ဖြစ်ရတာ...ငါ့ကြောင့် "
မျက်ဝန်းမှ မျက်ရည်တွေက တလဟောစီးကျကာ ပါးစပ်မှလည်း သူ့ကြောင့် ဟုသာ တဖွဖွပြောနေရှာသည်။
မိဘဖြစ်သူတွေက တော့ သက်ပြင်းသာ ချမိကြတော့၏ ။
အထဲမှ doctorထွက်လာသည်နှင့် စုန့်ကျိရမ် ပြာပြာသလဲ ပြေးကာ မေးမိသည်။
" ဟောက်ရွှမ်း....သူ..သူဘယ်လိုနေလဲ  "
" လူနာက ခေါင်းတော်တော်ထိထားတယ် အခုလောလောဆယ်တော့ သတိမရနိုင်သေးဘူး ဘယ်တော့သတိရမယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး "
ဆရာဝန်ထွက်သွားသည်နှင့် စုန့်ကျိရမ် တစ်ယောက် မျက်ရည်တွေ ကျလာပြန်ပြီ။
ထိုနေ့ကတည်းက ကျိရမ် ထမင်းကောင်းကောင်းမစား၊ ညဘက်ဆိုလည်း တစ်ညလုံး မအိပ်ဘဲ သူချစ်ရသူ၏ ဘေးနားမှာသာ စောင့်ကြပ်ပေးသည်။ညတိုင်း ချစ်သူ၏ လက်ကို ကိုင်ကာ ကြိတ်ငိုမိတာလည်း အခါပေါင်းမနည်း။
" သားရယ်...နားပါဦး...သား မအိပ်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ "
" ရတယ် မားမား..မားမားနားလိုက်လေ သားက အဆင်ပြေတယ် "
" ဒီအတိုင်းဆို နင် လဲ သွားမယ် ကလေးစုတ်ရဲ့ "
" ရပါတယ်"
" ခေါင်းမာလိုက်တာ "
ဝမ်ချင်းမင်ကိုယ်တိုင်တောင် ပြောမရသည့် ခေါင်းမာလွန်းသော သမက်လေးရယ်။မိမိသား ဝမ်ဟောက်ရွှမ်း၏ accidentသတင်း ကြားပြီးပြီးချင်း သူမ ချက်ချင်း အလုပ်တွေ ဖျက်ကာ ပြန်လာခဲ့သည်။Mr.Wangကို တော့ ဟိုမှာသာ ထားခဲ့လေသည်။
အခုသားက သတိမရသေးတာတစ်မျိုး သမက်ကလည်း မကြာခင် အားနည်းပြီး လဲတော့မယ်။သူမစိတ်ညစ်ရပါ၏ ။
ခေါင်းသာတွင်တွင်ခါ၍ သူမ ထွက်သွားရတော့သည်။
Ep11

My Little PRINCE🍬(Completed) Where stories live. Discover now