အပိုင်း-၄🍭(မင်္ဂလာဦးည)Unicode ver

2.8K 155 4
                                    

မင်္ဂလာပွဲ ပြီးတော့ ညရောက်တော့လဲ မတင်းတိမ်နိုင်သေး။ခြံဝန်းထဲတွင် party ထပ်ကျင်းပသေးသည်။တတ်လဲ တတ်နိုင်ကြတဲ့လူကြီးတွေ။

ဟောက်ရွှမ်း မြင်သမျှလူ ရယ်ပြနေရတာ ပါးစပ်တော်တော် ညောင်းနေပြီဖြစ်၏ ။စုန့်ကျိရမ်ဆိုတဲ့ ပေါက်စကောင်ကတော့ ဝိုင်ခွက်ကိုင်ကာ ပြုံးရယ်ပြီး တခြားသူတွေနှင့်စကားပြောနေ၏ ။

လူကြီးတွေကလည်း သူတို့မိတ်ဆွေတွေနဲ့ စကားပြောနေကြတာမို့ ဟောက်ရွှမ်း ထောင့်တစ်နေရာသွားကာ မိမိအချစ်လေးရှောင်ယဲ့ကို ဖုန်းခေါ်လိုက်၏ ။
" ရှောင်ယဲ့.."
" အဟင့်..ကိုကို..ရှောင်ယဲ့ တကယ်မခံစားနိုင်ဘူး ငိုချင်နေပြီ ဒီနေ့တစ်နေ့လုံး အဲ့သတင်းတွေတက်လာလို့ ဖုန်းတောင်မသုံးတာကို tvမှာပါ သတင်းတက်လာတယ်..အဟင့်..အဟင့် ကိုကို"
" ရှောင်ယဲ့..မငိုပါနဲ့နော်"
" ကိုကို..ရှောင်ယဲ့ဆီလာခဲ့ပါလား"
ဖုန်းပြောနေရင်း ကိုယ့်ဘေးနားရောက်လာတဲ့ စုန့်ကျ်ရမ်ကို မဝံ့မရဲလေးကြည့်လိုက်တော့ သူကအသာခေါင်းငြိမ့်ပြတာမို့ ဝမ်းသာသွားရသည်။
" ရှောင်ယဲ့..အာ့ဆို..ကိုကို"
စကားပင်ဆုံးအောင် မပြောရသေး.. အမေနဲ့အဖေက ရောက်လာပြီး ကိုယ့်ကို မျက်နှာသေကြီးနဲ့ ကြည့်နေကြတာကြောင့်  တံတွေးပင် မျိုချမိ၏ ။
" ငါသိနေတယ် ဝမ်ဟောက်ရွှမ်း..မင်းဟာလေ ဘယ်လောက်ပြောပြော မရဘူး နင်ငါ့ကို တကယ်စိတ်ဒုက္ခပေးပါလား ဟမ်"
" အမေ ကျွန်တော် "
" တော်တော့..ဆက်မပြောနဲ့တော့ ကိုယ်နဲ့လက်ထက်ထားတဲ့ သူတစ်ယောက်လုံးရှိတာတောင် အဲ့ မိန်းမကို ခင်တွယ်နေတုန်းပဲလား ဟမ်"
" ဒါပေမဲ့.."
" ငါဘာမှ မပြောတော့ဘူး နင်လုပ်ချင်တာလုပ်"
အမေတကယ်ကို စိတ်ဆိုးသွားတာဖြစ်မည်။အဖေကလည်း ကိုယ့်ကို ကြည့်ကာ သက်ပြင်းချလျက်ပင် အမေ့နောက်မှ လိုက်သွား၏ ။ကိုယ့်ဘေးမှာ ကျန်ခဲ့တာက ဖြူစုတ်စုတ်ကောင်လေး စုန့်ကျိရမ်သာ။
ကျိရမ် စိတ်ညစ်နေတဲ့ ဟောက်ရွှမ်းကို ပုခုံးပုတ်ကာ နှစ်သက်ပေးဖို့ လုပ်ပေမဲ့ သူက ကိုယ့်ကို မကျေကြည့်ကြည့်ကာ ထွက်သွားသဖြင့် ကျိရမ် တကယ်စိတ်မောရသည်။

Partyပွဲ အပြီး ပြန်သူကပြန်၊ လူကြီးတွေကလည်း အိမ်ထဲ ပြန်ဝင်ကာ အနားယူကြပေမဲ့ လူငယ်တွေကတော့ ခြံဝန်းထဲမှာပင် သောက်စားကာ ကျန်ခဲ့၏ ။
" လာ..လာ..လာ.. ခွက်ချင်းတိုက်ရအောင်"
" cheer.!!!!"
သောက်တာ အရမ်းများနေပြီဖြစ်တဲ့ ဝမ်ဟောက်ရွှမ်း ကို စုန့်ကျိရမ် ဖြောင်းဖြပေမဲ့ ကာယကံရှင်က သူကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် မထင်ဘဲ ဆက်သောက်နေသည်။
" ဝမ်ဟောက်ရွှမ်း..မင်းအရမ်းများနေပြီ"
" ဖယ်ကွာ..မင်းနဲ့သာလက်မထက်ရင် ငါအခုဆို ရှောင်ယဲ့လေးနဲ့ ပျော်ပျော်နေရမှာ အခုမင်းကြောင့်"
စုန့်ကျိရမ် ဒေါသထောင်းခနဲထွက်သွားရ၏ ။မိမိနှင့်ဘာမျှပင်မဆိုင်ပါဘဲ မိမိအပြစ်ဟု စွပ်စွဲသည်လေ။
စုန့်ကျိရမ်..ဝမ်ဟောက်ရွှမ်းဆိုသည့်ကောင်ကို ဆယ်ချက်လောက် ထ ထိုးချင်နေပြီဖြစ်၏ ။
" ငါ..အထဲ ဝင်နှင့်တော့မယ် မင်းဘာသာ တက်ချင်တဲ့ အချိန်တက်ခဲ့"
စုန့်ကျိရမ် အိမ်ထဲ ပြန်ဝင်ခါနီး နားစွန်နားဖျားကြားဖြစ်အောင်ကြားလိုက်သေးသည်က ဟောက်ရွှမ်းသူငယ်ချင်းတစ်ယောက် ပြောလိုက်သည်ကိုပင်ဖြစ်သည်။
" ဟေ့ရောင်..ဟောက်ရွှမ်း သတို့သားလေးနောက် မြန်မြန်လိုက်လေကွာ..အေ့"
🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬
ခေါင်းတွေ မူးနေကာ အမြင်တွေက ဝေဝါးနေ၏ ။မြင်ရသမျှက နှစ်ခွဖြစ်နေသလို ဘယ်ဟာမှ သည်းသည်းကွဲကွဲ မရှိ။
ဒယိုင်းဒယိုင်နှင့် လျှောက်လာပေမဲ့ ကိုယ့် အခန်းကိုတော့ မှတ်မိပါသေးသည်။
ကျေနပ်သွားဟန် အခန်းတံခါးကို အသာဖွင့်ကာ ဝင်ပြီး စိတ်ရှုပ်စရာ ကောင်းလှသည့် အပေါ်ထပ် အကျီ ကို ချွတ်ပစ်ပြီး အိပ်ယာပေါ် စိတ်ရှိ လက်ရှိ ပစ်လှဲ လိုက်တော့၏ ။
ရေချိူးပြီး ရေချိုးခန်းထဲ က ထွက်လာတော့ အိပ်ယာပေါ် ကန့်လန့်ဖြတ်ကာ အိပ်ပျော်နေတဲ့ တစ်ယောက် ကို ဘုကြည့်ကြည့်ပေးလိုက်သည်။
" ဟင်း..."
စိတ်ပျက်ဟန် ခေါင်းခါ၍ သူပစ်ချထားသည့် အဝတ်ကို ကောက်ယူ၍ သေချာ ခေါက်ပေးရ၏ ။
ရုတ်တရက် ငေါက်ခနဲ ထ ထိုင်ကာ ကိုယ့်ကို သေချာစိုက်ကြည့်နေတာကြောင့် လူက လုပ်နေလက်စတောင် တန့်သွားရသည်။
မိမိရှေ့တွင် မြင်နေရသည့် ဝိုးတိုးဝါးတား ပုံရိပ်လေးက ဖြူဖြူသေးသေးလေးမို့ ပြုံးလိုက်မိ၏ ။
" ရှောင်ယဲ့....က်ုကို့ဆီလာတာ လား ချစ်ဖို့ကောင်းလိုက်တာ"
ကုတင်ပေါ်က ထ လာပြီး ရှောင်ယဲ့ ဆိုသည့်နာမည်ခေါ်ကာ ကိုယ့်ကို ဖက်ပြီး ပက်ချွဲနပ်ချွဲလာလုပ်နေသည့်ကောင်က ဝမ်ဟောက်ရွှမ်း မှ ဟုတ်လေရဲ့လား။
" ဟေ့ကောင် ဖယ် ကွာ.. ငါအခုမှ ရေချိူးထားတာ မင်းဆီက ချွေးတွေ ကြီးပဲ "
မျက်လုံးလေးပေကလပ်ပေကလပ်နှင့် စိုက်ကြည့်ကာ
" အိုက်ယား...ရှောင်ယဲ့ မဟုတ်ဘူးပဲ သတို့သားလေး စုန့်ကျိရမ်..အေ့..မင်းလေးက အခုလိုလေးကျတော့ တစ်မျိုးလေး ချောနေပြန်ရော"
မျက်လုံးနှစ်လုံးကို အတင်း​ပြူး​ပြဲ၍ဖြူဖြူသေးသေးလေးကို ကြည့်မိတော့ ဆံပင်နက်နက်လေးတွေက အခုမှခေါင်းလျှော်ထားကာ သုတ်ထားသည်ထင်၊နဖူးလေးပေါ်အုပ်မိုးနေ၏ ။တီရှပ်အပွ အဖြူရောင်လေးနဲ့ ပေါင်လောက် short pantsလေးကို ဝတ်ထားတော့ ဖြူဖွေးဖွေး ပေါင်သားလေးတွေကြောင်​့ဟောက်ရွှမ်း အကြည့်တို့ က မလွှဲနိုင်တော့သည်အထိ။
လူကို သူ့ကောင်မလေး ရှောင်ယဲ့ ထင်နေလား မသိ။အတင်းဖက်ထားတာကြောင့် ရုန်းလိုက်ပြီး ထွက်သွားဖို့ လုပ်ရသည်။
ဝမ်ဟောက်ရွှမ်း.. စုန့်ကျိရမ်၏ လက်ကို ပြန်ဆွဲ လိုက်တာကြောင့် အရှိန်လွန်ပြီး ရင်ခွင်ထဲ အလိုက်သင့်ပါလာ၏ ။
ဝမ်ဟောက်ရွှမ်း.. စုန့်ကျ်ရမ်ကို အိပ်ယာပေါ် လဲကျစေ၏ ။
ယခုဖြစ်နေသည့် အခြေအနေက စုန့်ကျိရမ်၏ အပေါ်တွင် ဝမ်ဟောက်ရွှမ်း အုပ်မိုးထားသည်။
" ဟေ့ကောင်...ငါ စုန့်ကျိရမ် ကွ..မင်းကောင်မလေး မဟုတ်ဘူးနော်"
ရုန်းဖို့လုပ်တော့ လက်ကောက်ဝတ်သေးသေးလေးတွေကို သူ၏ လက်နှစ်ဖက်နှင့်ချုပ်ထားသည်မို့။
" ကျိရမ်...ရှောင်ယဲ့..မဟုတ်ဘူး..မဟုတ်ဘူး..ကျိရမ်.."
ရီဝေဝေမျက်လုံးတွေနှင့် သူကြည့်လာသည်။အနိုင်ရသူလို အပြုံးကို ပန်ဆင်လျက် ကျွန်တော်နှုတ်ခမ်းနားသို့တိုးကပ်လာ၏ ။
မတတ်သာသည့်အဆုံး မျက်လုံးတွေကိုသာ ခပ်တင်းတင်း မှိတ်ထားပစ်ခဲ့ရပြီ။
" ကျိရမ်..."
ကျွန်တော်ထင်သလိုမဟုတ်ဘဲ ကျွန်တော့်နာမည်ကိုသာ တိုးတိုးလေး ဆိုကာ ကျွန်တော့်အပေါ်အုပ်မိုးလျက်ပင် ပုခုံးသားထက် ခေါင်းချကာ အိပ်ပျော်သွားချေပြီ။
" ဟူး..."
အခုမှ သက်ပြင်းနိုင်နိုင် ချရတော့၏ ။
" တကယ်မလွယ်တဲ့ကောင်ပါလား"
နေပါဦး...သူဒီကောင့်ကို သူ့အပေါ်ကနေဘယ်လိုဖယ်ရပါ့မလဲ။နှိုးလဲ နိုးမည့်ပုံမပေါ်သည့် ကိုယ့်ကိုဖိကာ ကုလားသေကုလားမော အိပ်ပျော်နေသည့်ကောင်ကို ဘာမှ ပင်မပြောချင်တော့။အားကုန်သုံး၍ ဖယ်ကာ သေချာအိပ်စေလိုက်တော့သည်။
" good night..ဟောက်ရွှမ်း!!!!"
အခန်းမီးလေးကို ပိတ်ကာ စုန့်ကျိရမ် အခြားအခန်းတစ်ခုတွင် သွားအိပ်တော့သည်။
သူထွက်သွားပြီးတော့ မျက်လုံးလေးတွေဖွင့်ကာ ကျောပြင်လေးကို ကြည့်နေတဲ့ ကောင်လေးကိုတော့ သူမမြင်ခဲ့တော့ပေ။

My Little PRINCE🍬(Completed) Where stories live. Discover now